ဖေ့ဘုတ်ကိုစိတ်ကုန်ပြီမို့ ရွာသားတွေဆီ ဥဥပြန်လာမယ်

zaw linAugust 27, 20181min4556

တပ်မတော်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချ
•••••••••••••••••••••••••••••••••••••••••
တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး Page၊ Senior General Min Aung Hlaing Page နှင်​့ မြဝတီ သတင်​း Page တို့အား Facebook Team မှ ဖျက်​သိမ်​းခဲ့မှုကို ကန်​့ကွက်​​ကြောင်​း သ​ဘောထား ထုတ်​ပြန်​ခြင်​း

၁။တပ်​မ​တော်​ ကာကွယ်​​ရေးဦးစီးချုပ်​ရုံး Page၊Senior General Min Aung Hlaing Page နှင်​့ မြဝတီ သတင်​း Page တို့သည်​ နိုင်​ငံ​တော်​လုံခြုံ​ရေးနှင်​့ ကာကွယ်​​ရေး သတင်​းများ၊သတင်​းမှန်​ပြန်​ကြားခြင်​းများ၊တပ်​မ​တော်​၏ ​လှုပ်​ရှား​ဆောင်​ရွက်​မှုများ နှင်​့ သဘာဝ​ဘေးအန္တရာယ်​ ကျ​ရောက်​သည်​့အချိန်​တွင်​ တပ်​မ​တော်​ က ပါဝင်​ကူညီကယ်​ဆယ်​ ​ဆောင်​ရွက်​မှုများအား ​ဖော်​ပြ​ပေးလျက်​ရှိသည်​့ Page များသာ ဖြစ်​ပါသည်​။

၂။Facebook Team မှ စွပ်​စွဲထားသလို အမုန်​းစကားများ ပြန်​့ပွား​ရေးအတွက်​ ​ဆောင်​ရွက်​ခြင်​းများ မရှိခဲ့ပါ။တပ်​မ​တော်​၏ လှုပ်​ရှား​ဆောင်​ရွက်​မှုများကို နိုင်​ငံသားများ သိရှိနိုင်​​စေရန်​အတွက်​သာ ​ဖော်​ပြ​ပေးလျက်​ရှိပါသည်​။

၃။သို့​သော်​လည်​း ယ​နေ့ ၂၇.၈.၂၀၁၈ ရက်​​နေ့ ၊ ​နေ့လည်​ပိုင်​းတွင် ​​ဖော်​ပြပါ တပ်​မ​တော်​၏ Page များ ကို Facebook Team မှ ၄င်​းတို့၏ စံနှုန်​းများနှင်​့ မကိုက်​ညီသည်​ကို အ​ကြောင်​းပြ၍ ဖြုတ်​ချခဲ့ပါသည်​။ဖြုတ်​ချခဲ့သည်​့ Page များမှာလည်​း မြန်​မာ့တပ်​မ​တော်​ တစ်​ရပ်​လုံးကို ကိုယ်​စားပြုထားသည်​့ Page များသာ ဖြစ်​ပါသည်​။

၄။မြန်​မာ့တပ်​မ​တော်​သည်​ ထုတ်​ပြန်​ထားသည်​့ အမိန်​့နှင်​့ညွှန်​ကြားချက်​များ၊ဥပ​ဒေများ၊ကျင်​့ဝတ်​များကို ​စောင်​့ထိန်​းလိုက်နာ၍ နိုင်​ငံ​တော်​ကာကွယ်​​ရေးနှင်​့ လုံခြုံ​ရေးကို ​​စောင်​့​ရှောက်​ကာကွယ်​​နေသည်​့ တစ်​ခုတည်​း​သော အဖွဲ့အစည်​း ဖြစ်​ပါသည်​။

၅။သို့ဖြစ်​ပါ၍ တပ်​မ​တော်​ ကာကွယ်​​ရေးဦးစီးချုပ်​ရုံး Page၊Senior General Min Aung Hlaing Page နှင်​့ မြဝတီ သတင်​း Page တို့အား Facebook Team မှ တစ်​ဖက်​သက်​အ​ကြောင်​းပြချက်​ဖြင်​့ ဖြုတ်​ချ ခဲ့ခြင်​း​အ​ပေါ် ပြင်​းထန်​စွာ ကန်​့ကွက်​ရှုတ်​ချပါ​ကြောင်​း သ​ဘောထား ထုတ်​ပြန်​ ​ကြေငြာအပ်​ပါသည်​။

Credit – ​ရွှေညာသားသတင်​းမီဒီယာPage

6 comments

  • Shar Thet Man

    August 28, 2018 at 1:30 pm

    ခေါင်းစဉ်နဲ့ စာသားတွေလည်းမလိုက်

  • zaw lin

    August 31, 2018 at 8:14 pm

    အင်ပေါ့မောင်လေးရယ်

  • Thint Aye Yeik

    September 2, 2018 at 10:00 pm

    ဥဥ မအလကြီးလည်း FB တို့ဘာတို့က
    လက်မခံတော့ဘူးဆိုတော့
    ယောင်တောင်ပေါင်တောင်နဲ့
    ဂဇက်ရွာထဲ ရောက်လာအုန်းမယ်
    :k:

  • manawphyulay

    September 26, 2018 at 4:39 pm

    ပြောလို့တော့ မရဘူး။ ရောက်ရင် ရောက်လာနိုင်တယ်။ နာမည်တစ်မျိုးပြောင်းပြီ…

  • ဦး လေး မန်း

    October 18, 2018 at 11:58 pm

    ရွာထဲဝင်ရတာဖွဘုတ်ဝင်ရသလိုဝင်လို့ရရင်ကောင်းမယ်၊အဝိုင်းလည်တာစောင့်ရတာကိုပြောတာနော်၊

Leave a Reply