#စာအုပ်​သူခိုး
မူရင်း စာအုပ်အမည် – The Book Thief
မူရင်း စာရေးသူအမည် – Markus Zusak
ဘာသာပြန် စာအုပ်အမည် – စာအုပ်သူခိုး
ဘာသာပြန်သူအမည် – ရာပြည့်
ထုတ်ဝေသည့် စာပေ – မဟာစာပေတိုက်
ထုတ်ဝေသည့် ခုနှစ် – 2017 ခုနှစ် အောက်တိုဘာလ
စာအုပ်တန်ဘိုး – 6500 ကျပ်
စာမျက်နှာ – 654
@@@@@@@@@@@@@@
ဩစတြေးလျ နိုင်ငံသား “Markus Zusak” ရေးတဲ့ “The Book Thief” ဆိုတဲ့
စာအုပ်ဟာ အရောင်းရဆုံး စာအုပ်စာရင်း ဝင်ခဲ့သလို ဘာသာစကားပေါင်း ၃၀
ကျော်နဲ့လည်း ဘာသာပြန်ထုတ်ဝေထားတဲ့ စာအုပ်လို့ ဆိုပါတယ်။
ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးထားပြီး အောင်မြင်မှု ရရှိပါသတဲ့…။
ဒီစာအုပ်ကို ဆရာ “ရာပြည့်”က ဘာသာပြန်ပြီး “စာအုပ်သူခိုး”လို့
အမည်ပေးထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနိုင်ငံ
မြို့ငယ်လေးတစ်မြို့ရဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုက စာအုပ်တွေကို
ချစ်ခင်မြတ်နိုးတဲ့ ကလေးမလေးတစ်ယောက်အကြောင်းကို ရေးဖွဲ့ထားတယ်လို့ပဲ
အကြမ်းဖျင်းဆိုကြပါစို့။ သို့သော် တကယ်တမ်းက ဇာတ်လမ်းဟာ
ဒီထက်ပိုတယ်ဆိုတာတော့ အသေအချာပါ။
ဆရာ ရာပြည့်ရဲ့ ဘာသာပြန်စာအုပ်တွေဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ဆရာ “ရာပြည့်”ဘာသာပြန်တဲ့ “No Hero ” ဆိုတဲ့ စာအုပ်ကိုသာ ဖတ်ဘူးတယ်ဆိုတာ အရင်ဆုံး
ဝန်ခံပါရစေ။
“စာအုပ်သူခိုး” စာအုပ်လေးရဲ့ အစမှာ သေဆုံးခြင်းအကြောင်းတွေနဲ့
အစပြုထားလို့ ဒီဇာတ်လမ်းကို ပြောပြနေသူဟာ သုဘရာဇာတစ်ယောက်လားလို့
ထင်မှတ်မိပါတယ်။ သို့သော် ဒီဇာတ်လမ်းကို စီကာပတ်ကုံး ပြောပြနေသူက
“သေမင်း”ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ဖတ်ရတာ ကျောနည်းနည်းတော့
ချမ်းသွားရတာပေါ့။ ကျွန်တော်တို့တွေရဲ့ ရှင်သန်မှုတွေကို နှုတ်ယူနေတဲ့
“သေမင်း”က ဒီဇာတ်လမ်းကို ပြောပြနေတာလေ။ “သေမင်း”ရဲ့ အဘိဓာန်လို့ ပြောမလား
သေမင်းရဲ့ စကားလုံးလို့ ခေါ်မလား တစ်ကြောင်းလောက် ဖတ်ကြည့်ကြရအောင်
“အဲ့ဒီအကြောင်းအရာက ခင်ဗျားကို တွေးပူစရာ ဖြစ်စေပါသလား။ ဒါကိ်ု
မကြောက်နဲ့လို့ ကျုပ်က တိုက်တွန်းပါတယ်… ကျုပ်က မတရားတာဆို ဘာမှ
မလုပ်ပါဘူး” တဲ့…။ သေချာတာပေါ့ … သေမင်းဆိုတာ မတရားတာ
ဘယ်လုပ်ပါ့မလဲဗျာ…။
@@@@@@@@@@@@@@@@@@
“သေမင်း”ဟာ သူ့ရဲ့ အတွေ့အကြုံတွေမြောက်များစွာထဲက စာအုပ်သူခိုးမလေး
“လစ်ဇာမာမင်ဂါ”ရဲ့ မိသားစုအကြောင်းလေးကို အရင်စပြောပါတယ်။ သမီးနဲ့
သားဖြစ်သူကို မွေးစားမဲ့ မိဘတွေဆီကို ပေးဖို့ မီးရထားစီးလာကြတဲ့
“လစ်ဇာ”တို့ မိသားစု ရထားပေါ်မှာ “လစ်ဇာ”ရဲ့ မောင်လေး ကွယ်လွန်းသွားလို့
ဘူတာတစ်ခုမှာ ဆင်းပြီး သင်္ဂြ ိုဟ်ကြတယ်။ သုဘရာဇာ နှစ်ယောက်အနက် အသက်ငယ်တဲ့
သုဘရာဇာလေးတစ်ယောက်က စာအုပ်လေးတစ်အုပ် ကျကျန်ခဲ့ စာအုပ်လေးကို “လစ်ဇာ”က
ယူထားလိုက်ပါတယ်။ စာအုပ်နာမည်လေးက “သုဘရာဇာ လက်စွဲ”တဲ့။ အဲ့ဒီအချိန်က
“လစ်ဇာ”ဟာ စာအုပ်ကို စာအုပ်မှန်းတော့ သိပေမဲ့ စာရေးတတ်ဖတ်တတ်သူ
တစ်ဦးတော့ မဟုတ်သေးပါဘူး။ “လစ်ဇာ”မှာ စာအုပ်ပေါင်း ဆယ်လေးအုပ်
ရှိပါသတဲ့။
@@@@@@@@@@@@@@@@@@@@@@@@@
“လစ်ဇာ”ဟာ မွေးစားမိတွေ နေထိုင်ရာ ဂျာမနီနိုင်ငံ၊ မိုလ်ခင်မြို့
၊ဟင်းမားလ်လမ်းလေးက အိမ်လေးတစ်အိမ်ကို ရောက်ရှိခဲ့တာပေါ့။
သူ့မွေးစားမိဘတွေရဲ့ အကြောင်းကို “သေမင်း”က အခုလို ပြောပြထားပါတယ်။
“သူက ဆေးလိပ်သောက်ရတာကို သဘောကျတယ်။ စီးကရက်ကို
စွဲစွဲမြဲမြဲသောက်ဖြစ်ရတဲ့ အဓိကအကြောင်းက ကိုယ်တိုင်လိပ်သောက်လို့ပဲ။
သူကအိမ်ဆေးသုတ်သမားတစ်ယောက် အကော်ဒီယံလည်း တီးတတ်တယ်။
ဆောင်းတွင်းရာသီဆိုရင် မိုလ်ခင်မြို့ထဲက ဘီယာဆိုင်တွေမှာ
အကော်ဒီယံလိုက်တီးပြီး အပိုဝင်ငွေ နည်းနည်းရှာတတ်တယ်လေ”
လစ်ဇာရဲ့ မွေးစားအဖေနာမည်က “ဟန်းစ်ဟယူးဘားမန်း” ဖြစ်ပြီး
မွေးစားအမေနာမည်ကတော့ “ရိုဇာဟယူးဘားမန်း” ပါတဲ့။
ရိုဇာအကြောင်းကိုတော့ ….. ” ရိုဇာက အရပ် ငါးပေတစ်လက်မလောက်မြင့်တယ်။
သူ့ရဲ့ ပျော့ပြောင်းပြီး အညိုရောင်သန်းနေတဲ့ မီးခိုးရောင် ဆံပင်တွေကို
ရစ်ခွေပြီး နောက်မှာ ထုံးထားတယ်။ မိသားစု အပိုဝင်ငွေ ပိုပြီးရဖို့အတွက်
ရိုဇာဟာ မိုလ်ခင်မြို့ထဲက သူဋ္ဌေးအိမ် ငါးအိမ်လောက်မှာ အဝတ်လျှော်
မီးပူတိုက်လုပ်ရတယ်” လို့ ပြောပြထားပါတယ်။
@@@@@@@@@@@@@@@@@@
မွေးစားမိဘတွေအိမ်မှာမှ “လစ်ဇာ” ဟာ သာသနာပြုကျောင်းတစ်ခုမှာ
စာပေသင်ကြားခဲ့ရတာပေါ့။ “လစ်ဇာ”ဟာ ညတိုင်းလိုလို အိပ်မက်ဆိုးတွေမက်ပြီး
လန့်လန့်နိုးတတ်တာမို့ မွေးစားအဖေဖြစ်သူ လာလာပြီး ချော့သိပ်တတ်ပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာ “လစ်ဇာ”ရဲ့ စာအုပ်ကို တွေ့သွားပြီး သားအဖနှစ်ယောက်
ညစဉ်ညတိုင်းနဲ့ အားလပ်တဲ့ အချိန်တွေမှာ “သုဘရာဇာ လက်စွဲ” စာအုပ်ကို
ဖတ်ကြပါတော့တယ်။
သူတို့သားအဖ စာဖတ်ကြပုံကလည်း စိတ်ဝင်စားစရာ… “လစ်ဇာ”က စာအုပ်ဖတ်ပြီး
နားမလည်တာတွေကို အဖေ့ဖြစ်သူကို မေး… အဖေဖြစ်သူက ပြန်ရှင်းပြ…
ပြီးတော့ မြေအောက်ခန်းလေးထဲက နံရံတွေပေါ်မှာ စာတွေရေးကျင့်ကြနဲ့မို့….
ပေါ့ပါးလွတ်လပ်ပြီး ကြည်နူးစရာ ကောင်းနေတာပေါ့။
ခရစ္စမတ်လက်ဆောင်အဖြစ် “လစ်ဇာ” ရဲ့ မွေးစားမိဘတွေက “လစ်ဇာ”ကို
စာအုပ်နှစ်အုပ်လက်ဆောင် ပေးပါတယ်။ “မက်သယူးစ်အော်တယ်လ်ဘာ့ဂ်” ရဲ့
“ခွေးလိမ္မာလေး ဖောက်စ်” ဆိုတဲ့ စာအုပ်နဲ့ “အင်ဂရစ်ရစ်ပင်ရှတိုင်း” ရေးတဲ့
“မီးပြတိုက်” ဆိုတဲ့ စာအုပ်တွေပါပဲ။ စာဖတ်တတ်ပြီး စာအုပ်တွေဖတ်ရင်းနဲ့
“လစ်ဇာ” ဆိုတဲ့ ကလေးမဟာ စာအုပ်တွေကို တော်တော်ချစ်ခင်နှစ်သက်လာပုံရပါတယ်။
စာမဖတ်ရရင် မနေနိုင်တဲ့ ကလေးမလေး တစ်ယောက်….
စာအုပ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ ခေတ်ကြီးမှာ စာအုပ်တွေကို
မြတ်နိုးသူတစ်ယောက်အတွက် စာအုပ်ဆိုင်ဆိုတာ မရှိနိုင်သလို စာအုပ်ဝယ်ဖို့
ပိုက်ဆံဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ သူရဲ့ မွေးစားမိဘတွေက ဆေးသုတ်သမားနဲ့
အဝတ်အစားလျှော်တဲ့သူတွေလေ…။ ဒီတော့ စာအုပ်ရှိတဲ့နေရာတွေကနေ စာအုပ်ကို
ခိုးယူရပြီပေါ့။ ဒါကို “လစ်ဇာ”က ခိုးယူမှုလို့ မယူဆခဲ့လောက်ပါဘူး။
@@@@@@@@@@@@@@@@@@@@@@@@@@
“လစ်ဇာ” မှာ “ရူဒီ” ဆိုတဲ့ သူငယ်ချင်း ကောင်လေးတစ်ယောက်ရှိတယ်။ “လစ်ဇာ”
အပေါ် ကောင်းလွန်းတဲ့ သူငယ်ချင်းလေးဆိုပါတော့။ သူက “လစ်ဇာ”ကိုလည်း
ကြွေနေသေးတာ…။ တစ်နေ့မှာ “လစ်ဇာ” ကို အနမ်းပေးရမယ်ဆိုတဲ့
မျှော်လင့်ချက်လည်း အသေအချာ ရှိနေခဲ့တဲ့ လူငယ်လေးတစ်ယောက်ပေါ့။
@@@@@@@@@@@@@@@@
“လစ်ဇာ”ရဲ့ ဘဝမှာ နောက်ထပ်အရေးပါသူတစ်ဦးက ဂျူးလူမျိုး
“မက်စ်ဖန်ဒင်ဘာဂ်”….. ဂျာမနီနိုင်ငံမှာ “ဟစ်တလာ” အာဏာရခဲ့ချိန်က
ဂျူးခြောက်သန်းလောက်ကို သတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ “ဟစ်တလာ”ရဲ့
ဖမ်းဆီးမှုက လွတ်မြောက်ရာ ရှာဖွေရင်း “လစ်ဇာ” တို့အိမ်ကို ရောက်လာတဲ့
ဂျူးတစ်ယောက်ပေါ့။ သူ့မှာ ပါလာတဲ့ စာအုပ်က “အဒေါ့ဖ်ဟစ်တလာ”ရေးတဲ့
“မိုင်ကမ့်ဖ်” (ကျွန်ုပ်၏ ရုန်းကန်လှုပ်ရှားမှုများ) တဲ့။
“မက်စ်ဖန်ဒင်ဘာဂ်” ဟာ “လစ်ဇာ” အတွက် တကယ့်ကို အဖော်ကောင်း
တစ်ဦးဖြစ်ခဲ့တယ်ဆိုတာတော့ သေချာတဲ့ အမှန်တရားပါ။ “မက်စ်” ဟာ “လစ်ဇာ”
အတွက် သရုပ်ဖော်ပုံတွေပါတဲ့ စာအုပ်လေးကို လက်ဆောင်ပေးခဲ့ပါတယ်။ သူ့ရဲ့
စကားလုံးတွေကို နည်းနည်းလောက် မြည်းစမ်းကြည့်ပါ။
“ဝါ့ဒ်ရှိတ်ကာမိန်းကလေးနဲ့ သစ်ခုတ်သမားလူငယ်တို့က
မြေပြင်ပေါ်တုံးလုံးလဲကျနေတဲ့ သစ်ပင်ကြီးပေါ် တက်လိုက်ကြတယ်။သူတို့က
သစ်ကိုင်းတွေ လမ်းညွှန်ရာအတိုင်း စပြီးလျှောက်လာကြတယ်။ နောက်ဘက် ကို
ပြန်လှည့်ကြည့်တော့ အခုနက လာကြည့်နေကြတဲ့သူအားလုံးနီးပါးလောက်ဟာ
ကိုယ့်နေရာကိုယ် ပြန်ကုန်ကြတာတွေ့တယ်။ သစ်တောအုပ်ထဲ ဝင်တဲ့လူကဝင်
ထွက်တဲ့သူက ထွက်နဲ့ပေါ့။”
ဂျာမနီ နိုင်ငံမှာ “ဟစ်တလာ” အာဏာရလာချိန်မှာ ဂျူးလူမျိုးတစ်ယောက်ကို
လက်ခံထားခြင်းဟာ ကြီးလေးတဲ့ ပြစ်မှုတစ်ခုပေါ့။
@@@@@@@@@@@@@@@@@@@@@@@@@@@
“လစ်ဇာ” အတွက် နောက်ထပ်အရေးပါတဲ့ မိတ်ဆွေတစ်ဦးကတော့ မြို့တော်ဝန်ကတော်
“မစ္စစ်ဟယ်ရ်မန်း”ပါ။ သားဖြစ်သူ ဆုံးသွားတဲ့အတွက်
ကြေကွဲဝမ်းနည်းလွမ်းဆွတ်မှုတွေအပြည့်နဲ့ ရှင်သန်နေသူလို့
ဆိုရပါလိမ့်မယ်။ပြီးတော့ စာအုပ်တွေ အများအပြားသိုလှောင်ထားတဲ့
စာကြည့်ခန်းကြီးတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးတာလေ။ စာအုပ်တွေကို
မွတ်သိပ်စွာ ချစ်ခင်တဲ့ “လစ်ဇာ”လေးအတွက်တော့ ရတနာပုံကြီး
ရှိတဲ့နေရာတစ်ခုပေါ့။ မြို့တော်ဝန်ကတော်ကပဲ “လစ်ဇာ”အတွက် ဖတ်ဖို့
စာအုပ်တွေ ပေးသလို “လစ်ဇာ” စာအုပ်တွေကို ခိုးယူနေတာ သိသိကြီးနဲ့
ခွင့်လွှတ်ပေးခဲ့သူပါ။ “လစ်ဇာ” က ရေးပေးထားတဲ့ စာလေးတစ်စောင်ကို ဖတ်ပြီး
စာရေးဖြစ်ဖို့အတွက် ရေးစာအုပ်ကြီး တစ်အုပ်ကို ပေးခဲ့တာလည်း
မြို့တော်ဝန်ကတော်ပါပဲ…။
“လစ်ဇာ” ဟာ မြို့တော်ဝန်ပေးတဲ့ စာအုပ်ထဲမှာ စာမျက်နှာပေါင်း
တစ်ရာကျော်ကို ရေးဖွဲ့ထားခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီစာအုပ်ဟာ သေမင်းလက်ထဲကို
ရောက်ရှိသွားခဲ့ပါတယ်။
@@@@@@@@@@@@@@@@@@@@@@@@@
ဒီစာအုပ်ဟာ “စာအုပ်သူခိုး”လို့ အမည်ပေးထားခဲ့ပေမဲ့
စာအုပ်တွေခိုးယူခြင်းအကြောင်းကို အဓိက ပြောလိုရင်း ဟုတ်ဟန်မတူပါဘူး။
အဓိကပြောချင်တာက လူမျိုးရေး ခွဲခြားမှုတွေအကြောင်း၊ စနစ်တစ်ခုအကြောင်း၊
စစ်ရဲ့ ဆိုးကျိုးတွေအကြောင်း လို့ ထင်မှတ်မိပါတယ်။ ဘာလို့လည်းဆိုတော့
ဇာတ်ကြောင်းပြောသူ သေမင်းက ” စစ်ပွဲဆိုတာ သေခြင်းတရားရဲ့
အကောင်းဆုံးမိတ်ဆွေလို့ လူတွေက ပြောကြတယ်။ ဒါပေမဲ့ ဒီစကားနဲ့ ပတ်သက်ပြီး
ကျုပ်က ခင်ဗျားကို ကွဲပြားတဲ့ အမြင်တစ်ခု ပြောပြမယ်။ ကျုပ်အတွက်တော့
စစ်ပွဲဆိုတာ မဖြစ်နိုင်တာကို မျှော်လင့်တဲ့ အလုပ်ရှင်အသစ်ပဲ။ သူက ခင်ဗျား
ပခုံးပေါ် တက်ရပ်ပြီး စကားတစ်ခွန်းတည်းကိုပဲ ထပ်တလဲလဲ
ပြောနေမှာ။”ပြီးအောင်လုပ်။ ဒါကိ်ုပြီးအောင်လုပ်”လို့ပေါ့။ ဒီတော့ ခင်ဗျား
အလုပ်ကို ပိုပြီး ကြိုးစားလုပ်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီသူဋ္ဌေးကတော့
ခင်ဗျားကို ကျေးဇူးတင်မှာ မဟုတ်ဘူး။ သူက ထပ်ပြီး ခိုင်းဦးမှာ။”ပဲလို့
ပြောဆိုထားတာလေး ဖတ်ရပါတယ်။ ဒီနည်းတူ လူမျိုးရေး ခွဲခြားမှု၊ စစ်ပွဲ၊
ဆင်းရဲမွဲတေမှုတွေက “လစ်ဇာ”လေးကို ချစ်ခင်မြတ်နိုးသူတွေနဲ့
သေခွဲခွဲပစ်ခဲ့ပါတယ်။
@@@@@@@@@@@@@@@@@@@@@@
စာအုပ်လေးရဲ့ အဆုံးမှာ မူရင်းရေးသားသူက ဒီဇာတ်လမ်းလေးကို ဖန်တီးရပုံတွေ
စဉ်းစားတွေးခေါ်ရပုံတွေကိုလည်း ထည့်ပေးထားပါသေးတယ်။
“စာအုပ်သူခိုး” ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီး နင့်နင့်နဲနဲ ခံစားရပြီး ”
လစ်ဇာရေ…. ဆင်းရဲ့မွဲတေမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ စစ်ပွဲတွေ
ကင်းတဲ့အရပ်မှာ မင်းချစ်ခင်မြတ်နိုးတဲ့ စာအုပ်တွေကို ငြိမ်သက်အေးချမ်းစွာ
ဖတ်နေနိုင်ပါစေ…..။”လို့ပဲ ဆုတောင်းပွဲတွေ ပြည့်နေတဲ့ ၊ အရပ်မှာ
ရှင်သန်နေတဲ့၊စေ…..။”လို့ပဲ ဆုတောင်းပွဲတွေ ပြည့်နေတဲ့ ၊ အရပ်မှာ
ရှင်သန်နေတဲ့၊စာမဖတ်ကြတဲ့ လူတွေပေါများတဲ့၊
တိုင်းပြည်မှာ အသက်ရှင်နေတဲ့ လူတစ်ယောက်က ဆုတွေတောင်းနေမိတာပါပဲ။
ဒီစာအုပ်ကိုဖတ်မယ်ဆိုရင် တစ်ထိုင်တည်း မဖတ်ပါနဲ့။ နည်းနည်းခြင်းစီ ဖတ်ပါ။ တစ်ခါဖတ် ဆယ်မျက်နှာ နှုန်းလောက်ပေါ့။ အစပိုင်းမှာ စကားလုံးတွေက ဆွဲဆောင်မှု ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ဖတ်ဖြစ်အောင် ဖတ်ပါ။ ဇာတ်ကောင်တွေရဲ့ နာမည်တွေကို စာရွက်လွတ်တစ်ခုပေါ်မှာ ချရေးပြီး ဖတ်မယ်ဆိုရင်တော့ ပိုကောင်းပါလိမ့်မယ်။ စာအုပ်တစ်ဝက်ကျိုးချိန်မှာတော့ ခင်ဗျားဟာ စကားလုံးတွေရဲ့ ဆွဲခေါ်ရာကို မျှောပါသွားရမှာ အသေအချာပါပဲ။ ဖတ်လို့ပြီးဆုံးသွားချိန်မှာ ခံစားမှုတစ်ခုခု အတွေးတစ်ခုခုက ခင်ဗျားရင်ထဲမှာ ကျန်ကောင်း ကျန်နေပါလိမ့်မယ်။ စာအုပ်အဆုံးမှာပါတဲ့ မူရင်းစာရေးဆရာရဲ့ မှာတမ်းလေးကိုလည်း ဖတ်ဖို့ မမေ့စေချင်ပါဘူး။ ဒီစာအုပ်ရဲ့ ဈေးနှုန်းဟာ ၆၅၀ဝ ကျပ်မို့ ဈေးများကောင်း များမယ်လို့ ခင်ဗျား ယူဆပါလိမ့်မယ်။ သို့သော်… စာအုပ်ပြီးဆုံးသွားချိန်မှာတော့ ၆၅၀ဝ ထက်မကအောင် တန်ဘိုးရှိတဲ့ အရာတွေကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်လိမ့်မယ်ဆိုတာတော့ မြေကြီး လက်ခတ်မလွဲဘူးဆိုတာပါပဲ။
သို့သော်…. “လူတစ်ကိုယ် အကြိုက်တစ်မျိုး” ဆိုတာမို့ ဖတ်ပြီး မကြိုက်ခဲ့ဘူးဆိုလျှင်တော့ အညွှန်းရေးမိသူ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း ရိုးသားစွာ ဝန်ခံပါရစေ….။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ…..
ထွန်းဝင်းလတ်

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။