Fashion La Princesse

Mon LaySeptember 19, 20184min1400

ဒီတစ်ခေါက်ကတော့ မွန်လေး မိုးတွေရွာနေတဲ့အခါ၊ နေပူနေတဲ့အခါ ဘာသောညာသော အကြောင်းကြောင်းကြောင့် ပစ္စည်း

ဝယ်ဖို့ အပြင်မထွက်ချင်တဲ့အခါ အမြဲဝယ်နေကျ Online Shop ဆိုင်လေးအကြောင်းကို ပြန်ရှယ်ပေးချင်ပါတယ်။😊😊😊

#နာမည်📝

သူလေးကတော့ ပြင်သစ်နာမည်လေးလို့ပြောပါတယ်။ “Fashion La Princesse (www.facebook.com/fashionlaprincesse)

တဲ့။ La Princesse Fashion လို့ပေးထားတာတဲ့ တကယ်လည်း ဆိုင်နာမည်ကို facebook မှာ register လုပ်တော့ Fashion La Princesse ဖြစ်သွားတာတဲ့။ အဲ့နာမည်ကပဲ အကျိုးပေးတာလားတော့ မသိ ခုဆို လုပ်လာတာ ၄နှစ်ကျော်လာပြီတဲ့။4⃣ ရောင်းတဲ့လူကတော့ ပိုင်ရှင်၂ ယောက်၊ တစ်ယောက်က နိုင်ငံခြားမှာ၊ တစ်ယောက်က ရန်ကုန်မှာတဲ့။ အရောင်းသမားတွေ ၁၂ယောက်ရှိပါပြီတဲ့။ 😲

#ရောင်းတဲ့ပစ္စည်းတွေ 🥌🧥🧢👝👛👜⌚️🎁🎒🛍🕶👒

ပစ္စည်းတွေကတော့ ပြောရရင် ခေါင်းအစ ခြေအဆုံးပဲ။ ဦးထုပ်ကနေ ဖိနပ်ထိရတယ်ပေါ့နော်။ အားကစားနဲ့ပက်သက်တဲ့ပစ္စည်း

တွေရော၊ အိမ်အသုံးအဆောင်ပစ္စည်းတွေရော၊ အိတ်တွေရော၊ ဖန်စီတွေရော တော်တော်အမျိုးစုံတယ်။ အလှအပ cosmetic

ပစ္စည်း up to date တွေလည်းရတယ်။ ကိုယ် 3D မျက်ခုံးမွှေးဆွဲတံလည်းအားပေးဖြစ်တယ်။ ကိုယ်အများဆုံးအားပေးဖြစ်

တာကတော့ အိတ်ပဲ။ ဖိနပ်လည်းအားပေးတယ်။ အိတ်တွေရဲ ့quality ကလည်းတော်တော်လေးကောင်းတယ်။ တခါတလေ တကယ်အစစ်အတိုင်းပဲ စက္ကူအိတ်တွေနဲ့လည်းပေးတယ်။ကိုယ်ဆို အစစ်brand တစ်အိတ်အပြင်ကနေဝယ်တယ်။ ဟိုနားဒီနားကွာလာလို့ဆိုပြီး ဒီဆိုင်မှာလည်း တွေ့လို့ဝယ်ကြည့်တာအစစ်အတိုင်းပဲ အသားအရမ်းကောင်းတာတွေ့ရတယ်။ သူကတောင် တော်တေ်ာခံတာတွေ့ရတယ်။ မတွေ့ဖူး ကြုံဖူးမှသိဆိုသလိုပဲ။

အကျီလေးတွေလည်း ခေတ်မီပြီး up to date ဖက်ရှင်ကျလို့ ဝယ်ဝတ်ဖြစ်တယ်။😁

#ပို့တဲ့အချိန်⏰

ပို့တာတော့မြန်တယ်။ ဖုန်းကြိုဆက်တယ်။ မနက်စောစောမှာရင် နေ့တွင်းချင်းပို့ပေးသလို  ၁ရက်အတွင်း၊ ၂ရက်အတွင်းပို့ပေး

တာလည်းရှိသည်။ နယ်မြို့တွေဆို အိမ်တိုင်ရာရောက်နဲ့ ၃ ၄ ရက်အတွင်းပို့ပေးလို့ စိတ်ချမ်းသာနေရတယ်။ တချို့အွန်လိုင်းဆို

ဖုန်းလည်းမဆက်၊ ဘယ်လောက်အတွင်းရမယ်မှန်းလည်းမသိနဲ့ ကိုယ်အပြင်သွားရင် လာပြီ။ အိမ်မှာရှိချိန်ဆိုမလာဘူး.စိတ်အ

နှောင့်ယှက်ဖြစ်ရတယ်။😡 သူလေးနဲ့ကစိတ်ကိုချမ်းသာလို့။😙

#Delivery🚛

ခုဆို မြို့နယ်ပေါင်း ၆ဝ ကျော်ကို အိမ်အရောက်စနစ်နဲ့ပို့ရာကနေ oversea တွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူ နဲ့မလေးတောင်ပို့ပေးနေ

ပြီတဲ့။ ကဲ..နိုင်ငံခြားကလူတွေ.. ဝမ်းသာသာလိုက်ကြတော့။😀😀 နောက်ထပ်နိုင်ငံတွေထပ်တိုးဖို့လည်းရှိပါတယ်တဲ့။

#ထူးခြားတာလေး⚡️

Valentine day တို့ တခြားအထိမ်းအမှတ်နေ့တို့ ကိုယ်ချစ်ရတဲ့သူကို surprise လေးလုပ်ချင်လို့ လက်ဆောင်ပေးပေးဆိုလည်းသူ

တို့ကလုပ်ပေးတယ်တဲ့။ တအားမိုက်တယ်နော်။ အရုပ်တို့၊ ပန်းစည်းတို့လည်း သူတို့ ဝန်ဆောင်မှုပေးတယ်။

တစ်နေရာထဲမှာ အစုံလင်ရရှိတာမို့ အရမ်းကိုကြိုက်ရပါတယ်။🤗

#အလှူအတန်း

အွန်လိုင်းရှော့ကနေရတဲ့ ငွေတွေကိုလည်း အလျဉ်းသင့်သလို ပြန်ပြန်လှူတာတွေလည်းတွေ့ရပါတယ်။ ကိုယ်တွေလည်း သူတို့နဲ့

အလှူပြုနိုင်ခဲ့လို့ တကယ်လို့ကြည်နူးမိပါတယ်။ သူတို့ကြောင့် နိဗ္ဗာန်ခရီးကိုတောင် ရောက်သွားသလိုပဲ။ ကိုယ့်ဖာသာဆို သိပ်မလုပ်ဖြစ်ဘူး။

အထူးသတိပြုချက်‼️‼️

အွန်လိုင်းရှော့ပင်ဖြစ်တဲ့အတွက်ကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေမှာမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပစ္စည်းကို သေချာမေးပါ။ ဒီဟာလေးက အဲလိုလေးပါတာလား ဘာလားပေါ့။ ပြီးတော့ အရောင်တို့၊ ဆိုဒ်တို့ သေချာပြောပါ။ အဲဒါမှလည်း သူတို့သေချာလေး

လာပို့နိုင်မှာပါ။ လိပ်စာတို့ ဖုန်းတို့ နာမည်တို့လည်းသေချာပေးပါ။ သူတို့ခမျာ နေရာရှာရတာ မလွယ်ဘူးနော်။ သူတို့ကလည်း ဝယ်

သူမေးတာကို စိတ်ရှည်ပါ။ တချို့ရှိတယ် comment လည်းမပြန်၊ ဖုန်းဆက်လည်းမကိုင် ဘာလည်းဟပေါ့။ အွန်လိုင်းလုပ်နေပြီး

လိုင်းပေါ်လည်းမရှိ၊ ဖုန်းဆက်လည်းအမြဲပိတ်ထားတယ်။ အံ့ရောပဲ။😕

အွန်လိုင်းဖြစ်တဲ့အတွက်ကြောင့် ဆိုင်မရှိသေးတော့ သူတို့လည်းပစ္စည်းကိုကိုယ်တွေအတွက် ဖယ်ထားပေးရတာလေ..

ကိုယ်တွေမယူရင် တခြားသူယူဖို့ဆိုတာ ချက်ချင်းတွေ့ရင်တွေ့၊မတွေ့ရင် သောင်တင်နေမှာလေ..အဲတော့ သေချာယူမယ်ဆိုမှ မှာပါ။ ဘာပဲလုပ်လုပ်သူ့ဘက်ကိုယ့်ဘက်မျှတွေးတတ်ရင် လောကကြီးကပျော်စရာကြီးပါ။😌

Review တွေအများကြီးရေးပါဦးမည်။