ရင်မဆိုင်ပါရစေနဲ့

အားငယ်စိတ်တွေကို……

လက်မခံပါရစေနဲ့

တိုးဝင်လာမယ့်အားနည်းချက်တွေကို…….

ပြုံးနေပေမယ့်

အားနာမယ့်သူမဟုတ်ပါ……….

ကျရှုံးမှုမျက်ရည်တွေကို လက်မခံတာ

မာနကြီးသူရဲ့ ပြယုဂ်တစ်ခုမဟုတ်ပါ…………

လိုတရဘ၀မဟုတ်ခဲ့ပါ

နောက်တလှမ်းဆုတ်လိုက်ရင်

အသူရာချောက်ကမ်းပါးက ဆီးကြိုနေတဲ့သူပါ…….

တကယ်တော့

ရဲရင့်ပြတ်သားတဲ့သူ မဟုတ်သလို

တွေဝေမိန်းမောနေတတ်သူလဲ မလုပ်လိုပါဘူး

“ဘ၀အမော” တွေကိုရင်ဆိုင်ဖို့

တည်ငြိမ်ရင့်ကျက်မှုဆိုတဲ့

အတောင်ပံတစ်စုံ ကို ရချင်နေတဲ့သူပါ……………….။

About la won nge

la won nge has written 4 post in this Website..