တို့စရာ ရှားနေပြီဖြစ်တဲ့ သက်လုံ

ko sixAugust 11, 20181min15537

တန်းဖိုးထားမှုတွေက
အပွင့်လား
အသီးလား
အရွက်လား
အပင်လား
ဘယ်ဟာကို ပစ်မှတ်ထိနေလဲမသိရ။
ဆာလာအိတ်တစ်လုံးထဲမှာတော့
သူ့အိပ်မက်တွေကို ဖူးကားနေအောင်ထည့်သို့လို့
တောအုပ်ထဲကို လျှောက်သွားတယ်။
သင်ခန်းစာအနေနဲ့
ဝေးဝေးလံလံမှာ
ထောက်ချောက်ရှိမရှိ မတွေးနဲ့။
နီးနီးကပ်ကပ်က
ကျည်ဆံမှာသာ
ခင်ဗျားဘဝကို သတင်းထောက်နေတာ။
ယုံချင်ယုံ မယုံချင်နေ
ဖောက်မှစားလို့ရတဲ့ ကံကို
ခုပဲ ထသွားပြီး နားရွက်ကို တံတွေးစွတ်လိုက်တော့
အချိန်က
ခါးစောင်းမှာ ရေတံခွန်လို ချိတ်နေပီ ကိုယ့်လူ။

ကိုစစ် (Phys)

7 comments

  • Shar Thet Man

    August 14, 2018 at 3:19 pm

    ကိုစစ်ရေလည်မိုက်

    • ko six

      August 15, 2018 at 10:20 pm

      အားရှိသွားပီ။
      ကျေးဇူးပါ

    • ko six

      September 12, 2018 at 2:39 pm

      ဟုတ်ကဲ့

  • Thint Aye Yeik

    September 20, 2018 at 1:48 pm

    အခုတလော
    ဆရာစစ် ကဗျာတွေနဲ့
    ရွာလေးလည်း ကဗျာဆန်စွာ ပြန်လည်စည်ကားလို့။

    ဖတ်ရှု ခံစားသွားပါကြောင်း

    • ko six

      September 22, 2018 at 12:56 am

      ဟုဟု။
      ကဗျာသရဲခြောက်နေတာ

  • manawphyulay

    September 26, 2018 at 4:28 pm

    မဖောက်လည်း စားနေတာပါပဲကွာ….

Leave a Reply