အမျိုးသားဒီမိုကရေစီ အဖွဲ ့ချုပ် ၏ ရွေးကောက်ပွဲ ဝင်ရေး / မဝင်ရေး အစည်းအဝေး တိုက်ရိုက်သတင်း ( Live )

koaungMarch 29, 20101min1547

ရန်ကုန် မြို ့ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် စစ်အစိုးရ၏ ၂၀၁ဝ ရွေးကောက်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင် နိုင်ရေး အတွက် ပါတီ မှတ် ပုံ တင် မည် (သို ့မဟုတ် ) မတင်ဘူး ဆိုသည် ကို စတင်စည်းဝေး နေကြပြီ ဖြစ်ပါသည်။ပြည်တွင်း /ပြည်ပ မီဒီယာ(နိုင်ငံခြားသတင်း ဌာန) များ လုံထိန်း နှင့် အရပ် ဝတ်ထောက်လှမ်းရေးများအဖွဲ ့ချုပ် ရုံး အနီးရောက်ရှိနေပါသည်။

ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သဘောထားဘက်မှ ဦးဝင်းတင် နှင့် ရှေ ့နေ ဦးဉာဏ်ဝင်း တို ့အပါအဝင် မြို ့နယ် ပါတီအဖွဲ ့ဝင်များ လူငယ်များရှိပါသည်။

ဦးခင်မောင်ဆွေ နှင့် ဦးအောင်ရွှေ မှ ပါတီ မှတ်ပုံတင်ရေး အတွက် မေတာ္တရပ်ခံဆွေးနွေးနေပြီ ဖြစ်ပါသည်။

ဦးဉာဏ်ဝင်းမှ မဲခွဲ ရင် ပါတီ မှတ်ပုံမတင် ရေး ရလာဒ်ဘက် က အဖြေထွက် လာမယ် လို ့မျှော်လင့်ပါတယ် ဟု ပြောပါသည်။

ဦးခင်မောင်ဆွေ မှ “We should keep the NLD party,”ဟု ပြောသည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ ့ဝင်များ အပါအဝင် ပါတီ ခေါင်းဆောင် ၁၀ဝ ကျော် စုံညီ စည်းဝေး၍ အကြိတ်အနယဆက်လက်ဆွေးနွေးနေလျက်ရှိပါသည်။

( ၂၉.၃.၂၀၁၀  ၁၁:၂ဝ အချိန် ) ရုံးချုပ်အတွင်းမှ  အခြေအနေ တော့ မသိရသေးပါ ။ပါတီဝင် တစ်ဦးမှ ဝင်ရေး ဘက်က အားကောင်းသည် ဟု ပြောသည်။
အစည်း အဝေး မစခင် တွင် မှတ်ပုံတင်ရေး ဘက်က အနိုင်ရရှိပါက ဦးဝင်းတင် သည် အုတ်လမ်း ရုံးချုပ် သို ့ယနေ ့နောက်ဆုံးလာ ခြင်း ဖြစ်မည် ဟု ပြောသွားသည် ဟု ဆိုသည်။

( ၂၉.၃.၁ဝ မြန်မာစံတော်ချိန် ၁၁:၂၅ အချိန်) ပါတီ မှတ် ပုံတင်လျှင် ၁၉၉ဝ ရွေးကောက်ပွဲ ရလာဒ် ကိုသာ အသိအမှတ်ပြုသည့် လူငယ် နှင့် အမျိုး သမီး အဖွဲ ့ဝင်အချို ့နှင့် မှတ်ပုံတင်ရေး ဘက်က ရပ်ခံ သည့် ပါတီ ခေါင်းဆောင် အချို ့ရုတ်ရင်း ဆန်ခတ် ဖြစ်ဖွယ်ရှိ (လူငယ်များက အနီးရှိ လဖက်ရည် ဆိုင် များ မှ စောင့် နေကြသည် )

( ၂၉.၃.၁ဝ မြန်မာစံတော်ချိန် ၁၁:၅ဝ အချိန်) အစည်းအဝေး ခေတ္တ နားပါသည်။

( ၂၉.၃.၁ဝ မြန်မာစံတော်ချိန် ၁၂:၁၅ အချိန်) လူငယ်အချို့ နှင့် အမျိုးသမီးအဖွဲ့ဝင်များက ဗဟန်းကြားတောရလမ်းဘက်တွင် စုရုံးစောင့်ဆိုင်းနေကြသည်။

( ၂၉.၃.၁ဝ မြန်မာစံတော်ချိန် ၁၂:၂ဝ အချိန်) လုံခြုံရေးရဲကားများ ဆင့်ကာ ဆင့်ကာ ရောက်ရှိလာပါသည်။

( ၂၉.၃.၁ဝ မြန်မာစံတော်ချိန် မွန်းလွဲ ၁:၀ဝ အချိန်) လူအုပ်ကြီးကလည်း တဖြည်းဖြည်းများလာသည်။

( ၂၉.၃.၁ဝ မြန်မာစံတော်ချိန် မွန်းလွဲ ၁:၂၅ အချိန်) ဦးခင်မောင်ဆွေ. ဒေါက်တာသန်းငြိမ်းတို့က အစည်းဝေးကို ရွှေ့ဖို့ပြောပါသည်။ သို့သော် အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီမှတ်ပုံမတင်ရေးဘက်က အနိုင်ရသွားပါသည်။

( ၂၉.၃.၁ဝ မြန်မာစံတော်ချိန် မွန်းလွဲ ၁:၃ဝ အချိန်) အစည်းအဝေးဆုံးဖြတ်ချက်တွင် ဥက္ကဌ ဦးအောင်ရွှေ လာရောက်နိုင်ခြင်းမရှိပါ။


7 comments

  • koaung

    March 29, 2010 at 5:39 am

    မှတ်ပုံတင်ဖြစ်မလား မတင်ဖြစ်ဘူးလား
    ဘယ်လိုထင်ကြလဲ
    ထင်ကြေးတွေပေးနိုင်ပါတယ်

  • ငြိမ်းချမ်း

    March 29, 2010 at 6:32 am

    ပါတီ မှတ်ပုံမတင်ဖြစ်ရန် များပါသည်။ ဦးအောင်ရွေနှင့် စစ်ဗိုလ်ဟောင်း တသိုက်မှ စဉ်းစားသည်မှာ စစ်ရေးဘက်မှ ဖြစ်ပြီး အင်အားနည်းပါက တိုုက်ရန်မသင့်ဟု သီအိုရီအတိုင်း ကျင့်သုံးရန်ဖြစ်ပါသည်၊ အခြားသူများ စဉ်းစားသည်မှာ နိုင်ငံရေးသည် ပြည်သူပြည်သားများ အရေးဖြစ်ပြီး တသက်လုံး တိုင်းပြည်အား စစ်တပ်မှ ကျွန်ပြုမည့် စနစ်အား လက်မခံရန် ဖြစ်ပါသည်၊ မိမိအနေဖြင့် ပါတီ မှတ်ပုံမတင်ရေးအား အပြည့်အဝ ထောက်ခံပါသည်၊

  • ငြိမ်းချမ်း

    March 29, 2010 at 6:35 am

    ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းများထဲမှ တချို့မှာ မိမိအနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အမြဲတမ်း ဖက်တွယ်ထားမှာ မဟုတ် ဟု ရှိခဲ့ပါသည်၊ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေချိန်တွင် အခြားသော ပါတီခေါင်းဆောင်များမှ လိုအပ်ချက်အရ တိုက်ပွဲဖေါ် ဖောက်ဖျက်တိုက်ပါကလည်း ဒေါ်အောင်ဆန်းစုကြည် မှ ဒီမိုကရေစီ နည်းအရ ထောက်ခံမည်ဖြစ်ပြီး ပြည်သူနှင့် တသားတည်းရှိမည်ဟု မိမိအနေဖြင့် ထင်မြင် ယူဆပါသည်၊

  • kai

    March 29, 2010 at 7:36 am

    အခုလို လိုက်ဖ်သတင်းတင်ပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။
    ဒီစာတွေက ဖေ့စ်ဘုတ်မှာလည်း သွားပေါ်နေတာဖြစ်တဲ့အတွက်လူထောင်ပေါင်းများစွာ သိသွားပြီဖြစ်ပါတယ်။
    နောက်ဆက်တွဲသတင်းတွေဟာ သေရေးရှင်ရေးတွေဖြစ်လာတော့မှာဖြစ်တဲ့အတွက် တတ်နိုင်သလောက်ဆက်လက်တင်ပေးစေလိုပါတယ်ခင်ဗျား

  • wunna

    March 29, 2010 at 8:14 am

    နဂိုကတည်းက ဆုတ်လည်းစူး၊ စားလည်းရူး ဖြစ်အောင် စနစ်တကျ အကွတ်ဆင်ပြီး လုပ်ထားခဲ့တာဆိုတော့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဆုံးဖြတ်ချက်ချဖို့ အတော်ခက်ခဲ့ ခဲ့မှာဖြစ်ပါတယ်။ မှတ်ပုံတင်လိုက်ရင်လည်း သူတို့ဆွဲချင်သလို ဆွဲထားတဲ့ တစ်ချိန်လုံး ကိုယ် သဘော မတူပါဘူးလို့ပြောခဲ့တာတွေကို ပြန်လည် လက်ခံသဘောတူတဲ့ သဘော သက်ရောက်သွားမှာဖြစ်ပါတယ်။ မှတ်ပုံမတင်ပြန်တော့လည်း ပါတီ ဖျက်သိမ်းခြင်းခံရပြီး၊ NLD ဆိုတာပျောက်သွားမယ်။

    ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က မဲခွဲ ဆုံးဖြတ်ခိုင်းခဲ့တာဖြစ်ပါတယ်။

    အခုတော့ NO ဆိုတဲ့အဖြေထွက်ခဲ့ပြီ။ အများကလည်း ဒီ NO ကိုပဲ မျှော်လင့်ထားတာပဲလေ။ သူတို့ လုပ်ချင်တိုင်းလုပ်မယ့် ရွေးကောက်ပွဲထဲကို မဝင်ဖြစ်တာ စိတ်ထဲ လက်ခံပေမယ့်။ NLD ဘယ်လိုရှေ့ဆက်မယ်ဆိုတာကို စဉ်းစားရင်တော့ အတော် စဉ်းစားရခက်ပါတယ်။ ရက် (၆၀) ပြည့်ရင် NLD ဆိုတာ မရှိတော့ပါဘူး။ အမြို့မြို့ အနယ်နယ်က ရုံးခွဲတွေလည်း ပိတ်သိမ်းရတော့မယ်။

    တစ်ကယ်လိုများ ၈၈ ကျောင်းသားများ လက်ကျန်ထဲက အပြင်မှ ရှိတဲ့သူတွေအနေနဲ့ ပါတီ တစ်ခု တည်ထောင်နိုင်ရင်ဖြင့် မဲပေးစရာ ရှိမယ်ထင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော့် အတွက် မဲပေးရန်မလိုတော့ပါ။

  • ငြိမ်းချမ်း

    March 29, 2010 at 3:12 pm

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အခုတော့ တကယ့်ကို ပြည်သူ့ကိုအလုပ်အကျွေးပြုမယ့် ခေါင်းဆောင်ကောင်းတွေ လက်ထဲ ရောက်လာတာတွေ့ရတော့ အရမ်းဝမ်းသာတယ်ဗျာ၊ အမှန်တရားဟာ ဘယ်တော့ အိပ်မနေဘူးဆိုတာ မှန်ပါတယ်၊ အဖွဲ့ချုပ်လူငယ်ပြောသလို တရွှေ သေသွားတာ ကောင်းပါတယ်၊ နောက်တရွှေ ဘယ်တော့ သေမလဲ ဆိုတာကို စောင့်နေမလား ကိုယ်ကိုယ်တိုင်လက်နဲ့ သတ်မလားဆိုတာတော့ အနာဂါတ်ကို လက်နဲ့ကိုင်ကြည့်ချင်တဲ့ သူတွေရဲ့ လက်ထဲမှာ ရှိပါစေဗျား၊

  • kai

    March 30, 2010 at 5:53 pm

    ဦးအောင်ရွေလည်း မှတ်ပုံမတင်တဲ့ဖက်ကထောက်ခံမဲပေးတယ်လို့ တချို ့သတင်းတွေမှာတွေ့ရပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် ၏ အထူးကြေညာချက်
    http://www.scribd.com/doc/29174063/NLDST300310-30-3-2010

Leave a Reply