တန်းဖိုးထားမှုတွေက
အပွင့်လား
အသီးလား
အရွက်လား
အပင်လား
ဘယ်ဟာကို ပစ်မှတ်ထိနေလဲမသိရ။
ဆာလာအိတ်တစ်လုံးထဲမှာတော့
သူ့အိပ်မက်တွေကို ဖူးကားနေအောင်ထည့်သို့လို့
တောအုပ်ထဲကို လျှောက်သွားတယ်။
သင်ခန်းစာအနေနဲ့
ဝေးဝေးလံလံမှာ
ထောက်ချောက်ရှိမရှိ မတွေးနဲ့။
နီးနီးကပ်ကပ်က
ကျည်ဆံမှာသာ
ခင်ဗျားဘဝကို သတင်းထောက်နေတာ။
ယုံချင်ယုံ မယုံချင်နေ
ဖောက်မှစားလို့ရတဲ့ ကံကို
ခုပဲ ထသွားပြီး နားရွက်ကို တံတွေးစွတ်လိုက်တော့
အချိန်က
ခါးစောင်းမှာ ရေတံခွန်လို ချိတ်နေပီ ကိုယ့်လူ။

ကိုစစ် (Phys)

About ko six

ko six has written 108 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014