Learning English Grammar- Professor Myo Kyaw Myint

kaiSeptember 28, 20183min7831

ယခုလမှာ complex sentence လေးတွေကို ရေးတတ်၊ ပြောတတ်လာအောင် လေ့လာကြပါစို့။ complex sentence လေးတွေကို လူတွေက simple sentence လေးတွေ compound sentence လေးတွေထက် ပိုပိုနှစ်သက်ပြီး သုံးလိုကြပါတယ်။ လူ့သဘာဝပေါ့နော်။ လူ့ဘဝကိုရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူလေးနေသွားလိုသူ နည်းပါးလှပါတယ်။ ဘုန်းကြီးအရေအတွက်နဲ့ လူအရေအတွက် ယှဉ်ကြည့်လိုက်ပါလား။ ဘဝကို ရှုပ်ရှုပ်ထွေးထွေးလေး ခက်ခက်ခဲခဲလေး ကျော်သွားနိုင်မှ လူဖြစ်ရကျိုး နပ်သလို ထင်တတ်သူတွေကများပါတယ်။ ဒီတော့ Complex sentence လေးတွေကို လူကြိုက်များတာ မဆန်းပါဘူး။ complex sentence လေးတွေကို transition words လေးတွေနဲ့သုံးစွဲရပါတယ်။ transition များစွာရှိတဲ့အနက် လူသုံးအများဆုံးတော့ because ဖြစ်ပါတယ်။ Because ပါတဲ့ adverb clause လေးဟာ အကြောင်းကို ဖော်ပြတဲ့ clause လေးဖြစ်ပါတယ်။ ကိစ္စတခုခုနဲ့ ကြုံတွေ့ရတဲ့အခါ ဘာကြောင့် ဒီလိုကြုံတွေ့ရသလည်းဆိုတာကို ဖော်ပြနေတဲ့ adverb clause လေးဖြစ်ပါတယ်။ ဥပမာ –
– We are sad because my wife’s father passed away at the age of 99. ဇနီးသည်ရဲ့ ဖခင်ကြီးအသက် ၉၉နှစ်မှာ ကွယ်လွန်သွားတဲ့အတွက် အားလုံးစိတ်မကောင်း ဖြစ်နေကြတယ်ပေါ့။ ဒီနေရာမှာ because my wife’s father passed away at the age of 99 ဆိုတဲ့ clause လေးက ဘာကြောင့် အားလုံးစိတ်မကောင်းဖြစ်နေကြတယ်ဆိုတာကို ရှင်းပြပေးပါတယ်။ အလားတူပါပဲ
– We are particularly upset because we had hoped to celebrate his 100th birthday next year.
– အထူးသဖြင့် ဖခင်ကြီးရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ကို ခမ်းခမ်းနားနားကျင်းပဖို့ မျှော်လင့်ထားကြတော့ ပိုပြီး စိတ်မကောင်းဖြစ်ကြရတယ်ပေါ့လေ။ ဒီဝါကျလေးမှာလည်း ဘာလို့အထူးစိတ်မကောင်းဖြစ်ရသလည်းဆိုတာကို because we had hoped to celebrate ဆိုတဲံ့ adverb clause လေးက ပီပီပြင်ပြင် ရှင်းပြထားပါတယ်။ because ကို မှန်ကန်စွာ သုံးတတ်ဖို့လိုပါတယ်။ ယခုဖော်ပြမည့် ဝါကျမျိုးကို မိမိကိုယ်တိုင်လည်း မရေးမိစေရန် သတိထားပါ။ သူများကိုလည်း မရေးမိစေရန် သတိပေးပါ။
– All the employees were upset. Because the boss refused to give us bonuses for Christmas.
– အထက်ပါဝါကျဟာ လုံးဝမှားယွင်းပါတယ် because ပါတဲ့ clause လေးဟာ adverb clause သက်သက်ဖြစ်ပါတယ်။ ဝါကျမဟုတ်ပါ။ ထို့ကြောင့် ဒီစာကြောင်းလေးတစ်ခုတည်း သီးသန့်မရပ်တည်နို်င်ပါ။ Main clause လို့ခေါ်တဲ့ ဝါကျနှင့် ဆက်ထားမှ အဆင်ပြေသွားပါတယ်။ because ကို အလယ်မှာ ထားလေ့ရှိသော်လည်း ရှေ့ဆုံးမှာလည်းထား၍ ရပါတယ်။ အောက်ပါဝါကျနှစ်ခုစလုံး မှန်ပါတယ်။
– All the employees were upset because the boss refused to give us bonuses for Christmas.
– Because the boss refused to give us bonuses for Christmas, all the employees were upset
တစ်ချို့က because ကို မသုံးလိုကြဘူး။ ကျွန်ုပ်တို့ကတော့ ကော့ကော့ကြီးလည်း မသွားချင်ဘူး။ ကုံးကုံးကြီးလည်း မသွားလိုဘူးတဲ့။ နှစ်ကော့တစ်ကုံးဆိုရင် ကြည့်လို့တောင် မရဘူးဆိုဘဲ။ ဒီတော့ ဘယ်လိုလုပ်ရပါ့မလည်း လွယ်ပါတယ်။ because နဲ့ အဓိပ္ပါယ်ဆင်တူတဲ့ since ကို ပြောင်းပြီးသုံးရုံပါပဲ။ ဥပမာ –
– We love living here since we can easily get good jobs.
– We miss our native country since we still have family there.
since ကို သုံးသည့်အခါ because လိုပါပဲ။ since ကိုရှေ့မှာထားလည်း ရပါတယ်။ အလယ်မှာထားလည်းရပါတယ်။
– We love living here since we can easily get good jobs.
– Since we can easily get good jobs, we love living here.
because ကိုလည်းသုံးလိုတယ်။ Complex sentence လည်းရှောင်လိုတယ်ဆိုရင် because of လေးကို သုံးလို့ရပါတယ်။ because ကိုသုံးရင် ဝါကျမှာ Main clause နဲ့ adverb clause နှစ်ခုပါနေတော့ ကတ္တားကလည်းနှစ်ခု၊ ကြိယာကလည်းနှစ်ခု အနည်းဆုံးရှိတဲ့အတွက် Complex sentence လို့ ခေါ်ရတာပါ။ ဒီတော့ Because ပါတဲ့ clause လေးကို Because of လေးနဲ့စတဲ့ phrase လေးအဖြစ်ပြောင်းပေးလိုက်ရပါတယ်။ ဒါမှ ကြိယာတစ်ခုတည်းသာပါတဲ့phrase လေးအဖြစ်ပြောင်းပေးလိုက်ရပါတယ်။ ဥပမာ-
We love Mission College because the teachers are very helpful.
အထက်ပါဝါကျလေးဟာ Complex sentence လေး ဖြစ်ပါတယ်။ main clause ဖြစ်တဲ့ We love Mission College နဲ့ because the teachers are very helpful ဆိုတဲ့ clause တဲ့ clause ကိုဆက်ထားတဲ့complex sentence လေး တစ်ခုပါ။ ဒီဝါကျ လေးကို
– We love Mission College because of the teacher’s being very helpful.
လို့ Because of ကိုသုံးပြီး ပြောင်းပေးလိုက်တဲ့အခါ၊ The teachers are ဆိုတဲ့ Subject + verb အတွဲလေးကို the teacher’s being ဆိုတဲ့ phrase အဖြစ်ပြောင်းပေးလိုက်ရပါတယ်။ နည်းနည်းပိုခက်သွားတယ်နော်။ အခက်အခဲလေးတွေနဲ့ ရင်ဆိုင်ရမှ စားလို့ဝင် အိပ်လို့ပျော်သူများအတွက်တော့ အကြိုက်ပေါ့နော်။ အလားတူပင် အခြား because ပါတဲ့ ဝါကျလေးတွေကို because of နဲ့ပြောင်းပြီးသုံးလို့ရပါတယ်။ ဥပမာ-
All the employees were upset because the boss refused to give raises.
အထက်ပါဝါကျ၌ The boss refused ဆိုတဲ့ subject + verb အတွဲလေးကို the boss’s refusal ဆိုပြီးပြောင်းသုံးပေးလို်က်တဲ့အခါ Complex sentence လေး ဘဝကနေ simple sentence လေးအဖြစ်သို့ ပြောင်းလဲသွားပါတယ်။ လွယ်တော့ မလွယ်လှဘူးပေါ့ နော်။ because နဲ့စတဲ့ adverb clause လေးနဲ့ လွယ်လွယ်ကူကူသုံးလို့ရနေပေမဲ့ because of လေးသို့ပြောင်းပြီး ခက်ခက်ခဲခဲသုံးလိုကြသူ များပါတယ်။ ဒါကြောင့် တစ်ယောက်တည်း အေးအေးဆေးဆေးနေလို့ပါလျှက်နှင့် အိမ်ထောင်ပြုပြီးတော့ နှစ်ယောက်ကမ္ဘာ လေးကို ထူထောင်ကြတာပေါ့။ နှစ်ယောက်တည်း ပျော်ရွှင်စွာ နေနိုင်ပါလျှက်နှင့် ခလေးတွေမွေးပြီး ကိုယ်ဒုက္ခကိုယ်ရှာ ဘဝသံသရာမှာ ချာချာလည်နေကြတာပေါ့။ တစ်ပါးသူတွေကို မဆိုလိုပါ။ ကိုယ်ဘဝကိုယ်ပြောတာပါနော်။ ထားပါတော့လေ။ Because တို့ since တို့က အကြောင်းကို ဖော်ပြတတ်သလို therefore တို့ consequently တို့ as a result တို့က အကျိုးကို ဖော်ပြတဲ့အခါ သုံးရပါတယ်။ ဥပမာ –
– The teachers at Mission College are very helpful: therefore, we love Mission College.
– The teachers at Mission College are very helpful: as a result, we love Mission College.
– The teachers at Mission College are very helpful: consequently, we love Mission College Complex sentence. လေးတွေအကြောင်း ဖော်ပြစရာအများကြီး ကျန်ပါသေးတယ်။ နောက်လတွေမှာဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။