အမာရွတ်ဆိုတာ ထွေးထုတ်ပစ်ဖို့ မလွယ်ဘူး

ko sixSeptember 22, 20181min19089

=====================
မျက်ရည်တွေ
လွယ်ထားမနေပါနဲ့။
ကြယ်တွေ
နေ့မွန်းတည့်မှာ ကြွေကျနေကြသလို
ဘယ်သူမှ မမြင်နိုင်အောင် ငိုတော့။
အလင်းတွေကလည်း ညာတာပါပဲ
စူးတောက်တောက် အလင်းတွေက
မှောင်မိုက်နေတာနဲ့
မမြင်ရပုံခြင်း မခြားနား။
တိမ်တွေလာတယ်
မိုးမပါဘူး။
အဲသလို
အိုးအရွဲ့တွေက
သံယောဇဉ်အတည့်တွေကိုလည်း မငဲ့တတ်
ရည်ငံနေတုန်းခဏ
လေထဲမှာ
မွှေးရနံ့တွေချည်း ကခုန်နေကြတယ်လို့ ယုံမှတ်။
ဘယ်တော့မှ လျော့ကျမသွားတဲ့မြေကြီးမှာ
ပုတ်အဲ့အဲ့အနံ့တွေလှိုင်မှ
အချစ်လို့ ထင်မှတ်မိခဲ့တဲ့ ပိဿာလေးဟာ
နံကြားထဲ ထွေးကနဲ ထိမှန်။
မင်းတစ်ယာက်တည်း
ယူရေနီယံ အဆိပ်သင့်နေတယ် မထင်ပါနဲ့
ငါတို့အားလုံး
ဝက်သက်ပေါက်ဖူးပြီးသား
အလူးလူး အလိမ့်လိမ့်
အသက်လု ကုထားကြရသူတွေချည်း။

ကိုစစ်

#အားဆေးလေးပေးပါဦးဟုပြောထားသူအတွက်

9 comments

  • Shar Thet Man

    September 22, 2018 at 1:53 pm

    မိုက်

    • ko six

      October 31, 2018 at 8:48 am

      ဟုတ်ကဲ့။
      ကျေးဇူးပါ

  • manawphyulay

    September 26, 2018 at 4:23 pm

    အပြင်းစား အက်ဆစ်များပေါ့… အားဆေးတစ်ခွက် လာသောက်သွားတယ်…

    • ko six

      October 31, 2018 at 8:49 am

      ဟုတ်ကဲ့အစ်မ
      ကျေးဇူဗျ

  • kai

    September 27, 2018 at 1:02 pm

    အသားကိုဖောက်
    နှလုံးရောက်တဲ့ အိုင်းအနာကို
    အဆိပ်ထိုးကု.. လျှာနဲ့လျှက်ရင်း ပြုံးနေ။ 🙂

    • ko six

      October 31, 2018 at 8:50 am

      ငန်တန်တန်အရသာ
      ချိုတိုတိုခါးသက်
      နောက်တော့
      ဘဝပါပျက်လေ၏

  • ဦး လေး မန်း

    October 20, 2018 at 3:34 am

    သူကြီးရဲ့ကာရံမဲ့အနီကပ်၆ခုထိ၊

    • ko six

      October 31, 2018 at 8:51 am

      ငိမ်
      သူဂျီးက ကာရံသမားလေား

Leave a Reply