ထူးဆန်းသည်ကကိုယ်တွေ ့ဖြစ်ရပ်လေးတစ်ုပါ။

မွေးထဲကမိဘ၂ပါးမြင်တွေ ့လိုက်ရတာက

ဘယ်ဘက်ဦးခေါင်းမှာပါလာတဲ့မဲနက်နေတဲ့အမှတ်လေး။

တော်သေးတာပေါ့၊သမီးလေးရဲ ့ဘယ်ဘက်ဦးခေါင်းဆံပင်ပေါက်တဲ့နေရာဖြစ်နေလို ့၊

အဖေ့စကားကြားလိုက်ရတဲ့အမေ့မှာမွေးခါစသမီးလေးကိုကြည့်ပြီးအမေ

ပျော်သွားသည်။

ဘယ်ဘက်ဦးခေါင်း၌အမှတ်(အမဲရောင်)ပါလာသည့်ကျွန်မကတော့နားလည်လာစ

အရွယ်ထဲကဆံပင်တွေပေါက်နေတဲ့နေရာမှာ၊ဖြစ်နေတာမို ့မမြင်မတွေ ့ခဲ့မိတာအမှန်ပင်။

မိဘတွေမသိစေချင်သည့်အတိတ်ကဖြစ်ရပ်များစွာရှိနေတာကို၊ကျွန်မမသိတာအမှန်ပါ။

ကျွန်မမေးမြန်းနေသည့်အရာတိုင်းကလည်း

အဖေ,အမေနှင့်ပတ်သက်နေသည့်အတိတ်က၊ကိစ္စရပ်များစွာဖြစ်နေလေ့ရှိတာပါဘဲ။

ကျွန်မမေးတိုင်းအဖေနှင့်အမေတို ့မပြောပြနိုင်သည့်ကိစ္စရပ်များဖြစ်နေပါတယ်။

အဖေနှင့်အမေမှလည်း၊ကျွန်မသာလူဝင်စားဖြစ်ခဲ့တာမှန်လျှင် အတိတ်ကိုမမှတ်မိနိုင်စေဘို  ့အဓိက

ဖြစ်လာပါတယ်။အဓိကထားပြီးကြိုးစားခဲ့ကြတာကို၊ကျွန်မနောင်အခါမှသာနားလည်ရိပ်မိသိရှိပါတယ်။

အဖေ,အမေတို ့မပြောပြနိုင်တဲ့အတိတ်ကို၊ပြောပြမဲ့သူရှိလာတာက၊ကျွန်မအတွက်ကုသိုလ်ကံ

တစ်ခုပါဘဲ။မိဘတွေပြည်ဖုံးကားချထားသည့်အတိတ်ကကိစ္စရပ်က၊

ကျွန်မအတွက်တစ်ခန်းရပ်ပြဇတ်ပါ။

ကျွန်မဆယ်ကျော်သက်အရွယ်လေးအထိ၊ကျွန်မမေးမြန်းခဲ့သောအရာမှန်သမျှ၊

မကြိုက်မနှစ်သက်ခဲ့ကြလို ့လည်း၊ကျွန်မရင်ထဲမှာမီးခဲပြာဖုံးတငွေ ့ငွေ ့ဖြစ်ခဲ့ရပါတယ်။

ကျွန်မကိုပြောပြနိုင်သည့်ဤကမ္ဘာမှာတစ်ဦးတည်းသောသူသည်လည်းသက်ရှိထင်ရှားမရှိတော့ပါ။

ကျွန်မဖြစ်ရပ်က လွန်စွာတော့ဆန်းကျယ်လှပါတယ်။

၂၀၁၁ခုနှစ်လောက်က၊မှတ်မှတ်ရရအိပ်မက်တစ်ခုမြင်မက်ပြီး

လန် ့နိုးပါတယ်။ ဝမ်းသာရမှာလား,ဝမ်းနည်းရမှာလားကျွန်မ,မသိပါ။

ထိုအိပ်မက်သည်ကား…အတိတ်ဘဝဟောင်း၏ကိစ္စတစ်ခုဖြစ်နေသည်ကားအမှန်ပင်။

 

 

 

 

 

 

About aye.kk

has written 247 post in this Website..