Scrub နဲ့ rub ကြမယ် – DIY Home Spa (2)

ဇီဇီOctober 2, 20181min25903

 

DIY Home Spa အပိုင်း (၂) လို့ပဲ ဆိုကြပါစို့။

အပိုင်း (၁) က အိမ်မှာတင် ပင်လယ်ဆား အသုံးပြုပုံ ရေးပြီးပြီနော်။

ခုက အိမ်သုံး Scrub တွေအကြောင်းရေး မလို့။

(ကိုးကား – Bright Side)

.

.

ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ DIY Scrub အမျိုးအစားတွေ အများကြီးရှိပေမဲ့လည်း

အရမ်းလွယ်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာတင် ရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ လုပ်ရတဲ့ Scrub တွေကို ရှာရေးထားပါတယ်။

ရေးရင်း ဗိုက်တွေ ဆာလာတာပါဆို။

ခွိခွိခွိ

😛 😛 😛

Scrub ဆိုတော့ သာမာန်သန့်စင် ဆပ်ပြာ Foamတို့ Creamတို့လို နေ့စဉ်သုံးလို့ရတဲ့ အမျိုးအစားမဟုတ်တာမို့ အသားအရည်အတွက် တစ်ပတ်မှ ၁ ခါလောက် တစ်လမှ ၃ ခါလောက်ပဲ သုံးစေချင်ပါတယ်။

.

.

.

အိမ်မှာတင် လုပ်ပြီး အသုံးပြုလို့ ရမဲ့ Scrub (၇) မျိုးရှိပါသတဲ့။

၁) အသားအရည် အမျိုးအစား အလုံးစုံအတွက် သင့်တော်တဲ့ Scrub

– ဒိန်ချဉ် အစစ် အနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– ကော်ဖီအကြမ်းမှုန့်/ အစစ်မှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

Scrub မသုံးခင် အသားအရည်ကို ရေနွေးနွေးနဲ့ သန့်စင်ထားပါ။ Scrub နဲ့ နှိပ်နယ်တဲ့ အခါမှာလည်း စက်ဝိုင်းပုံ လက်ချောင်းထိပ်လေးတွေသုံးပြီး ပွတ်တိုက်ပေးပါ။ ပြီးရင်လည်း ရေနွေးနွေးနဲ့ အရင်သစ်ပြီးမှ ရေအေးနဲ့ အပြီးသပ် ဆေးချသန့်စင်ပါ။

.

.

.

၂) နီရဲ ယောင်ယမ်းတတ်မှု သက်သာစေတဲ့ Scrub

– ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– သစ်ကြမ်းပိုးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– သကြားအညိုအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– ကော်ဖီအမှုန့် လက်ဖက်ရည် တစ်ဇွန်း တို့ကို ရေနွေးနဲ့ ပြစ်ပြစ်ဖျော်၊ ခံနိုင်လောက်တဲ့ အပူချိန်မှာ မျက်လုံးဧရိယာကို ရှောင်ပြီး မျက်နှာမှာ ပွတ်လိမ်းထားပါ။ ၅ မိနစ်လောက်နေရင် ရေဆေးချလိုက်ပါ။

.

.

.

၃) ဝက်ခြံထွက်တာ သက်သာစေတဲ့ Scrub

– လိမ္မော်ခွံခြောက် အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– ကော်ဖီအကြမ်းမှုန့်/ အစစ်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– ဒိန်ချဉ်အနှစ် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

– အဆီပြန်တာပါ သက်သာချင်ရင် သကြားအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထပ်ထည့်လို့ရပါတယ်။ မျက်လုံးဧရိယာကို ရှောင်ပြီး မျက်နှာမှာ ပွတ်လိမ်းထားပါ။ ၁ဝ မိနစ်လောက်နေရင် ရေဆေးချလိုက်ပါ။

.

.

.

၄) အသားအရည်ပေါ်က အကြောပြတ်ရာတွေ သက်သာစေတဲ့ Scrub

– ပင်လယ်ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– သကြားအညိုအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းရဲ့ တစ်ဝက် ကို ရောပြီး ရေချိုးစဉ် အကြောပြတ်တဲ့နေရာတွေကို ရ မိနစ်ကနေ ၁ဝ မိနစ် ပွတ်တိုက်ပြီးမှ ရေလောင်းပါ။

.

.

.

၅) ဆယ်လူလိုက်များရှိတဲ့ အသားအရည်/ခန္ဓာကိုယ်အတွက် Scrub

– ဆား  ၂၀ဝ ဂရမ်

– ပျားရည် ၁၀ဝ ဂရမ် ရောပြီး ဆယ်လူလိုက်ရှိတဲ့နေရာကို စက်ဝိုင်းပုံလိမ်းပြီး နှိပ်နယ်ပေးလို့ရပါတယ်။

.

.

.

၆) ခြေဖနောင့်၊ ဒူး၊ တံတောင်ဆစ်က အသားမာတွေ အတွက် Scrub

– ခရမ်းချဉ်သီး အနှစ်  တစ်လုံး စာ

– ပင်လယ်ဆား  ထမင်းဆား ဇွန်း တစ်ဇွန်း ရောပြီး အဲဒီ အနှစ်နဲ့ ၁ဝ မိနစ်လောက် တိုက်ပြီးမှ ရေဆေးပါ။

.

.

.

၇) ခြောက်သွေ့တဲ့ နှုတ်ခမ်းသားအတွက် Scrub

– ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း

– သကြားအညိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

– သံလွင်ဆီ ထမင်းစားဇွန်း ဇွန်းတစ်ဝက် ရောပြီး ခြောက်သွေ့အဖတ်ကွာနေတဲ့ နှုတ်ခမ်းကို ပွတ်တိုက်ပြီးမှ ရေဆေးလိုက်ပါ။

.

.

.

စကားစပ်မိလက်စနဲ့နှုတ်ခမ်း အတွက် Scrub အမျိုးစုံကိုပါ ဆက်ရေးလိုက်ပါ့မယ်။

၁) သကြားအညိုမှုန့် နဲ့ အုန်းဆီ လိုသလောက် ဆတူ ရောပြီး နှုတ်ခမ်းသားကို ပွတ်တိုက်ပေးလို့ရပါတယ်။

၂) သကြားအညိုမှုန့် ၊ ပျားရည်၊ ကြက်ဆူဆီ လိုသလောက် ဆတူ ရောပြီး နှုတ်ခမ်းသားကို ပွတ်တိုက်ပေးလို့ရပါတယ်။

၃) သကြားအညိုမှုန့် ၊ ဗစလင်းအလှဆီ၊ သံလွင်ဆီ ဆတူ ရောပြီး နှုတ်ခမ်းသားကို ပွတ်တိုက်ပေးလို့ရပါတယ်။

.

.

.

တစ်လက်စတည်း ခြေထောက်ဆေးတာနဲ့ ခြေထောက်အတွက် Scrub လေး ဆက်ရေးပါရစေလေ။

၁) ခြေသည်းဆိုးထားတာ ဖျက်စရာရှိတာဖျက်ပါ။

.

.

၂) ရေဇလုံထဲကို ခြေခုံမြုပ်ရုံ ရေနွေးနွေးလေးထည့်   လေး ၄/၅ စက်၊ ပျားရည်လေး ၄/၅ စက် နဲ့ သံပုရာ တစ်ခြမ်းထည့်ညှစ်ထားပါ။

ထိုရေထဲမှာ ခြေထောက်ကို ၁ဝ မိနစ်ခန့်စိမ်ထားပြီး ဘရပ်(ရှ) အနုနဲ့ ခြေသည်း၊ ခြေချောင်းများကို သန့်စင်ပေးပါ။

ခုနက ညှစ်ထားတဲ့ သံပုရာသီးအခြမ်းနဲ့ပါ ခြေသည်းတွေကို ပွတ်တိုက်လို့ရပါတယ်။

.

.

၃) ခြေထောက်အတွက် Scrub ကတော့

ကော်ဖီအကြမ်းမှုန့်/ အစစ်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊

သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊

ရှားစောင်းလက်ပတ်အနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊

သံပုရာသီး ကျန်တဲ့ တစ်ခြမ်းကို အရည်ညှစ်ထည့်လိုက်ပါ။

သမအောင်မွှေပြီးမှ ခြေထောက်ကို ၅ မိနစ်ခန့် ပွတ်လိမ်း နှိပ်နယ်ပြီး ရေဆေးချပါ။

.

.

၄) ရေခြောက်အောင်သုတ် ပြီးမှသာ လိမ်းနေကျ အလှဆီ တစ်ခုခု လိမ်းထားနိုင်ပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်ချို့ကတော့ ကာလာ အတွက် အစားအသောက်အတွက်သုံးတဲ့ဆိုးဆေးလေးတွေ သုံးသလို
အနံ့အတွက်လည်း လာဗင်ဒါဆီတို့ ပန်းဆီတို့ပါ ထည့်သုံးကြတယ်။

3 comments

  • ဦး လေး မန်း

    October 18, 2018 at 11:54 pm

    ရေးရင်းဗိုက်ဆာလာတယ်ဆိုတာဟုတ်လောက်တယ်ဒိန်ချဉ်တို့ဘာတို့ကြိုက်တတ်ရင်ပေါ့လေ၊

  • လုံမလေးမွန်မွန်

    October 27, 2018 at 11:16 pm

    ဟိ.. ကိုယ့်ဘာသာကိုယ်ဆို ပျင်းလို့ သူများလုပ်ထားတာကို ဝယ်တယ်လေ.. ကော်ဖီစခရပ်တစ်ဘူးကို 5000 တဲ့ :mrgreen:

Leave a Reply