နှစ်ခါနှစ်ခါ ပြောပြောနေရတဲ့အခါ

ko sixAugust 4, 20181min217611

================

လျှာသာ
ချွေးဒီးဒီးကျလာမယ်
က နိုင်သလောက် ချိုမှိုင်မှိုင်ကို ရမ်းခါနေတုန်း
ချ နိုင်သလောက် ဘမျိုးဘိုးတူကို ခင်းကျင်းနေတုန်း
ရွ နိုင်သလောက် မိမွေးတိုင်းဖမွေးတိုင်း လမ်းသလားနေတုန်း
ဖွ နိုင်သလောက် အရပ်တကာ လောကနတ်စိမ်း ဝင်နေတုန်း
သ နိုင်သလောက် ခွက်ပေါက်ကို ဖာထေးနေတုန်း
မ,နိုင်သလောက် အတ္တဟိတကို အစောတလျင် ပွေ့တင်နေတုန်း
ဝ နိုင်သလောက် ဆယ်သက်စာ ထည့်သိုနေတုန်း
ရ နိုင်သလောက် လက်တန်ကို ဆန့်ထုတ်နေတုန်း
ထ နိုင်သလောက် မီးတောက်ကို လေပင့်နေတုန်း
တကယ်ပါ
ပြောနေရတာပဲ အဖတ်တင်တယ်
အ, နိုင်သလောက်
ကိုယ့်ဂိုးကို ကန်သွင်းနေတာကိုတော့
သူ့ကိုသူ
လုံးလုံးမသိရှာဘူး။

ကိုစစ် ( ရူပဗေဒ )
4,8,2018

11 comments

    • ko six

      August 11, 2018 at 9:20 pm

      တကယ်ပြောတာပါ။
      ပြောနေရတာ မောနေပီ

  • manawphyulay

    August 14, 2018 at 10:55 am

    တို့ကတော့ နှစ်ခါပဲပြောပြော သုံးခါပဲ ပြောပြော ထပ်တော့ ပြောနေဖို့ လိုဦးမယ်ထင်တာပါပဲ….

    • ko six

      August 15, 2018 at 10:21 pm

      အဲဗျ။
      ဒီက ဝစီပိတ်ကျင့်တော့မှာ

    • ko six

      September 12, 2018 at 2:38 pm

      အာ့လိုနှပ်မှာဆို အဖော်လေးတော့ ပါပါရစေ

  • Thint Aye Yeik

    September 20, 2018 at 2:19 pm

    အပြောထက်
    အပြက ပို ထိရောက်တဲ့အခါတွေလည်း
    ရှိသမို့
    ပြောရတာ မောတဲ့အခါ
    ဘာမှ ပြောမနေဘဲ
    ပြထည့်လိုက်ဗျို့
    😆

    • ko six

      September 22, 2018 at 12:53 am

      ပြကြပါစို့လေ။
      အဲတာမှဂွကျတာပဲ။
      ပြဆိုတော့
      ရှေ့ကပြရမှာလား။နောက်ကပြရမှာလား။
      တွေးရခက်ကြီး

  • kai

    September 21, 2018 at 9:26 am

    ဒီကဗျာလေး.. လှတယ်..။
    (မိမွေးအတိုင်း) ရွမနေပေမယ့်..
    ရသတမျိုးတော့.. ထ,သား..။

    • ko six

      September 22, 2018 at 12:54 am

      ရွချင်သပဆို
      သူဂျီးလည်းရွ

  • aye.kk

    September 26, 2018 at 12:37 pm

    အခုရေးတဲ့ဒီpostလေးဖတ်ပြီးတော့
    သတိရမိပါတယ်။
    အထင်နဲ ့အမြင်
    လက်ဖမိုးဖက်ကအမြင်
    လက်ဖဝါးဘက်ကအမြင်
    တဖက်ထဲအမြင်မလုံလောက်နိုင်ဘူးထင်။
    တဖက်ထဲပြောချင်တဲ့စိတ်ကိုမျိုသိပ်ထားရတာလဲ
    ကြာခဲ့ပါပြီ၊ကြာပါပြီရှင်။

Leave a Reply