ရာမညမြေ (သို့) ရွှေမြိုင်သို့ ခြေဆန့်ခြင်း

Mon LayNovember 2, 201812min3511
ရာမညမြေလို့ပြောလိုက်ရင်..မော်လမြိုင်ဆိုတာလူတိုင်းသိကြမယ်ထင်ပါတယ်နော်။ ဆွဲဆောင်မှုရှိလှတဲ့သဘာဝအလှအပတွေနဲ ့
သာယာဖွယ်နေရာလေးတစ်ခုဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်မြို ့လေးကို TV ထဲမှာတော့ ခဏခဏတွေ့ဖူးနေကျပါ။ ♥️☘🌸🍀ကမာ္ဘကျော်ကဗျာဆရာ Rudyard Kipling ကတောင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖူးတဲ့ သုံးရက်အတွင်းစပ်ဆိုခဲ့တဲ့ “By the oldMoulmein Pagoda” ဆိုတဲ့ ကဗျာထဲမှာမော်လမြိုင်ဒေသလေးက ပြီးပြည်စုံလှတဲ့ သဘာဝအလှတရားတွေနဲ့ပြည့်
စုံနေကြောင်းကိုလည်းစပ်ဆိုရေးသားခဲ့ပါသေးတယ်။ အေးလှတဲ့ ဆောင်းတွင်းအခါသမယ ခရစ်စမတ်ကာလလေးမှာ အလည်
သွားရောက်ဖို့ သင့်တော်အတွက်ကြောင့် ရုံးကဘယ်သွားကြမလဲလို့မေးလိုက်တော့မွန်လေးက မော်လမြိုင်လို့ပဲ ဖြေလိုက်
တာပေါ့။ ✔️ရန်ကုန်ကနေသိပ်မဝေးတဲ့ ခရီးစဉ်ဒေသလေးဖြစ်တာနဲ့အညီ စနေ၊ တနင်္ဂနွေပိတ်ရက်တိုလေးကို အချိန်ပေးရုံနဲ့ ဘုရားပုထိုးများ၊ သမိုင်းဝင်နေရာများ၊ သဘာဝလိုဏ်ဂူများနဲ့ ကမ်းခြေစတဲ့ နေရာအနှံ့ကို ကုန်ကျစရိတ်နည်းနည်းနဲ့ ခြေဆန့်နိုင်
တဲ့ နေရာလေးလည်းဖြစ်ပါတယ်။ 😄😃😀
 
မော်လမြိုင်ဆို သည်မှာ💌
 
ကြင်းမိုင် မင်းသားညီနောင်တို ့ သည် ကော့ဘိန်း အရပ်တွင် မြို ့ရွာတည်ထောင်ပြီး အမည်မှာ ရမ္မာပူရရမ္မဝတီဟု ခေါ်တွင်လေ
သည်။သက္ကရာဇ် ၁၅ရ ခုနှစ်တွင် မွန် တလိုင်းမင်း မှာ ရောဂါ ဝေဒနာ ထူပြော၍ မြိုသစ်တည်ထောင်ရန် အမိန်တော်ပေးရာ
အလွန်တောမြိုင်ကြီး ပြီး ဥဒေါင်းများ ပေါများသော မြစ်လေးမြွာဆိုင် ပြွန်ဇလိုင် အနားရှိတောများ ကို ခုတ်ထွင်ရှင်းလင်းပြီး
မြိုတည်ထောင်ရာ ရမ္မာပူရ-ရမ္မဝတီ ခု ခေါ်တွင်လေသည်။ ကာလကြာသော် တောမြိုင်ကြီးများကို ရှင်းလင်းတည်ထောင်
ရသောကြောင့် မောရမြိုင်ဟု ခေါ်တွင်ပြီး ယခု အခါ မော်လမြိုင် ဟုတ်ခေါ်တွင်လေသည်။
#credit
 
#ဘယ်လိုသွားခဲ့ကြလဲ🚙
ရုံးဝန်ထမ်းတွေပဲချည်းသွားခဲ့တာဆိုတော့ ကားစင်းလုံးပဲ ငှားသွားခဲ့ကြပါတယ်။
 
#တည်းခဲ့ပုံ🏩
အစကနေ့ချင်းပြန်ပဲသွားမလို့ဆိုပြီးငှားကြတာ ဟိုလည်းရောက်ရော..လည်ချင်ပတ်ချင်တာကခပ်များများရယ်…၁ညအိပ်ကြမယ်ဆို
ပြီး ဟိုတယ်ရှာကြတာပေါ့။ တစ်ဟိုတယ်ဝင်၊ တစ်ဟိုတယ်အထွက်ပဲ..အကုန်ပြည့်၊ ခရစ်မတ်ကလည်းဖြစ်နေတော့ အခန်းလုံးဝမ
ရ။ အဲဒါနဲ့ကားသမားက သူကမော်လမြိုင်သားလေ။ သူ့အိမ်ပဲလိုက်တည်းပါဆိုလို့ ..မတတ်သာတဲ့အဆုံးကားသမားအိမ်မှာပဲ တစ်ညတည်းဖြစ်ခဲ့ကြပါတယ်။ သူ့အမျိုးသမီးဆိုတာလည်းသဘောကောင်းသလားမမေးနဲ့။ အိပ်ဖို့ခြင်ထောင်၊ ခေါင်းအုံးကအစ အကုန်သူအတွက်ပြင်ပေးတာ။😚😗
 
လိုင်းကားနဲ့သွားကြမယ်ဆိုရင်🚍
#မိုးကောင်းကင်
#ရွှေမန္တလာ
#ရွှေမန်းသူ
#ရွှေမန္တလေး
#တလမွန်
#ရိုးရိုးလေး
#ရွှေစင်စကြ်ာ
#မျိုးဆက်သစ်
#သိန်းသန်းကျော်
#Elite တို့ရှိပါတယ်
 
 
လည်ပတ်ခဲ့တဲ့နေရာလေးတွေဖောက်သည်ပြန်ချမယ်နော်။
 
#ကျိုက်ခမီရေလည်ဘုရား🙏🙏
 
 မျောလေးမျောမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ သမိုင်းဝင်ဆုတောင်းပြည့် တန်ခိုးကြီး ကျိုက်ခမီရေလည်ဘုရားဟာ နိုင်ငံတဝန်းမှာ
လည်းကျော်ကြားလှတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ထူးဆန်းတဲ့အချက်ကတော့ ကမ်းစပ်နားမှာရှိနေပေမယ့် ရေဘယ်လောက်
တက်တက် ဘုရားရဲ့ ရင်ပြင်ကို ရေမလွှမ်းတာဟာ ဘုရားရဲ့တန်ခိုးတော်ကြောင့် ဖြစ်နိုင်ပါတယ်။ မော်လမြိုင်မြို့ပေါ်ကနေတစ်
နာရီကျော်လောက်ကားစီးသွားရပါတယ်။မုဒုံ၊ သံဖြူဇရပ်ကို ကျော်ဖြတ်ပြီးမှ ကျိုက်ခမီကို ရောက်တယ်။ လမ်းတလျှောက်
မှာလည်း ရော်ဘာပင်တွေကလည်းစီရရီ။ ကျိုက်ခမီရေလည်ဘုရားရဲ့ တစ်ဖက်မှာဘုရားလေးတည်ထားတဲ့ကျွန်းဆီကိုလည်း
မွန်လေးနဲ့ရုံးကအကိုတစ်ယောက်သွားခဲ့ကြပါတယ်။ သူကကင်မရာပါတော့ ဓါတ်ဖမ်းရင်းနဲ့ပေါ့လေ။📷📸 အဲ့ဘက်ခြမ်းကနေ ကျိုက်ခမီရေလည်ဘုရားကိုရိုက်ရတာတဲ့ရှုခင်းကတော်တော်လေးကိုလှပါတယ်။📸 မွန်လေးတို့လည်း ဓါတ်ဖမ်းလိုက် ဘုရားလေးဆီသွားလိုက်နဲ့ လုပ်နေတဲ့အချိန်မှာ ကမ်းဘက်မှာရှိတဲ့လူတွေက ပြန်လာခဲ့ကြတော့၊ ဆက်မသွားကြနဲ့တော့
ရေတွေတက်လာပြီ ဆိုပြီးလှမ်းအော်ကြတော့မှ လာရာလမ်းကျောက်ခင်းလမ်းကရေတွေတက်လာလို့ လမ်းကိုကောင်းကောင်းမမြင်ရတော့ဘူး။ 😲ကိုယ်လည်းရှေ့ဆက်မသွားတော့ဘဲ ပြန်လာတာ ထဘီဝတ်ထားတော့ ထဘီကိုလည်းမထား၊လမ်းကလည်းချော်နေတော့ဖြေးဖြေးချင်းလာရ၊ တစ်ချက်ချက်ဆိုရေစီးသန်လာလို့ ရှေ့ဆက်မသွားသေးဘဲ ရပ်နေရသေးတယ်။ အဲ့အချိန်မှာ ကြောက်စိတ်ကဖြစ်လာတယ်လေ.😱😨.ကမ်းဘက်ကိုကြည့်တော့ရောက်ဖို့ကလိုသေးတယ်။ အဲဒါနဲ့ ရုတ်တရက်သတိရမိသွားတာ..ဘုရားပဲ။ 🙏🙏ဘုရားစာတွေရွတ်ပြီး တဖြည်းဖြည်းချင်းလှမ်းလာတော့မှကမ်းဘက်
ကိုရောက်လာခဲ့တယ်။ ခုပြန်တွေးကြည့်ရင်တောင် အသဲအေးပြီး လန့်နေတုန်းပဲ။..ပျော်တော့လည်းပျော်ပါတယ်..တကယ့် Adventure ပဲ။😁

ဘုရားသမိုင်းကတော့ မြတ်စွာဘုရားသည်(ရာဇရြိုလ်ပြည်တွင် သီတင်းသုံးတော်မူရာ၊ ရှစ်ဝါအလွန်)သက္ကရာဇ် (၁၁၁)-ခုနှစ်၊ ဟေမန္တဥတု တန်ဆောင်မုန်းလအတွင်း၊ရဟန္တာအပါး(၅၀၀)နှင့်တကွဒေသစာရိဘကွချီတော်မူလေရာ၊ယောနကတိုင်းသာဂလပြည်ကြင်းမိုင်မြို့သို့ဆိုက်ရောက်တော်မူလေ၏။ကြင်းမိုင်မင်းမှာ တောင်နန်းစံမိဖုရားကြီးမှဖွားမြင်တော်မူသော သားတော်တစ်ကျိပ်၊ မြောက်နန်းစံမိဖုရားမှဖွားမြင်တော်မူသော  သားတော်တစ်ကျိပ် ပေါင်းသားတော်နှစ်ကျိပ်ရှိတော်မူ၏။ထိုမင်းတို့ကိုးကွယ်

ဆည်းကပ်သော ကပ္ပိန္နမည်တွင် ရှင်ရသေ့တစ်ပါးလည်းရှိ၏။ ထိုမင်းညီနောင်နှစ်ကျိပ်တွင်အကြီးဆုံးသောမင်းသားသည်

မြတ်စွာဘုရား ကြင်းမိုင်မြို့သို့  ဆိုင်ရောက်လျှင် ရှေ့ဦးစွာပင် ဘုရားရှင်ကိုယ်တော်မြတ်ကိုဖူးမြင်တွေ့ကြုံလေ၏။သို့ကာလ သုံးလောကသခင်နိဗ္ဗာန်ခွင်သို့ ကယ်တင်နိုင်သောရှင်တော်မြတ်ဘုရားဖြစ်ကြောင်း စုံစမ်းမေးမြန်းသိရှိရလေသော်ရှိခိုးပူဇော်ပြီး

လျှင် နောင်အစဉ်မပြတ် ရည်မှတ်ကိုးကွယ်ရန်ကိုယ်တော်အစားအဖြစ် တစ်စုံတစ်ရာပေးသနားတော်မူပါမည့်  အကြောင်းတောင်း

ပန်လျှောက်ထားသည်တွင်  ဘုရားရှင်ကိုယ်တော်မြတ်က တွေးဆတစ်ဖန် ရွှေဉာဏ်တော် စက္ခူဖြင့်မျှော်ရှုထောက်စပြိးသော်

 ဆံတော်တစ်ဆူပေးသနားတော်မူလေ၏။ ထို့ပြင်ကျန်သောမင်းတစ်ကျိပ်ကိုးပါးနှင့်တကွကပ္ပိန္နရှင်ရသေ့တို့ကလည်းဘုရားရှင်ထံဆည်းကပ်ခိုဝင်ပြီးသော် နောင်တော်ကြီးနည်းတူဆံတော်တစ်ဆူဘကစီရလိုပါကြောင်းဖြင့်။ ခညောင်းဝပ်တွား လျှောက်ထား

တောင်းပန်အသနားခံကြပြန်လေလျှင် မြတ်စွာဘုရားရှင်သည် ရသေ့ကြီးနှင့်တကွ မင်းသားတို့အားရွှေကြုပ်တစ်ခုစီလုပ်၍

ရသေ့ကြီးနှင့်တကွ မင်းတစ်ကျိပ်ကိုးယောက်တို့သည် ရှေ့တော်မှောက်သို့ ရောက်ကြပြန်ရာ၊ဘဂဝါအတုလသမ္မာသမ္ဗုဒ္ဓသုံးလောကထွဋ်ထားရှင်တော်ဘုရားကဆံတော်တစ်ဆူစီပေးသနားတော်မူလေသတည်း။ထို့နောင်ဘရားရှင်တော်မြတ်သည် ကြင်းမိုင်မြို့မှ၊(ယခုအခါ ကျိုက်ခမီမြို့နှင့် ခရီး ၃ မိုင်ခန့်အကွာတောင်အရပ်တွင်ရှိ) တောင်ဝိုင်းခေါ်တောင်ပေါ်သို့ကြွရောက်နေ

သန့်တော်မူပြီးမှတစ်ဖန်ဆက်လက်၍မြောက်ဘက်သို့ရောက်ပြန်တော်မူရာ နောင်အခါတွင်ဆံတော်ကို  ဌာပနာပြီးလျှင် စေတီတည်လတံ့သောကြောင်းခြင်းရာကိုမြင်တော်မူ၍ အောက်အတို့၌ကောင်းမြတ်ဆန်းကြယ်တင့်တယ်စွာဂူရှိသော(ယခုရေလယ်ဘုရားတည်ထားသည့်) ကျောင်းဆောင်ပေါ်၌တစ်ဖန် နေသန့်ပြန်ပြီးသော် သုဝဏ္ဏဘူမိ(သထုံ) မြို့သို့ ကြွချီတော်မူလေသတည်း။

ရွှေဆံတော်တစ်ဆူစီရရှိထားသောရသေ့ကြီးနှင့်တကွ  မင်းသားနှစ်ကျိပ်တို့သည်မိမိတို့ကိုဆီကိုငှရထားကြသောဆံတော်မြတ်

တို့ကို မြစ်ဆိပ်ကမ်းနားထူးခြားသောနေရာအရပ်မှာ ဌာပနာ၍ စေတီတည်ကိုးကွယ်ကြမည်ဟု ရည်ရွှယ်စိတ်တမ်းရွှင်လန်း

ဝမ်းသာ စေတနာရှိသည့်အတိုင်း ကျေးကျွန်သင်းပင်းမင်းချင်းဗိုလ်ပါများနှင့်တကွ စေတီတည်အံ့သော နေရာရှာတွေ့ကြသော

အခါယခုရေလယ်ကျောက်ဆောင်အတွင်း၌သန့်ရှင်းစင်ကြယ်ထူးဆန်းတင့်တယ်သောဂူ ကိုတွေ့မြင်ကြရလေ၏။ ထိုအခါ ကပ္ပိန္နရသေ့ကြီးနှင့်တကွ မင်းသားနှစ်ကျိပ်တို့သည် အထူထူးသောပွဲလမ်းသဘင်ဆင်ယင်ကျင်းပလျှက် အထူးထူးသောအမွှေး

အကြိုင် ပန်းနံ့သာတို့ဖြင့် တစ်လပတ်လုံး ပူဇော်လှုဒါန်းကြပြီးမှ ရသေ့ကြီးနှင့်မင်းသားတို့သည်မိမိတို့အသီးသီးရရှိကိုးကွယ်

ကြသောဆံတော်(၁၁)ဆူကိုဌာပနာရန်ထပ်မံ၍ရွှေကြုပ်(၁၁)လုံးနှင့်အောက်ခံကလပ်(၁၁)ချပ် တို့ကိုပြုလုပ်ကြကုန်၏။ ထိုသို့

များပြားလှစွာသောရတနာအမျိုးမျိုးနှင့်တကွ အဖိုးတစ်သိန်းထိုက်တန်သော ကေတုမ္ပရာဇ်တိုင်းဖြစ်အဝတ်ပုဆိုးများပေါ်တွင် အဖိုးတစ်သိန်းထိုက်တန်သော စန္ဒကူးမှုံတို့ကိုဖြန့်ခါထားလျက် ပထမရွှေကြုပ်ငယ်များကို နောက်ထပ်ပြုလုပ်သောရွှေကြုပ်ကြီးမျာ

အတွင်းသို့ထည့်သွင်းပြီးလျှင် ဂူထဲ၌ဌာပနာကြခြင်း။ ထိုမှတစ်ပါးလေးလက်မခန့်ရှိသောစိန်နှင့်ပတ္တမြားကို မြတ်စွာဘုရား

သဏ္ဍန်တော်နှစ်ဆူထုလုပ်၍ ဌာပနာကြခြင်း၊ ထို့ပြင်ရသေ့ကြီးနှင့်တကွမင်းသားနှစ်ကျိပ်တို့သည် စိန်ပန်း ပတ္တမြားပန်း ရွှေပန်း

ငွေပန်း များနှင့်တကွပူဇော်ကန်တော့ဟန်ပုံသဏ္ဍန်များကိုလည်းရွှေစင်ဖြင့် သွန်းလုပ်၍ ဌာပနာကြခြင်း။ ဤကဲ့သို့ဌာပနာ

ကြပြီးသော် တောင်သင့်ရာ လူတစ်ချို့ကို ရွေးချယ်၍အစောင့်အရှောက်ထားပြီးနောက် ဆယ်ဆူသော ဆံတော်များဌာပနာရန်

စေတီတော်တည်ရာအရပ်ကိုရှာတွေ့ကြသော် ယခု မော်လမြိုင်မြို့အထက်မြစ်မကြီးနှစ်ကွေ့ခွဲအကွာတွင် အရှေ့ဘက်ကမ်း

၌သိုက်မြိုက်တင့်တယ်ရှုမညီးဖွယ်သောတောင်တစ်တောင်ကို တွေ့မြင်သဘောကျလျက်နေ့ရက်မကြာမှီအတွင်း ထို်တောင်ပေါ်

တွင် ကောင်းစွာရှင်းလင်းခင်းကျင်းလှုဒါန်းပွဲလမ်းသဘင်တို့ဖြင့်ယခင်ဆံတော်မြတ်များကို ပူဇော်သည်နှင့်မခြား ပူဇော်လှုဒါန်း

ကြပြီးထိုကျန်သောဆံတော်မြတ်၉၁၀)ဆူကိုရှေးနည်းအတူဌာပနာကြလေကုန်၏။ထို့နောက်မှ မင်းတစ်ကျိပ်နှင့်တကွ ထက်

ဝက်သောဗိုလ်ပါတို့သည် ပထမဆံတော်(၁၁)ဆူကို ဌာပနာသောဂူ၏အပေါ်တွင် စေတီတည်လုပ်ရန်ပြန်လာကြပြီးလျှင် ဘိနပ်တော်(၁၅)တောင်အမြင့်(၁၈)တောင် ရှိစေတီကိုတည်ထားကြကုန်၏။ဤသို့အားဖြင့် ဆံတော်(၁၁)ဆူ ဌာပနာ

ထားသောစေတီတော် ကိုဧကဒဿမစေတီတော်ဟုခေါ်ကြလျက် ဘွဲ့တော်တံဆိပ်ခတ်နှိပ်ကြကုန်၏။ ထိုစေတီတော် နှစ်ဆူကို

ဘိနပ်တော်မှလုံးပတ်အကျယ်အဝန်း အမြင့်ပမာဥတူစွာတည်ကြကုန်ရာ။ သက္ကရာဇ်(၁၁၇)ခုနှစ်အတွင်း၊ပြီးမြောက်အောင်မြင်ခြင်း

သို့ရောက်လေသည်။အထက်တွင်ဖော်ပြခဲ့သော ဆံတော်(၁၁)ကိုဌာပနာထားသည့်{ ယခုရေလယ်ဘုရားကြီး} ဂူနှင့် ခရီးတစ်မိုင်

ကွာ(တောရကျောင်း)ဆင်ပုန်းဂူ၊ ထိုဂူမှနှစ်မိုင်ကွာသင်္ကန်း(လှန်း)တောင်၊ ထိုတောင်မှထားဝယ်မြို့သို့အရေခံတိုးလျှိုးပေါက်

ကြောင်း။ ထိုခဏ၌ တာဝတိံသာနတ်ပြည်ရှင်ဘုရင်သိကြားသည် ဗဏ္ဍုကမ္ဗလာမြကျောက်ဖျာ၏ တင်းမာပူလောင်မှုကြောင့် 

လူ့ပြည်သို့ရှုကြည့်လေလျှင်။ဒေဝါနံပီယတိဿမင်းကြီးသည်မြတ်စွာဘုရား၏ကိုယ်စား ရုပ်ပွားတော်များကိုအလိုရှိသည့်အချင်း

အရာဖြစ်ကြောင်းသိတော်မူ၍ ဉာဏ်တော်တစ်ထောင်နှင့် ဆယ့်နှစ်လက်သစ်ရှိ ရုပ်ပွားတော်လေးဆူကို စန္ဒကူးသာဖြင့်ပြုပြင်

ဖန်ဆင်း၍ ဓါတ်တော် ရ ဆူစီ ဌာပနာပြီးမှ ရုပ်ပွားတော်များကို ဒေဝါနံပီယတိဿမင်းကြီး၏ ရာဇပလ္လင်ပေါ်တွင်တင်ထားလေ၏။

ထိုသည့်လွန်မြောက်မိုဃ်းသောက်ထ၌ မင်းကြီးသည် ရုပ်ပွားတော်လေးဆူကို ဖူးမြင်ရလေလျှင် ပီတိသောမနဿ အလွန်
ဝမ်းမြောက်လှသောကြောင့် ရဟန္တာကိုယ်တော်မြတ်များစွာတို့ကို လျှောက်ထားပင့်ဖိတ်၍ များစွာသောအလှုကြီးကိုပေးပြီးလျှင် (၁၅)ရက် (တပက္ခ)ပတ်လုံး၊ ရုပ်ပွားတော်လေးဆူကို အထူးထူးသောပူဇော်ခြင်းတို့ဖြင့်ပူဇော်၍ အထူးထူးအပြားပြားများစွာသော
ပွဲလမ်းသဘင်ဆင်ယင်ကျင်းပပြီး ဥပတိံဿရဟန္တာအရှင်မြတ်သည်၎င်းရုပ်ပွားတော်လေးဆူအနက် နှစ်ဆူသောရုပ်ပွားတော်
များကို သင်္ကန်းတုံးနှစ်တုံးပေါ်မှာ တစ်ဆူကိုကျွန်းတုံးပေါ်မှာ ကျန်တစ်ဆူကိုကျောက်လှည်းဘီးပေါ်တွင်တင်ပြီးလျှင် ဇမ္ဗူကော
လသဘောင်္ဆိပ်မှ သရိယဓါတ်ဆံတော်မြတ်ကို ကိန်းဝပ်တော်မူသောအရပဌာန်တို့၌ တည်တံ့ပါစေသတည်းဟုအဓ်ိဌာန်ပြီးလျှင် ပင်လယ်ပြင်သို့မျှောလိုက်လေ၏။  ထိုနောက် ကျွန်းတုံးနှင့်မျှောလိုက်သောရုပ်ပွားတော်တစ်ဆူသည် ရခိုင်ပြည်နယ်မှာ ၊ကျောက်လှည်းဘီးနှင့်မျှောလိုက်သော ရုပ်ပွားတော်တစ်ဆူသည် ကျိုက်ထိုမြို့မှာ၊ သင်္ကန်းတုံးတစ်တုံးနှင့်ရုပ်ပွားတော်တစ်ဆူ
သည် ထားဝယ်မြို့မှာရပ်တံ့တော်မူသည်။ အခြားသောသင်္ကန်းထုံးတစ်တုံးနှင့် ရုပ်ပွားတော်တစ်ဆူသည် ယခုရေလယ်

ကျောက်ဆောင်နှင့်မနီးမဝေး အလန် (၅၀)အကွာတွင် ရေတက်ရေကျသော်ငြားလည်း မရွေ့လျားဘဲတည်မြဲရပ်တံ့တော်မူလေ၏။

သို့ရပ်တံ့တော်မူသည်ကို တုံဇောင်ပီမြို့သူမြို့သားတို့ ဖူးမြင်တွေ့ရှိကြသောကာလ လှေနှင့်ကူးပြီးလျှင် သင်္ကန်းတုံးကိုကြိုးတပ်

လျက် ကိုယ်တော်မြတ်ကိုကုန်းပေါ်သို့ ဝိုင်းဝန်းဆွဲကြပါသော်လည်း အနည်းငယ်မျှမလှုပ်မရှားမကြွတော်မူဘဲတည်မြဲတိုင်းနေ

ရာ၌သာတည်နေတော်မူလေ၏။ ၎င်းနောက် အသီးသီးသစ္စာအဓိဌာန်ပြု၍ ဆွဲငင်ကြပါသော်လည်း ရှေးနည်းအတိုင်းတည်နေ၍

သာနေလေ၏။ ထို့နောက် ၎င်းမြို့တွင် အကျင့်သီလသမာဓိနှင့်ပြည့်စုံသောမုဆိုးမတစ်ဦးသည် ချည်ပင်နှင့်သင်္ကန်းတုံးကို ရစ်

ပတ်ပြီးလျျှင် ဘုရားတပည့်တော်မသည် မှတ်မိသောအရွယ်ငယ်စဉ်ကပင် ယခုထက်ထိစေတနာနှင့် တကွ ငါးပါးသီလ၌ကြူး

လွန်ပျက်ကွက်ခြင်းမရှိပါ ထိုသစ္စာမှန်က ဘုရားကိုယ်တော်မြတ်သည် ကြွလာတော်မူပါစေသတည်းဟု အဓိဌာန်ပြု၍ ချည်ပင်ကိုင်

လိုက်သည်နှင့်တစ်ပြိုင်နက် သင်္ကန်းတုံးနှင့်တကွ ရုပ်ပွားတော်သည် ယခုဝတ်ကြီးဆောက်တည်ပြုလုပ်ထားသောနေရာအနီး

ကုန်းပေါ်သို့၊ သာသနာသက္ကရာဇ်(၂၃၇)နှစ်၊ နတ်တော်လဆန်း(၁၅)ရက် (လပြည့်) နေ့တွင် ကြွရောက်ပါလာလေသတည်း။

 ၎င်းရုပ်ပွားတော်အရှင်မြတ်ကို ရှေးမင်းသားများတည်ထားသော ဧကဒဿစေတီတော် အရှေ့မုခ်ထဲတွင်ပင့်၍ကိုးကွယ်ထားလေ

လျှင်တောင်အရပ်ဖြစ်သောပင်လယ်ဘက်သို့မျက်နှာတော်မူ၍ စံနေတော်မူ၏။တစ်ဖန်အရှေ့ဘက်သို့မျက်နှာတော်လှည့်၍ထား

ပြန်သော်တောင်ဘက်သို့ပင်မျက်နှာတော်မူလျက်ရှိလေ၏။ ထို့နောက် တောင်ဘက်မုခ်တွင်ပင့်ဆောင်၍ထားမှသာလျှင်မျက်နှာ

တော်ကိုဖူးမြင်ကြရလေ၏။ ၎င်းနောက် ဧကဒဿစေတီတော်သည် ပျက်စီးယိုယွင်းထိုဆံတော်မြတ်(၁၁)ဆူဌာပနာထားသော

ကျောက်ဆောင်ပတ်လည်တွင် ဝတ်ကျောင်းကြီးတည်ဆောက်ပြုလုပ်ထားပြီးလျှင် ရုပ်ပွားတော်အရှင်မြတ်ကို ပင့်၍ထားရာ

ရှေးကဲ့သို့ပင် တောင်ဘက်ပင်လယ်ပြင်သို့ မျက်နှာတော်မူလျက်သာ စံနေတော်မူပါသတည်း။ မုဆိုးမအဓ်ိဌာန်၍ ရုပ်ပွားတော်

ရောက်ပါလာသည်ကိုအစွဲပြုသဖြင့် တုံဇောင်ပီမြို့ကို မုဆိုးမမြို့ ဟုခေါ်တွင်ကြပြန်လေ၏။ထို့ပြင် ၎င်းရုပ်ပွားတော် မျက်နှာတော်မူ

သည်ကို အကြောင်းပြု၍ (မွန်-တလိုင်း )ဘာသာဖြင့်”ကျိုက်ဟမီ” မြန်မာဘာသာနှင့် ပြန်လျှင် “ ဘုရားမျှော် “ ဟု ခေါ်ဆိုလေ

သည်။ ၎င်းမွန်ဘာသာအခေါ် “ ကျိုက်ဟမီ “ ကိုကာလရွေ့လျှောလာသောကြောင့် မြန်မာတို့ခေါ်သည်မှာ” ကျိုက်ခမီ “ ဟု ဖြစ်လာလေသည်။ (မွန်-တလိုင်း) လူမျိုးတို့သည် ယခုထက်တိုင် “ကျိုက်ဟမီ” ဟူ၍သာ ခေါ်ဝေါ်ကြပါသည်။

#credit
 
#စက်စဲကမ်းခြေ🏖
 
ကမ်းခြေမှာ အပန်းဖြေရေဆော့ကစားနိုင်မယ့် စက်စဲကမ်းခြေကိုလည်းရောက်ခဲ့ပါတယ်။ ရေတော့ မဆော့ခဲ့ပါ..ဘာလို့ဆို မွန်လေးတို့ အဲကိုရောက်သွားတော့ နေ့လည်ထမင်းစားချိန်ကြီး၊ နေကခေါင်းပေါ်တည့်တည့်ရောက်နေတာလေ။ ♨️🍛🍤🥓🍲🦐🦑🐙🐠ဗိုက်ကဆာနဲ့ရေဆော့ဖို့နေနေသာသာ ထမင်းပဲပြေးစားတာပေါ့။ ပင်လယ်နဲ့နီးတဲ့ဒေသတွေရဲ ့ ပင်လယ်စာတွေက ဘယ်လိုစားကောင်းမှန်းမသိကိုကောင်းတာ။ မွန်လေးငယ်ငယ်ကရခိုင်ကျောက်ဖြူသွားတုန်းကလည်း ဂုံးကိုအဲ့မှာစစားဖူးတာ.
.အရသာရှိတာများလေ..ခုရန်ကုန်မှာစားတာနဲ့ကိုမတူတာ..ခုစက်စဲမှာစားတဲ့ပင်လယ်စာတွေလည်းအဲလိုပဲ..အရမ်းအရသာရှိတယ်။ ကိုယ်ဆိုအားရပါးရလွေးတာပဲ။😜
 
#မော်လမြိုင်မြို့တောင်ရိုးတန်းရှိ ဦးဇိနစေတီ🙏
 
နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် မသိုးသင်္ကန်းရက်ပွဲတော်တို့ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး အနယ်နယ် အရပ်ရပ်မှာ ဘုရားဖူးမိတ်ဆွေများ လာရောက်ဖူးမျှော်ကြပါတယ်။ မော်လမြိုင်မြို့ နာဂဝီသတောင်တန်းမှာ ဦးဇိန ဘုရားတည်
မယ့် နေရာက ယခင်ကတော့ တောင်တောင်ခြုံနွယ် တွေ တိုးမပေါက်အောင် ထူထပ်တဲ့ တောကြီးတစ်ခုပါ။ အဲဒီတောအုပ်ထဲမှာ
ထင်းခုတ်သမား လင်မယား၂ယောက် နေကြတယ်။ တစ်နေ့ ယောကျင်္ားဖြစ်သူက ထူးဆန်းတဲ့ အိမ်မက်မြင်မက်တယ်။ အိမ်မက်
ထဲ မှာ ဘယ်နေရာ.. ဘယ်အပင်အောက်မှာ ရွှေအိုး..တွေမြှုပ်ထားတယ်.. အဲဒါ သွားတူးဆိုပြီးမက်တော့ ယောကျင်္ားဖြစ်သူက သွားတူးတယ် တကယ်ကိုပဲ ရွှေအိုးကြီးတွေရတယ်…. ရွှေအိုးရတာနဲ့ ယောကျင်္ားဖြစ်သူက ပါရမီ ဓါတ်ခံရှိတော့ .မိန်းမလုပ်သူကို ထိုက်သင့်တဲ့ ဝေစုပေးပြီး သူကျတော့ ရသေ့အဖြစ်ခံယူပြီး အိမ်မက်ကြောင်း အရ အဲဒီရွှေအိုးတွေ ရတဲ့နေရာမှာ ဘုရားတည် ဖို့ ဆုံးဖြတ်ခဲ့တယ် …. အဲဒီရသေ့ရဲ့ ဘွဲ့တော်က ဦးဇိန….. ဘုရားတည်ဖို့ဆိုတာ လူအင်အားလိုတယ်။ ခြုံနွယ်ပိတ်ပေါင်းထူထပ်နေ
တဲ့ နေရာတွေကို ရှင်းဖို့ လူလိုတယ်။ အဲဒီမှာ ရသေ့ကြီးဦးဇိနက ခြုံတွေထဲကို ရွှေဒင်္ဂါးတွေ ပစ်ထည့်လိုက်တယ်။ ပတ်ဝန်းကျင်က လူတွေက ခြုံတွေထဲက ရွှေဒင်္ဂါးတွေကို လိုချင်တဲ့ ဇောနဲ့ အားလုံးခုတ်ထွင်ပြီး ရှာကြတာ နောက်ဆုံး ခြုံတောတွေ အားလုံး ရှင်းပြီးသားဖြစ်ပြီး နောက်ဆုံး အတိုချုပ်ပြောရရင် ဦးဇိန စေတီတော်ကို တည်ထားနိုင်ခဲ့ခြင်းဖြစ်တယ်။
#credit
 
#ကျိုက်သလ္လံစေတီတော်မြတ်ကြီး🙏🙏
 
ကျိုက်သလ္လံစေတီကတော့ မော်လမြိုင်မြို့ပေါ်မှာအထင်ရှားဆုံး စေတီတစ်ဆူ ဖြစ်ပါတယ်။ မြို့ရဲ့အရှေ့ဖက်သံလင်တောင်စွယ်မှာတည်ရှိပါတယ်။ 
 
သာသနာနှစ် ၂၃၆ တွင် ယခု မော်လမြိုင် ခေါ် ရမ္မာဝတီမြို့၏ မွတ်ပိရာဇာမင်းသည် သထုံပြည်မှ သွားတော် ဓာတ်တစ်ဆူ
ရရှိခဲ့သဖြင့် မြတ်စွာဘုရားသခင် ကြွရောက်နားနေတော်မူဖူးရာ နာဂဝသီတောင်လည်းခေါ် သံလင်တောင်စွယ်တွင် ဌာပနာ၍ စေတီတည်ခဲ့ကြောင်း။ ဆံတော်ဓာတ်ကိုလည်း ဌာပနာကြောင်းနှင့် အဆိုရှိသည်၊၊ ဘုရားတည်ရာတောင်ကို အစွဲပြု၍ စေတီကိုလည်း ကျိုက်သံလင်စေတီဟု ခေါ်တွင်လေသည်၊၊ ယခုအခါ စကား ရွေ့လျောလာသဖြင့် ကျိုက်သံလန်
ဖြစ်လာသည်၊ ရှေးအခါက ထိုစေတီ တည်ထားရာ တောင်ခြေသည် ပြိုပျက်အံ့သကဲ့သို့ ရှိသောကြောင့် မွန်ဘာသာဖြင့် ‘သံလင်ဟု သမုတ်ခဲ့တယ်ဆိုတာကို ကြားသိခဲ့ရသည်။ အရမ်းလည်း သပ္ပာယ်လှပါသည်။ ယခုအခါ ကျိုက်သလ္လံ စေတီတော်ရဲ့ ဉာဏ်တော်မှာ ပေ ၁၅ဝ ရှိပြီး ဖိနပ်တော် အဝန်းမှာ ပေ ၄၅ဝ ရှိပြီးတော့ စေတီရံပေါင်း ၃၄ ဆူ ရှိသေးသည်။ ဒါတောင် ၁၃၀ရ ခုနှစ်က ကျိုက်သလ္လံစေတီ ကုန်းတော် သုံးပုံ တစ်ပုံခန့် ပြိုကျပျက်စီးခဲ့ပြီး မြို့သူမြို့သားများက ကျိုက်သလ္လံ ရင်ပြင်တော်
ပြုပြင်ရေးအဖွဲ့ ဖွဲ့ပြီး ထပ်မံပြင်ဆင် ခဲ့ကြရသေးသည်။ မြန်မာ့သမိုင်းတွင် ကံရာဇာကြီး၊ ကံရာဇာငယ် ညီနောင်နှစ်ပါးသည် ဘုရင်အဖြစ်ကို ရရှိရန်အတွက် စေတီတစ်ဆူကို အပြိုင်တည်ခဲ့ကြရသည်။ ကျိုက်သလ္လံ စေတီတော်သမိုင်းသည်လည်း ထိုနည်းတူပင် ဖြစ်ပါသည်။ ထိုကဲ့သို့ စေတီအပြိုင်တည်၍ ပြဿနာဆုံးဖြတ်ခြင်းသည် မွန်လူမျိုးများကပင် စတင်ခဲ့သည်လား၊ ကံရာဇာကြီး၊ ကံရာဇာငယ်တို့ကပဲ စတင်ခဲ့သည်လားတော့  မပြောတတ်ပါ။
 
စေတီတော်သမိုင်းမှာ… ရှေးယခင်က မွန် နှင့် ရှမ်းလူမျိုးများ (ထိုအချိန်က မွန်လူမျိုးများသည် ယိုးဒယားလူမျိုးများကို ရှမ်း ဟု ခေါ်ဝေါ်ခဲ့ကြသည်။) သည် မကြာခဏ စစ်မက်ဖြစ်ပွါးခဲ့ကြသည်။ မွန်များက ရှမ်းဒေသကို စစ်မက်ပြုလိုက်၊ ရှမ်းများက မွန်ဒေသကို စစ်မက်ပြုလိုက်နှင့် အချိန်ကာလများစွာ စစ်ပွဲများဖြစ်ပွါးခဲ့သည်။ ထိုဒေသနှစ်ခုလုံးသည်လည်း စစ်ပွဲများကြောင့် ပျက်ဆီးခဲ့ရသည်။ တနေ့တွင် ရှမ်းများသည် မွန်ဒေသကို စစ်မက်ပြုရန်အတွက် ချီတက်လာကြသည်။ မွန်ဘုရင်သည် ပညာရှိသုခမိန် အမတ်များကို ခေါ်၍ ရှမ်းများအား မည်ကဲ့သို့ ပြန်လည်တိုက်ခိုက်သင့်ပုံကို ဆွေးနွေးတိုင်ပင်သည်။
 
ထို့နောက် ရှမ်းဘုရင်ထံသို့ သံအဖွဲ့အား စေလွှတ်ပြီး စစ်မက်ပြုခြင်းဖြင့် ဒေသနှစ်ခုလုံး ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်၍ အကျိုးမရှိကြောင်း၊ ပညာရှိနည်းဖြင့်သာ ဆုံးဖြတ်သင့်ကြောင်း ပြောဆိုခဲ့သည်။ ထို ပညာရှိနည်းဖြင့် ဆုံးဖြတ်ချက်အရ ရှုံးနိမ့်သူက အနိုင်ရရှိသူ၏ဒေသကို မည်သည့်အခါမျှ ကျူးကျော်တိုက်ခိုက်ခြင်း မပြုရန် သဘောတူညီမှု ရရှိခဲ့သည်။
 
 ထိုပညာရှိနည်းမှာ – တစ်နေ့တည်းနှင့် ဘုရားတစ်ဆူကို မွန်လူမျိုးနှင့် ရှမ်းလူမျိုးတို့ အပြိုင်တည်ရမည် ဖြစ်သည်။ အရင်
ဆုံးပြီးအောင် တည်နိုင်သူသည် အနိုင်ရရှိမည် ဖြစ်သည်။ ဤသို့ဖြင့် ကုန်းမြင့်တစ်ခု(ယခု ကျိုက်သလ္လံဘုရား ကုန်းတော်) ပေါ်တွင် မွန် နှင့်ရှမ်းတို့ စေတီအပြိုင်တည်ခဲ့ကြသည်။ မွန်လူမျိုးတို့က စေတီအမြန်ပြီးစီးရေးအတွက် ဝါးများဖြင့် စေတီတည်ကြသည်။ တစ်နေ့တည်းနှင့် တည်ပြီးသော ထိုစေတီကို ထုံးသင်္ကန်း ကပ်လှူလိုက်သောအခါ အလွန်ပင်ကြည်ညိုသပ္ပါယ်ဖွယ် ကောင်း
လှသည်။ ရှမ်းလူမျိုးတို့သည် စေတီတော်ကို အုတ်၊ သဲ၊ကျောက် တို့ဖြင့် တည်ဆောက်သောကြောင့် တစ်နေ့တည်းနှင့်မပြီးပေ။ ထို့ကြောင့် ပညာရှိနည်းဖြင့် ဆုံးဖြတ်ချက်အရ မွန်တို့က အနိုင်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ရှမ်းတို့သည်လည်း မွန်ဒေသကို မည်သည့်အခါမျှ လာရောက်ကျူးကျော်ခြင်း မပြုတော့ပေ။
 
ကျိုက်သလ္လံစေတီတော်၏ မွန်အမည်မှာ ကျာ်သေမ်လီုဖြစ်ပါသည်။ မြန်မာလို အသံထွက်မှာ ကျိုက်ဆီမ်းလန် ဟူ၍ဖြစ်ပါသည်။ ကျာ် ရဲ့ အဓိပ္ပါယ်မှာ ဘုရား၊ သေမ် ရဲ့ အဓိပ္ပါယ်မှာ ရှမ်း ၊ လီု ရဲ့ အဓိပ္ပါယ်မှာ ပျက်ဆီးခြင်း၊ ထွက်ပြေးခြင်း လို့ အဓိပ္ပါယ်ရပါသည်။။ သို့ဖြစ်သောကြောင့် ကျာ်သေမ်လီု ဆိုသည်မှာ ရှမ်းလူမျိုးမျာကို ထွက်ပြေးစေနိုင်သော၊ ပျက်ဆီးစေနိုင်သော ဘုရားလို့ အဓိပ္ပါယ်
ရပါသည်။ ဤစေတီတော်ကြီး၏ တန်ခိုးတော်ကြောင့် မွန်ဒေသသည်လည်း စစ်မက်မဖြစ်ပွါးတော့ဘဲ တိုးတက်စည်ပင်လာခဲ့
သည်ဟု ပါးစပ်ရာဇဝင်သမိုင်းအဖြစ် တည်ရှိနေပါတော့သည်။
#credit
#ခေါင်းဆေးကျွန်း🏝
 
အကျယ်အားဖြင့် (၉.၂၅) ဧကရှိပြီး တည်နေရာမှာ မုတ္တမ နှင့် မော်လမြိုင်မြို့အကြား “သံလွင်၊ ဒုံသမိ၊ ဂျိုင်း၊ အတ္တရံ နှင့် စန္ဒရော” ဟူသော မြစ်ကြီးငါးသွယ် စုစည်းပေါင်းစုံမိသည့် အလယ်ဗဟိုတွင် ဖြစ်ပါတယ်။ မူလပထမ အစအနေဖြင့် ‘ပတ္တမြားကျွန်း’ လို့ခေါ်တွင်ခဲ့ပြီး အဗန္ဓရကျွန်း၊ အောင်မြေကျွန်း၊ ရတနာကျွန်း၊ နတ်ရေတွင်းကျွန်း၊ သိုက်ပေါင်းစုံကျွန်း၊ ငွေယားကျွန်း၊ ပွန်ဇလိုင်ကျွန်း (မွန်အခေါ်) နှင့် ခေါင်းဆေးကျွန်း (လက်ရှိ) ဆိုပြီး နာမည်အမျိုးမျိုး ခေါ်တွင်ခဲ့ပါတယ်။  စေတီဘုရားတွေ
တည်ထားပြီး သာသနာ့နယ်မြေ ကျွန်းတစ်ခုပါပဲ။ ရောက်တော့မရောက်ခဲ့ပါဘူး။ သွားလို့ရအောင်ရေးထားတာပါ။ သွားချင်ကြတဲ့သူများက မော်လမြိုင်မြို့က ဆိပ်ကမ်းကနေ စက်လှေကို(၅)မိနစ်လောက် စီးသွားရင်ကို ရောက်ပါတယ်။
 
#မုဒုံမြို့ရှိ ဝင်းစိန်တောရ အတောင်(၄၀၀)ပြည့်လျောင်းတော်မူဘုရား🙏
 
မုဒုံလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ ဝင်းစိန်တောရ ဘုန်းတော်ကြီးကျောင်းမှာ အလွန်ကြီးမားတဲ့ အတောင်၂၀ဝ ပြည့် လျောင်းတော်
မူ ဗုဒ္ဓရုပ်ပွားတော်ကြီး၊ ထိုလျောင်းတော်မူ ရုပ်ပွားတော်ကြီးရဲ့ အထဲမှာတော့ ဗုဒ္ဓဝင် ပြခန်းတွေ ရှိပါတယ်။ ဝင်းစိန်တောရ ဆရာတော်ဘုရားကြီး ရုပ်ကလပ်တော် နှင့် သာသနိကအဆောက်အဦးများကိုလည်းဝင်ရောက်ဖူးမြော်ခဲ့ပါတယ်။ လမ်းလျှောက်ပြီးတက်လို့ရသလို..ဆိုင်ကယ်စီးပြီးလည်းတက်လို့ရပါတယ်။ မွန်လေးတို့ကတော့ ဆိုင်ကယ်ပဲစီးပြီးဝင်ရောက်
ဖူးမြော်ခဲ့ပါတယ်။ ဘုရားစေတီအကြီးကြီးတွေကိုဖူးမြော်ရတိုင်းအရမ်းကိုကျေနပ်ပီတိဖြစ်မိပါတယ်။☺️
 
#စိန်တုံးမိဖုရားကျောင်း (ရတနာဘုုံမြင့် ဘုန်းကြီးကျောင်း)🙏
 
မင်းတုန်းမင်းရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ စိန်တုံးမိဖုရားဟာ အင်္ဂလိပ်ကိုလိုနီတို့ မန္တလေးနန်းတော်ကို သိမ်းပိုက်ချိန်မှာ
 မော်လမြိုင်ဘက်ကိုရောက်ရှိလာပြီး သူတည်ဆောက်ခဲ့တဲ့ကျောင်းဖြစ်တဲ့ စိန်တုံးမိဖုရားကျောင်းဆို မော်လမြိုင်မြို့ရဲ့
 ကျော်ကြားတဲ့ အလှတရားတစ်ခုဖြစ်ပါတယ်။ စိန်တုံးမိဖုရားကျောင်းမှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀ဝ ကျော် တည်ရှိ
နေပြီဖြစ်လို့ ရှေးဟောင်းအနုသုခမလက်ရာတွေကို ရှုမြင်ခံစား၏ရမှာဖြစ်ပါတယ်။ ရတနာပုံခေတ် အံ့ဩဖွယ် မှန်စီရွှေချလက်ရာများကိုလည်းလေ့လာနိုင်ပါတယ်။
 
#ဘီလူးကျွန်း👍
 
မော်လမြိုင်ဘက်ခြမ်းမှာ နောက်ဆုံးပေါ်ပေါက်လာတဲ့ ခရီးသွားစရာနေရာလေးကတော့ ဘီလူးကျွန်းပါပဲ။ မကြာသေးမီကဖွင့်လှစ်
ခဲ့တဲ့ သံလွင်မြစ်ဖြတ် ဗိုလ်ချုပ်အောင်ဆန်းတံတား ဖွင့်လှစ်ပြီးနောက် မော်လမြိုင်နဲ့ ဘီလူးကျွန်း (ချောင်းဆုံ) တို့မှာ ၁၅ မိနစ်ခန့်
အချိန်ပေးရင် ရောက်ရှိနိုင်ပြီ ဖြစ်ပါတယ်။ မော်လမြိုင် အနောက်ဘက်ခြမ်းမှာ ရှိတဲ့ မွန်တိုင်းရင်းသားများအများဆုံးနေထိုင်
ရာ ကျွန်းလေးတစ်ကျွန်းဖြစ်ပြီး ဘီလူးကျွန်းထွက် ဆေးတံများမှာ ကမာ္ဘ့ကျော်သိ ထုတ်ကုန်တစ်မျိုးလည်းဖြစ်နေပါပြီ။
ကောျက်သင်ပုန်းလုပ်ငန်းတွေလည်းရှိပါတယ်။မွန်လေးတို့ကတော့ နိုင်ငံခြားသားတွေကို တိုးစီစဉ်ပေးရင် လှေနဲ့ပဲ..
သဘာဝအလှအပကို ကြည့်ရှုနိုင်အောင် စီစဉ်ပေးပါတယ်။
 
# မော်လမြိုင် – View Point & Sunset🌇
 
သူကဦးဇိနစေတီနဲ့သိပ်မဝေးပါဘူး။ မော်လမြိုင်မြို့ရဲ့ နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်ပါတယ်။
 
#ဖားအောက်တောရ🙏
 
ကမာ္ဘသိ ဖားအောက်တောရသို့လည်း တစ်ခါတစ်ခေါက်အရောက်သွားသင့်ပါတယ်။ မြန်မာနိုင်ငံသားတွေအပြင် နိုင်ငံခြား
သားများပါ ဗုဒ္ဓတရားတော်ကို ရှုမှတ်လျက်ရှိတာကို တွေ့မြင်ရပါတယ်။ အဆိုပါတောရမှာ ဧက ၅၀၀ ခန့် ကျယ်ဝန်းပြီး
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးတရားထိုင်ရာ တောရတစ်ခုလည်း ဖြစ်ပါတယ်။
 
ဘယ်လောက်တွေကုန်ခဲ့လဲဆိုတာတော့ ရုံးကနေပို့ပေးတဲ့အတွက် ကုန်ကျစရိတ်တော့မရေးတော့ဘူးနော်။
 
ခရီးတွေလည်း အများကြီးဆက်သွားပြီးရေးပေးပါဦးမယ်..
 

One comment

  • ဦးကြောင်ကြီး

    November 6, 2018 at 6:13 am

    ခြစ်သျှားကို ကျွးခြင်တယ်

Leave a Reply