ချိုကြီးဖတ်ဖို့

ko sixAugust 15, 20181min17777

================
ငါ့ကို
မင်းနင်းခိုင်းခဲ့တဲ့ အောင်မြေသာစံက
လောင်ဂျီကျူ့ဘယ်လောက်
လတ်တီကျူ့ဘယ်လောက် ဆိုတာ ငါမသိဘူး။
မင်းကျွေးခဲ့တဲ့ ထမင်းကျော်က
ကယ်ရီကေချာထုံမွန်းထားတဲ့ အရသာမှန်းတော့ သိတယ်။
မင်းဧည့်ခံခဲ့တဲ့ ကျောင်ဆစ်မှုန့်တွေက
မြန်မာရနံ့လိုလိုနဲ့ အနုပညာကို အသက်ရှူကျတ်တယ်
မင်းပို့ခဲ့တဲ့ ၇၆ လမ်း ကုန်းဆင်းတစ်ခုက ဒဏ်ရာ
ခုထိ ဇစ်ပိတ်မရသေးဘူး။
မင်းတိုက်ခဲ့တဲ့ ဂေါဝန်ဆိမ်းကမ်းက
နန်းကျသွားတဲ့ ခြေသံကို ငါမူးယစ်နေတုန်း။
ဒီထက်ဆိုးတာ ပြောမယ်ကွာ
မင်းနဲ့ငါ ကြည်ညိုလွန်းတဲ့ ဘုရားကြီးကို ကျောပေး
နေ့လည်ကြောင်တောင်မှာ
ယမ်းငွေ့တွေစူးနေတဲ့သွေးက
ဒီမြို့ဟာ
ယောယုဝ ဂိတ်တံခါးလား။
ဆရာ ဝင်းသူရကိုတော့ အားနာပါရဲ့
ဆရာ့ဇာတိက
ဘီလူးမကြောက်တဲ့မြို့ဆိုတာ လက်ခုပ်တီးခဲ့ပေမယ့်
လူလူချင်း ကြောက်နေရတဲ့ပုံက
ရိုးရိုးသားသားစိတ်တွေကို
ပြောင်ပြောင်းတင်းတင်း
ဆင်ဆာ အဖြတ်ခံနေရသလိုမျိုးဆိုတော့
ဒါဟာ
ကျုံးရှိနေသေးတယ်ဆိုတဲ့ ရာဇဝင်တောင်
ဆီလို အပေါက်ရှာ လစ်မယ့်ကိန်းပဲ။
ဘုန်းရှိနေသေးတယ်ဆိုတဲ့ ကြာတစ်ပင်တောင်
ဒီလို အခေါက်ကွာ နစ်မယ့်ကိန်းပဲ။
စုန်းရှိနေသေးတယ်ဆိုတဲ့ ညာသလင်ညောင်
ဗီတို အရောက်လာ ထစ်မယ့်ကိန်းပဲ။
ဟုတ်တယ်
မင်းရှိနေသေးလို့သာပေါ့
မဟုတ်ရင်
ဒီမြို့ကို တရုတ်နိုင်ငံ အလယ်တည့်တည့်မှာလို့
ထင်နေတော့မှာ။

ကိုစစ် (Phys)
own new poem.

7 comments

  • Shar Thet Man

    August 16, 2018 at 5:04 pm

    မို်က်တယ်ကွာ..

    • ko six

      August 16, 2018 at 11:41 pm

      ဟုတ်ကဲ့ပါ

  • manawphyulay

    August 20, 2018 at 12:04 pm

    ချိုကြီးဖတ်ဖို့ဆိုလို့ … ဒါပေမယ့်
    မနောကတော့ ဖတ်သွားပြီ…

    • ko six

      September 12, 2018 at 2:34 pm

      ဟုတ်ဟုတ်

  • Thint Aye Yeik

    September 20, 2018 at 2:23 pm

    ”ဟုတ်တယ်
    မင်းရှိနေသေးလို့သာပေါ့
    မဟုတ်ရင်
    ဒီမြို့ကို တရုတ်နိုင်ငံ အလယ်တည့်တည့်မှာလို့
    ထင်နေတော့မှာ။”

    ————-

    ဒို့ဆရာစစ်တစ်ယောက်
    မန်းလေးမြို့ကို ရောက်ခဲ့တာပဲ ဖြစ်ရမယ်
    😆

    • ko six

      September 22, 2018 at 12:51 am

      ဒေါ်လာဈေးတက်ပီး
      ကျည်ဆံဈေးက ကျနေတာနဲ့ မန်းလေးသွားဝယ်လိုက်တာလေ

Leave a Reply