မယုံနိုင်ဖွယ်

aye.kkOctober 13, 20181min6076

ထူးဆန်းသည်ကကိုယ်တွေ ့ဖြစ်ရပ်လေးတစ်ုပါ။

မွေးထဲကမိဘ၂ပါးမြင်တွေ ့လိုက်ရတာက

ဘယ်ဘက်ဦးခေါင်းမှာပါလာတဲ့မဲနက်နေတဲ့အမှတ်လေး။

တော်သေးတာပေါ့၊သမီးလေးရဲ ့ဘယ်ဘက်ဦးခေါင်းဆံပင်ပေါက်တဲ့နေရာဖြစ်နေလို ့၊

အဖေ့စကားကြားလိုက်ရတဲ့အမေ့မှာမွေးခါစသမီးလေးကိုကြည့်ပြီးအမေ

ပျော်သွားသည်။

ဘယ်ဘက်ဦးခေါင်း၌အမှတ်(အမဲရောင်)ပါလာသည့်ကျွန်မကတော့နားလည်လာစ

အရွယ်ထဲကဆံပင်တွေပေါက်နေတဲ့နေရာမှာ၊ဖြစ်နေတာမို ့မမြင်မတွေ ့ခဲ့မိတာအမှန်ပင်။

မိဘတွေမသိစေချင်သည့်အတိတ်ကဖြစ်ရပ်များစွာရှိနေတာကို၊ကျွန်မမသိတာအမှန်ပါ။

ကျွန်မမေးမြန်းနေသည့်အရာတိုင်းကလည်း

အဖေ,အမေနှင့်ပတ်သက်နေသည့်အတိတ်က၊ကိစ္စရပ်များစွာဖြစ်နေလေ့ရှိတာပါဘဲ။

ကျွန်မမေးတိုင်းအဖေနှင့်အမေတို ့မပြောပြနိုင်သည့်ကိစ္စရပ်များဖြစ်နေပါတယ်။

အဖေနှင့်အမေမှလည်း၊ကျွန်မသာလူဝင်စားဖြစ်ခဲ့တာမှန်လျှင် အတိတ်ကိုမမှတ်မိနိုင်စေဘို  ့အဓိက

ဖြစ်လာပါတယ်။အဓိကထားပြီးကြိုးစားခဲ့ကြတာကို၊ကျွန်မနောင်အခါမှသာနားလည်ရိပ်မိသိရှိပါတယ်။

အဖေ,အမေတို ့မပြောပြနိုင်တဲ့အတိတ်ကို၊ပြောပြမဲ့သူရှိလာတာက၊ကျွန်မအတွက်ကုသိုလ်ကံ

တစ်ခုပါဘဲ။မိဘတွေပြည်ဖုံးကားချထားသည့်အတိတ်ကကိစ္စရပ်က၊

ကျွန်မအတွက်တစ်ခန်းရပ်ပြဇတ်ပါ။

ကျွန်မဆယ်ကျော်သက်အရွယ်လေးအထိ၊ကျွန်မမေးမြန်းခဲ့သောအရာမှန်သမျှ၊

မကြိုက်မနှစ်သက်ခဲ့ကြလို ့လည်း၊ကျွန်မရင်ထဲမှာမီးခဲပြာဖုံးတငွေ ့ငွေ ့ဖြစ်ခဲ့ရပါတယ်။

ကျွန်မကိုပြောပြနိုင်သည့်ဤကမ္ဘာမှာတစ်ဦးတည်းသောသူသည်လည်းသက်ရှိထင်ရှားမရှိတော့ပါ။

ကျွန်မဖြစ်ရပ်က လွန်စွာတော့ဆန်းကျယ်လှပါတယ်။

၂၀၁၁ခုနှစ်လောက်က၊မှတ်မှတ်ရရအိပ်မက်တစ်ခုမြင်မက်ပြီး

လန် ့နိုးပါတယ်။ ဝမ်းသာရမှာလား,ဝမ်းနည်းရမှာလားကျွန်မ,မသိပါ။

ထိုအိပ်မက်သည်ကား…အတိတ်ဘဝဟောင်း၏ကိစ္စတစ်ခုဖြစ်နေသည်ကားအမှန်ပင်။

 

 

 

 

 

 

6 comments

  • ဦး လေး မန်း

    October 19, 2018 at 12:27 am

    လူဝင်စားတွေဆိုတာငယ်စဉ်ဘဝမှာဘဲအရင်ဘဝကိုမှတ်မိပြောပြတတ်ကြပြီးကြီးလာရင်ဖြေးဖြေးချင်းမေ့သွားသလိုသိပ်မပြောကြတော့ဘူးဆိုဘဲ၊

  • aye.kk

    October 19, 2018 at 2:53 pm

    လူဝင်စားတွေနဲ ့ပတ်သက်ရင်
    လက်တွေ ့မှာလက်မခံနိုင်သူများအတွက်
    မယုံနိုင်ဖွယ်ရာပါ။

  • လုံမလေးမွန်မွန်

    October 27, 2018 at 10:47 pm

    လူဝင်စားတွေကို အရမ်းစိတ်ဝင်စားတယ်.. ဖြစ်နိုင်ရင် ဆုံးသွားတဲ့ အဘွားနဲ့ အဖေ့ကို လူဝင်စားအဖြစ်နဲ့ တွေ့ချင်နေမိတာ..

  • aye.kk

    October 29, 2018 at 8:45 pm

    လုုံမလေးလို
    စိတ်ဆန္ဒထပ်တူတာတွေ
    အများကြီးတွေ ့ဘူးပါတယ်။

  • Thint Aye Yeik

    October 31, 2018 at 11:44 am

    သိပ္ပံနည်းပညာတွေနဲ့
    အဖြေရှာလို့မရတဲ့ ဆန်းကြယ်မှုတွေထဲမှာ
    လူဝင်စားကိစ္စလည်း ပါမယ်ထင်ရဲ့။

    ကိုယ် မမွေးဖွားခင်က ဖြစ်ပျက်ခဲ့တဲ့
    အဖြစ်အပျက်တွေကို
    ကိုယ်က မှတ်မိပြီး ပြန်ပြောပြနိုင်တယ်ဆိုတာကိုက
    ဆန်းကြယ်နေတာနော်

  • ဦးကြောင်ကြီး

    November 6, 2018 at 6:23 am

    လူဝံစားရင်သွားနတ်ပေါ့ တီဧ

Leave a Reply