အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် – ပါမောက္ခမျိုးကျော်မြင့်

kaiJuly 31, 20183min1822

Simple sentence လေးတွေကို adjective လေးတွေ adverb လေးတွေနဲ့ ဝေဝေဆာဆာ တန်ဆာဆင်ပြီး လှပခန့်ညားသွားအောင် ရေးလို့ရကြောင်း အရင်လက ဖေါ်ပြခဲ့ပါတယ်။ ယခုဆက်လက်ပြီး simple sentence လေးတွေကို prepositional phrase လေးတွေနဲ့ လှပအောင် တန်ဆာဆင်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။ အဓိကအားဖြင့် prepositional phrase နှစ်မျိုးနှစ်စား ရှိပါတယ်။ အချိန်ကိုပြတဲ့ phrase နဲ့နေရာကိုပြ တဲ့ phrase ရယ်လို့ နှစ်မျိုးနှစ်စား ရှိပါတယ်။ နှစ်မျိုးစလုံးကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်သူအတွက် simple sentence လေးတွေကို လှပခန့်ညားအောင် ရေးဖိုက မခက်လှပါ။ ဥပမာ-
The clever boy is having lunch with his cute girlfriend.
ဆိုတဲ့ ဝါကျလေးကို ကြည့်ကြရအောင်။ ကြိယာတစ်ခုတည်းသာပါတဲ့အတွက် simple sentence ဆိုတာ ထင်ရှားပါတယ်။ နံနက်စာ စားမယ်လို့သာဆိုထားတော့ ဘယ်နေရာမှာ စားမယ်။ ဘယ်အချိန်မှာစားမယ်လို့ မသိရ သေးဘူးပေါ့။ ဒီတော့
The clever boy is having lunch with his cute girlfriend at about 12:15 at the famous restaurant at the corner of Vine and 4th street.
လို့ prepositional phrase လေးတွေထည့်ပေးလိုက်တော့ နေရာရော၊အချိန်ပါ တိတိကျကျလေး သိသွားရတာပေါ့။ ဒီလောက်နဲ့ မကျေနပ်သေးဘူးဆိုရင် ထပ်မံ phrase လေးတွေကို သုံးပြီး ဒီကောင်လေးနဲ့ ဒီကောင်မလေး အကြောင်းထပ်မံ ဖြည့်ဆောင်းပေးနိုင်ပါတယ်။
The clever boy from New York is having lunch with his cute girlfriend from San Jose at about 12:15 at the famous restaurant at the corner of Vine and 4th street.
အထက်ပါဝါကျလေးမှာ prepositional phrase လေးတွေကို ဝေဝေဆာဆာ သုံးထားတော့ အဓိပ္ပါယ် တော်တော်လေး ပြည့်စုံနေပါတယ်။ in, on, of, at, about, from အစရှိတဲ့ prepositions လေးတွေနဲ့ စတင်ထားတဲ့ prepositional phrase လေးတွေဟာ သုံးတတ်သူများအတွက် simple sentence လေးတွေကို အဓိပ္ပါယ် ပိုမိုပြည်စုံအောင် ဖန်တီးပေးနို်င် ပါတယ်။ ဥပမာ-ဖော်ပြပါ ဝါကျလေးတွေကို လေ့လာကြပါစို့။
The old man hired the son of my friend to work at his company in London.
The ugly thief entered the empty house quietly in the middle of the night to steal valuables from the unsuspecting owners on their way to India.
– ပထမဝါကျမှာ of my friend,at his company,in London ဆိုတဲ့ phrase လေးတွေက ဒီဝါကျရဲ့ အဓိပ္ပါယ်လေးကို ပြည်ပြည်စုံစုံဖြစ်အောင် ဖန်တီးပေးထားတယ်။ အလားတူပါပဲ ဒုတိယဝါကျမှာ in the middle of the night , from the unsuspecting owners အစရှိတဲ့ phrase လေးတွေကြောင့်အဓိပ္ပါယ်ပြည့်စုံပြီး ပိုမိုလှပခန် ့ငြားနေတယ်ပေါ့။ ကဲ ဒုတိယ ဝါကျလေးကို ပြန်ပြီး လေ့လာကြည့်တဲ့အခါမှာ phrase လေးတွေ အပြင် to steal ဆိုတဲ့ စကားစုလေး ကို တွေ့မိပါလိမ့်မယ်။ ဒီစကားစုလေးကို infinitive လို့ခေါ်ပါတယ်။ infinitiveကို ဖွဲ့စည်းပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
infinitive = to+ verb base from
infinitive နဲ့ခပ်ဆင်ဆင် structure တမျိုးက gerund ဖြစ်ပါတယ်။
Gerund = Ving (used as a noun either as a subject or object)
ဒီ gerund နဲ့ infinitive ကိုလည်း simple sentence လေးတွေမှာ အသုံးများပါတယ်။ ဥပမာလေးတွေကြည်ကြရအောင်။
He plays soccer every weekend. He likes it.
ဒီဝါကျ နှစ်ခုကို infinitive လေးသုံးပြီး
He likes to play soccer every weekend.
လို့ဆိုတော့ ပိုလှသွားတာပေါ့။ အလားတူပဲ
He visits his grandparents in his spare time. He enjoys it.
ဆိုတဲ့ ဝါကျနှစ်ခုကို gerund လေးသုံးပြီး
He enjoys visiting his grandparents in his spare time.
လို့ရေးလိုက်တော့ ပိုသပ်သပ်ရပ်ရပ်လေးဖြစ်သွားတာပေါ။
့infinitive ရော gerund ပါသုံးတတ်အောင်လေ့ကျင့်ထားရင် လှပတဲ့ simple sentence လေးတွေရေးဖို့လွယ်သွားတာပေါ့။ ဥပမာ-
– She admitted taking my car without my permission.
– He decided to marry Sarah for her generous spirit and her love of travel.
– He denied breaking the window in the living room.
အထက်ပါဝါကျလေး သုံးခုမှာ taking ဆိုတဲ့ gerund နဲ့ စတဲ့စကားစုလေးရယ်။ to marry ဆိုတဲ့ infinitive နဲ့စတဲ့ စကားစုလေးရယ်။ breaking ဆိုတဲ့ gerund နဲ့ စတဲ့စကားစုလေးတွေဟာ ဝါကျလေးတွေကို ပိုမို အရည် အသွေး တက်လာစေတာ မြင်သာနေပါတယ်။
အရင်လက Adjective လေးတွေအကြောင်း အတော်အသင့် ဖော်ပြပေးခဲ့ပါတယ်။ Adjective လေးတွေ အကူအညီနဲ့ simple sentence လေးတွေကို လှပခန့်ညားအောင် ရေးသားနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် noun ရဲ့ရှေ့မှာ adjective တစ်လုံးတည်းနဲ့ သာ နမူနာလေးတွေပြခဲ့တော့ adjective ဆိုရင် တခုတည်းသာသုံးရမယ်လို့ ထင်သွားမှာစိုးရိမ်မိပါတယ်။ တကယ်တော့ noun တစ်ခုကို Adjective တခုမက၊နှစ်ခု သုံးခုထိ လို အပ်ရင် လိုအပ်သလိုတွဲပြီး သုံးလေ့ရှိပါတယ်။ ဒီလိုသုံးကြတဲ့အခါမှာ ဖေါ်ပြပါစည်းမျဉ်းစည်းကမ်းလေးတွေကိုလိုက်နာကြဖို့ လိုအပ်ပါတယ်။ ဒီစည်းမျဉ်းလေးတွေကို အလွတ်ကျက်ထားဖို့ မလိုပါ ။သိနားလည်ထားဖိုတော့လိုပါတယ်။
Opinion+ size+age+shape+color+origin+material+purpose+Noun(used as adjective)+Noun ကဲ မတူတဲ့ adjective လေးတွေကို သုံးတတ်သွားပြီဆိုရင် category တူတဲ့ adjective လေးတွေကိုလည်း သုံးတတ်ဖို့ လိုပါတယ်။ ဒီလို adjective တွေကြတော့ အစဉ်ပြေသလိုတွဲနိုင်ပါတယ်။ comma လေးနဲ့ခံပြီးသုံးဖို့သာ မမေ့ပါနဲ့။ ဥပမာ-
She is a pretty, charming, likeable young lady. She is a charming, pretty, likeable young lady.
She is a likeable, charming, pretty young lady.
ဖော်ပြပါ ဝါကျသုံးခုစလုံးမှန်ပါတယ်။ ဒီလောက်ဆို simple sentence ကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်သွားပါပြီ။ နောက်လကြမှ Compound Sentence လေးတွေအကြောင်းဆက်လက်တင်ပြပါမယ်။