စကြာဝဠာကို ဖန်ဆင်းသူမှာ ဘုရားသခင် မဟုတ်ဟု ဟော့ကင်းကဆို

Zaw WonnaSeptember 5, 20101min41120

စကြာဝဠာသည် ဘုရားသခင် ဖန်ဆင်းမှုကြောင့် မဟုတ်ပဲ ရူပဗေဒ နိယာမအရ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံသား ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်းက အသစ်ထုတ်ဝေမည့် စာအုပ်တွင် ထုတ်ဖော် ရေးသားလိုက်သည်။

အမေရိကန် ရူပဗေဒ ပညာရှင်  Leonard Mlodinow နှင့်အတူ ပူးတွဲရေးသားသည့် “The Grand Design” အမည်ရှိ စာအုပ်တွင် ဟော့ကင်းက စကြာဝဠာကို ဖန်တီးသည့် သီအိုရီသစ်များကို ဖော်ပြထားကြောင်း ကြာသပတေးနေ့ထုတ် တိုင်းမ်သတင်းစာအရ သိရှိရသည်။

ကမ္ဘာမြေထု၏ ဆွဲငင်အားကဲ့သို့သော နိယာမတစ်ခုအရ စကြာဝဠာသည် တစ်စုံတစ်ရာ မရှိသော အခြေအနေ တစ်ခုမှ မိမိဘာသာ ဖန်တီးယူနိုင်ကြောင်း၊ ပင်ကို သဘောဆောင်သော ဖန်တီးမှုသည် ဘာမျှမရှိခြင်းထက် ပိုသော တစ်စုံတရာရှိခြင်း၏ အကြောင်းပြချက်ဖြစ်ပြီး ထိုအချက်ကြောင့် စကြာဝဠာနှင့် တကွ ကျွန်ုပ်တို့ တည်ရှိနေရခြင်း ဖြစ်ကြောင်း ဟော့ကင်းက ရေးသားထားသည်။ စကြာဝဠာ ဖြစ်တည်မှု အတွက် ဘုရားသခင်၏ စတင်ဖန်တီးမှု တစ်စုံတစ်ရာ မလိုအပ်ဟု သူကဆိုသည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဟော့ကင်းသည် တွင်းနက်ကြီးများ (Black holes)၊ စကြဝဠာဗေဒ၊ ကမ္ဘာမြေ ဆွဲငင်အား ကွမ်တမ်နိယာမ တို့ဖြင့် ထင်ရှားသော သိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်က ထုတ်ဝေသော “A Brief History of Time” စာအုပ်ဖြင့် တကမ္ဘာလုံး အသိအမှတ်ပြုလောက်အောင်
အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။ ခေတ်သစ် ရူပဗေဒ သဘောတရားများ ဖြစ်သော အဲလ်ဘတ်အိုင်စတိုင်း၏ နှိုင်းရ သီအိုရီနှင့် ပရမာဏုမြူများနှင့် ပတ်သက်သော ကွမ်တမ်သီအိုရီ တို့ကို ဆက်စပ်နိုင်ရန်အတွက် ၁၉၇၄ ခုနှစ်မှ စတင် ကြိုးပမ်းခဲ့သည်။

သူ၏ နောက်ဆုံး သုံးသပ် တင်ပြချက်များသည် ဖန်တီးရှင် နတ်ဘုရားရှိသည်ဟု ယုံကြည်မှုနှင့် ပတ်သက်၍ ယခင်က အမြင်များကို ဆန့်ကျင်နေသည်။ ရူပဗေဒဆိုင်ရာ နိယာမများအရ  ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) တွင် ဘုရားသခင်၏ ကြားဝင်လုပ်ဆောင်မှု ရှိသည်ဟု ယုံကြည်ရန်
မလိုအပ်ကြောင်း  ယခင်က ရေးသားခဲ့သည်။ အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် ပြည့်စုံသော သီအိုရီကို ရှာဖွေတွေ့ရှိခဲ့ပါက ၎င်းသည် ဘုရားသခင်၏ စိတ်ဆန္ဒကို နားလည်သင့်သည်ဟူသော လူသားတို့၏ အကြောင်းပြချက်နှင့် ပတ်သက်၍ အဆုံးစွန်သော အောင်မြင်မှု ဖြစ်လိမ့်မည်ဟု “A Brief History” စာအုပ်တွင် ရေးသားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် နေမှတပါး အခြား ကြယ်တစ်ခုကို လှည့်ပတ်နေသော ဂြိုလ်တစ်ခုကို တွေ့ရှိခဲ့ရခြင်းမှာ ရူပဗေဒ ဖခင်ကြီး အိုင်ဆက်နယူတန်၏ စကြာဝဠာသည် ဘုရားသခင်၏ ဖန်တီးမှုမှလွဲ၍ အခြား ပရမ်းပတာ အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဟူသော အမြင်ကို ပြောင်းလဲရန် အကူအညီ
ဖြစ်ခဲ့သည်ဟု သူ၏ နောက်ဆုံး စာအုပ်တွင် ရေးထားသည်။ နေတစ်စင်းတည်းရှိမှု၊ နေနှင့်ကမ္ဘာ အကွာအဝေးနှင့် ကမ္ဘာမြေ အလေးချိန် တို့၏ ကံအားလျော်စွာ
ပေါင်းစပ်မူ တို့ဖြင့် ကမ္ဘာမြေသည် လူသားတို့အတွက် အဆင်ပြေသော နေရာတစ်ခုအဖြစ် ရှိနေခြင်းမှာ ဂြိုလ်များနှင့် ပတ်သက်သော အခြေအနေအရ တိုက်ဆိုင်မှုတစ်ခု ဖြစ်ကြောင်း သူက ရေးခဲ့သည်။

ဟော့ကင်းသည် ကြွက်သားများ တဖြည်းဖြည်း ကြုံလှီလာသည့် နာတာရှည်ရောဂါ ခံစားနေရသူ ဖြစ်ပြီး ကွန်ပြူတာ အကူအညီဖြင့် စကားပြောနေရသူ ဖြစ်သည်။
သူသည် ထိုရောဂါကို အသက် ၂ဝ အရွယ်ကတည်းက ခံစားခဲ့ရသော်လည်း ကမ္ဘာ့သိပ္ပံပညာရပ် နယ်ပယ်တွင် ဦးဆောင်သူအဖြစ် ရပ်တည်နိုင်ခဲ့ကာ “Star Trek” ရုပ်ရှင်ကားနှင့် “Futurama” နှင့်  “The Simpsons” ကာတွန်းကားများတွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၇၉ ခုနှစ်မှ စတင်ကာ နယူတန်ထံမှ လွှဲပြောင်း ရယူခဲ့သော ကင်းဘရစ် တက္ကသိုလ်၏ သင်္ချာပါမောက္ခချုပ် ရာထူးမှ ယမန်နှစ်က အနားယူခဲ့သည်။

“The Grand Design” စာအုပ်မှာ နောက်အပတ်တွင် စတင် ရောင်းချမည် ဖြစ်သည်။

Source Article: God did not create the universe, says Hawking
By Michael Holden Michael Holden – Thu Sep 2, 9:08 am ET

20 comments

  • gg

    September 6, 2010 at 2:19 am

    no ….ဒါမဖြစ်နိုင်တဲ့ယူဆမူပဲ…..

  • ဆူး

    September 6, 2010 at 2:54 am

    သူခမျာ ဒုက္ခိတဖြစ်နေတာတောင် လူတွေ တလေးတစား ခံရအောင် လုပ်နိုင်တယ်။ မသန်ပေမဲ့ စွမ်းသူတွေ ဆိုတာ ဒီလိုမျိုးတွေဘဲ ဖြစ်ရမယ်။

    • pan pan

      July 1, 2011 at 2:22 am

      သာမန်ဦးနှောက်မှ မဟုတ်တာကိုး မဆူးရဲ့… 🙂

    • pan pan

      July 1, 2011 at 2:22 am

      သာမန်ဦးနှောက်မှ မဟုတ်တာကိုး မဆူးရဲ့… 🙂
      (ကောင်းတဲ့ဘက်ကိုပြောတာနော် 😛 )

  • khunmyomyat

    September 6, 2010 at 3:33 am

    တကယ်တမ်း ဒီစာအုပ် ထွက်လာခဲ့မယ်ဆိုရင် ဘာသာရေးဆိုင်ရာ ပြဿာနာတွေ ပေါ်ပေါ်လာမှာကတော့ အသေအချာပါပဲ။

  • လင်းဝေကျော်

    September 6, 2010 at 5:15 am

    အင်း ရှင်းနေတာ က သူလို ကမာ္ဘက လက်ခံလေးစားတဲ့သူ
    စာနဲ့ပေနဲ့ရေးမယ်လည်းဆိုရော ပြဿနာကြီးဖြစ်တော့တာပဲ။
    ဒီအတိုင်းပြောရင်တော့ လူတွေက မသိမသာ လက်ခံထားကြပြီးသားပဲလေ…။

  • True Faith

    September 6, 2010 at 9:32 am

    ဒါမျိုးက ဒါဝင်လည်း ယခင်က ကြုံခဲ့ပြီးသားပါ။ လူဟာ မျောက်မျိုးစိတ်တခုကနေ ဆင်းသက်လာတယ်လို့ပြောတော့ အားလုံးပျာပျာသလဲ ငြင်းခဲ့ကြတာပဲ။ ခုထက်ထိလည်း ငြင်းနေဆဲပဲ။

    အဲဒီအကြောင်းကို ခရစ်ယာန်ဘာသာဝင် အဖိုးကြီးတယောက်ငြင်းတာကို ကျနော် နားထောင်ဘူးသဗျ။ သူငြင်းပုံက မျောက်ကအမြီးပါတယ်။ လူက အမြီးမပါဘူး။ မျောက်မရဲ့ နို့တိုက်အင်္ဂါက ဘယ်လောက်သားပဲရှိတယ်။ လူမှာက ဘယ်လောက်သားရှိတယ်။ ဒါကြောင့် ဒါဟာလုံးဝမဖြစ်နိုင်ပါဘူးလို့ ငြင်းသဗျ။ ဒါနဲ့ ဒါဝင်ရေးတဲ့ စာကို ဖတ်ဖူးသလားလို့မေးတော့ လုံးဝ မဖတ်ဖူးဘူးတဲ့။ အဲ့လိုတွေ ရှိတယ်။

    အခုလည်း ကမ္ဘာမြေကြီးကို ဘုရားသခင်က ဖန်ဆင်းပါတယ်လို့ ယုံတဲ့လူတွေက ဟော့ကင်းကို ဝိုင်းဆဲတော့မှာပဲ။ အော် ဒုက္ခ ဒုက္ခ။
    ခံနိုင်ရည် အားမွေးထားပါ ဟော့ကင်းရေ

    • angwei

      September 6, 2010 at 10:46 am

      ဟုတ်တယ်နောက်ထပ် ဖြေရှင်းချက်အသစ်တွေနဲ့ ဖန်ဆင်းရှင်မရှိကြောင်ထပ်
      ပေါ်လာရင်လည်း သူတို့တွေကတော့ ထပ်ငြင်းနေဦးမှာ သေချာတယ်။

  • kai

    September 6, 2010 at 9:58 am

    စတီဗင်ဟောကင်းဆိုတဲ့..သိပ်ပံပညာရှင်က..ဒီခေတ်သိပ်ပံပညာရဲ့ ဖခင်တပါးလို့တောင် …ခေါ်ကြရတာပါ။
    သူ့အကြောင်း…
    http://en.wikipedia.org/wiki/Stephen_Hawking
    Stephen William Hawking, CH, CBE, FRS, FRSA (born 8 January 1942)[1] is a British theoretical physicist and cosmologist, whose scientific career spans over forty years. His books and public appearances have made him an academic celebrity and he is an Honorary Fellow of the Royal Society of Arts,[2] a lifetime member of the Pontifical Academy of Sciences,[3] and in 2009 was awarded the Presidential Medal of Freedom, the highest civilian award in the United States.[4]

    Hawking was the Lucasian Professor of Mathematics at the University of Cambridge for thirty years, taking up the post in 1979 and retiring on 1 October 2009.[5][6] He is also a Fellow of Gonville and Caius College, Cambridge and a Distinguished Research Chair at the Perimeter Institute for Theoretical Physics in Waterloo, Ontario.[7] He is known for his contributions to the fields of cosmology and quantum gravity, especially in the context of black holes. He has also achieved success with works of popular science in which he discusses his own theories and cosmology in general; these include the runaway best seller A Brief History of Time, which stayed on the British Sunday Times bestsellers list for a record-breaking 237 weeks.[8][9]

    Hawking’s key scientific works to date have included providing, with Roger Penrose, theorems regarding gravitational singularities in the framework of general relativity, and the theoretical prediction that black holes should emit radiation, which is today known as Hawking radiation (or sometimes as Bekenstein–Hawking radiation).[10]

    Hawking has a neuro-muscular dystrophy that is related to amyotrophic lateral sclerosis, a condition that has progressed over the years and has left him almost completely paralysed.

    အခုတင်ထားတဲ့ပိုစ့်ရဲ့ ဘာသာပြန်မူရင်းကို… ရာဟူးဝက်ဘ်ဆိုက်မှာ… ၄ရက်အတွင်း ကောမန့်ပေါင်း..(အခုချိန်အထိ)..49216 ရေးထားတယ်..။
    မန်ဘာတွေ…သိနိုင်စေဖို့ပါ။
    ကျုပ်တော့ ..အဲဒီစာအုပ်သွားဝယ်ဖတ်မလို့..လုပ်ထားပါတယ်..။

    • nozomi

      July 1, 2011 at 4:01 am

      ဈေးနှုန်း၊နေရာ ..အကြောင်းကြောင်းကြောင့် အဲဒီစာအုပ်ကို လောလောဆယ်ဖတ်နို်င်ဘို့ မလွယ်သေးဘူး သူကြီးဖတ်ပြီးရင် အပေါ်ကပို့စ်ထက် ပိုပြည့်စုံတဲ့ အနှစ်ချုပ်နဲ့ စာမြည်းလေး ပြန်ဝေငှပေးပါဦး

  • tunaung

    September 6, 2010 at 1:47 pm

    ကောင်းလိုက်တဲ့အယူအဆပါ တကယ်တော့လောကကြီးကိုသဘာဝကသာဖန်ဆင်းသွားတာပါ သဘာဝတရားသည်စွမ်းအားနှင့်တန်ခိုးရှိပါသည် သဘာဝတရားကိုလေ့လါကြည့်လျှင်သိနိုင်ပါသည်။။

  • mryto

    September 6, 2010 at 3:57 pm

    ဘယ် သူ ပဲဖန်းဆင်းဆင်းပေါ့။ကိုယ့်အလုပ်မှမဟုတ်တာ။ကမ္ဘာမြေကြီးကို ဘုရားသခင်က ဖန်ဆင်းပါတယ်လို့ ယုံတဲ့လူတွေက ဟော့ကင်းကို ဝိုင်းဆဲတော့မှာပဲ။

  • myaynilann

    September 6, 2010 at 6:41 pm

    ဒီလူကြီးကို ကျွန်တော်ငယ်ငယ်ကတည်းက သတင်းမှာ စာအုပ်တွေ ဂျာနယ်တွေထဲမှာ ခဏခဏမြင်ဖူးတယ်
    တခါမှလည်း သူဟာ ဒုက္ခိတကြီးပါလားလို့ မတွေးမိဘူး
    တကယ်ဆိုရင် သူဟာ အိုင်းစတိုင်း နယူတန် ပိုက်သာဂိုးရပ်စ် တို့လို ကမာ္ဘတည်သရွေ နာမည်တည်မြဲနေမယ့် လူမျိးပါ
    ဒီလိုပညာရှင်ကြီးရဲ့ ပြောစကားတွေကို အရှင်လတ်လတ်ကြီး နားထောင်ခွင့်ရနေတာ
    ကိုယ့်ကံပဲလို့မှတ်ယူပါတယ် နောင်လာနောက်သားတွေကိုပြောလို့ရတာပေါ့ ငါတို့ငယ်တုန်းကပေါ့ကွာ စတီဖင်ဟော့ကင်းက ဘယ်လိုပြောလဲဆိုတော့ကွာ စကြဝဠာကြီးဟာလေ ဘာညာပေါ့ဗျာ

  • True Faith

    September 7, 2010 at 6:55 am

    သတင်းလေးနဲ့ ကွန်မန့်တွေကို လိုက်ဖတ်ကြည့်ပြီး မြင်လို်က်ရတဲ့ ဟော့ကင်းရဲ့ လူသားတွေအပေါ်ထားတဲ့ စေတနာကို ပြောပါရစေဦး။

    ကမ္ဘာကို ဘုရားသခင်က ဖန်ဆင်းပါတယ်လို့ ကျမ်းဂန်အထောက်အထားတွေ အရရော နယူတန်ရဲ့ အဆိုအရ ယုံတဲ့လူပေါင်းက ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကော် သန်း ၃ ထောင်တော့ အနည်းဆုံးရှိနေမှာပါ။

    “ငါ့ရဲ့ အသစ်တွေ့ရှိထားတဲ့ ဒီအကြောင်းအရာကို ဖော်ထုတ်ပြောကြားရင် လက်မခံတဲ့လူတွေက ကက်ကက်လန်အောင် ဝေဖန်ပစ်တင်၊ ဆန့်ကျင်ကြလိမ့်မယ်”ဆိုတာ ဟော့ကင်းက တွေးမိပြီးသားဖြစ်မှာပါ။ သူ့သတင်းအောက်မှာ ၄ ရက်အတွင်း ကွန်မန့် ၅ သောင်းနီးပါး တက်လာတာကို ကြည့်ရင် သိနိုင်ပါတယ်။

    ဒါပေမယ့် ဟော့ကင်းဟာ ရှေးယခင် အတွေးအခေါ် ပညာရှင်တွေ၊ သိပ္ပံပညာရှင်ကြီးများကဲ့သို့ပဲ လူသားအကျိုးကို သတိ္တရှိရှိနဲ့ မကြောက်မရွံ့ ဝေဖန်ပစ်တင် ဆန့်ကျင်မှုတွေကို ဂရုမစိုက်ပဲ ထမ်းဆောင်သွားခဲ့ပါတယ်။ လေးစားဂုဏ်ယူပါတယ် ဟော့ကင်း။

    ဟော့ကင်းလို ဒိတ်ဒိတ်ကြဲ သိပ္ပံပညာရှင်ကြီးက ခုလို ထုတ်ဖော်ပြောဆိုလို့သာ ဒီအကြောင်းကို ကျနော်တို့တွေ စောစော သိခွင့်ရခဲ့တာပါ။ (ဒီအကြောင်းက နောက်ပိုင်းမှလည်း တွေ့ရှိနိုင်တာမျိုး ဖြစ်နိုင်သေးလို့ပါ။)

    ဒီဆောင်းပါလေးဖတ်ရတော့ ကျနော်ဖတ်ခဲ့ဖူးတဲ့ စာလေးတကြောင်းကို သတိရမိတယ်။

    “သိပ္ပံပညာရဲ့ စမ်းသပ်မှုကို မခံနိုင်တဲ့ ဘာသာတရားဟာ နောက်ဆုံးတော့ ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်”တဲ့။

    ကျေးဇူးတင်ပါတယ် ဟော့ကင်း။

  • Maung Dae`

    September 7, 2010 at 7:17 am

    ကမ္ဘာကြီး လုံး တယ်ပြောလို့ အသတ်ခံရတဲ့ သာဓကရှိတယ်နော်…. နောက်ဆုံးတော့လည်း အမှန်တရားကို လူတိုင်းလက်ခံလိုက်ရတာပါပဲ….

  • goldenhawk

    September 8, 2010 at 11:23 am

    ဟော့ကင်းဟာသူလက်ရှိတစ်ပိုင်းတစ်စဘဝရောက်နေတာတောင် သုူ့မိဘတွေယုံကြည်လာတဲ့နိယာမတရား သူကိုယ်တိုင်ဒီစာအုပ်ကိုမထုတ်ဝေခင်အထိေ ရှးပဝေသဏီကရှိခဲ့သောနိယာမတွေလက်ခံခဲ့ပြီးမှခုလိုုသူ့ရဲ့ ထင်မြင်ယူဆချက်ထုတ်ဖေါ်ခဲ့တာကိုကြည့်ရင်ေ နာင်မကြာခင်မှာသူ့မိဘဘိုးဘေးဘီဘင်တွေဟာသဘာဝကဖြစ်လာတာပါလို့ေ တာင်ထုတ်ဖေါ်ကြေငြာကောင်းမလားဘဲဒါဟာလည်း သူ့အခွင့်အရေးပါ ကျွန်တော့်အနေနဲ့ပြောရရင်ဘာသာကြီးသုံးပါးစလုံးဟာ ကျွန်တော်တို့နိုင်ငံမှပွင့်သည်မဟုတ်သောကြောင့်( i have no comments).အထူးပြောလိုတာကတော့ေ လာကမှာမိဘကိုရိုသေရှိခိုးသူတွေဟာ ကျွန်တော်တို့မြန်မာနိုင်ငံကြီးသားတွေပါဘဲေ ရာက်လေရာအရပ်မှာမိဘရှိရာအရပ်ကို ရည်မှန်းကာရှိခိုးကန်တော့ပြီးမှအိပ်ရာဝင်သူတွေပါ….

  • weRone

    June 30, 2011 at 4:34 am

    “သိပ္ပံပညာရဲ့ စမ်းသပ်မှုကို မခံနိုင်တဲ့ ဘာသာတရားဟာ နောက်ဆုံးတော့ ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်”တဲ့။

  • moethidasoe

    June 30, 2011 at 5:20 am

    ကြက်ဥနဲ့ ကြက်မ ဘယ်က စတယ် ဆိုတာကို တွေးတာထက် ကြက်မျိုးမတုန်းအောင် ရယ် ကြက်တွေ ကောင်းမွန်စွာ တိုးပွားအောင် ဘယ်လို လုပ်သွားမယ် ဆိုတာကို တွေးတာက ပိုအကျိုးရှိတယ် ရယ်လို့ အတွေးအခေါ် ထုတ်ပြခဲ့တဲ့လူလဲ ရှိတယ် ..
    အတိတ်က ဘယ်လို ရှိခဲ့တာကြောင့် .. အခု ဘယ်လို ဖြစ်နေတာ .. ဒါကြောင့် အနာဂတ်ကို ဘယ်လို ကောင်းအောင် လုပ်ဖို့အတွက် အတိတ်ကို ပြန်လှန် ရှာသင့်တယ်လို့ ပြောတဲ့လူလဲ ပြောကြတယ် ..
    အဲဒီလို ပြောတာတွေကို လိုက်လုပ်ကြတဲ့လူတွေလဲ ရှိသလို ..
    ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်သွားမယ် ဆိုတဲ့ လူတွေလဲ ရှိကြတာပဲ ..
    ကိုယ် ဘယ်အမျိုးအစားထဲမှာ ရှိမလဲက ဒီမေးခွန်းရဲ့ အဖြေပဲ ဖြစ်လိမ့်မယ် ထင်တယ် ..

    ဘဒ္ဒကမ္ဘာကြီးမှာ ပွင့်ခဲ့တဲ့ ဘုရားတောင် လေးဆူ ရှိတဲ့အထဲမှာ ဗုဒ်ဓ (ပတ်ဆင့် ရိုက်လို့ မတတ်လို့ပါ) ဘုရား လောက်ပဲ သိနိုင်ကြတာ .. ဒါတောင် ဘာသာရေးမှတ်တမ်းတွေ ရှိနေလို့ .. ဘုရားဟောခဲ့တဲ့ လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်း ဆိုတာ ဘုရားပဲ အတိအကျ ဟောနိုင်တာ ..
    ဘဒ္ဒကမ္ဘာရဲ့ အစ လောက်တော့ ..

    (အများနဲ့ သဘောထား ကွဲလွဲနိုင်ပါတယ်)

    • kai

      June 30, 2011 at 4:41 pm

      ကနန်းတောင်သမိုင်း

      ဝေမိသကတောင်သို့ ကကုသံ၊ ကောဏဂုံ ၊ကသာပနှင့်ဂေါတမဘုရား(၄)ဆူကြွရောက်တော်မူသည်။
      ထိုဝေမိသကတောင်၌ ကကုသံဘုရားသခင်သည် ဂေါတမဘုရားအလောင်းတော် သုရာစိမင်းကြီးသည်
      ဘုရား၌ အလွန်ကြည်ညိုသောမင်းဖြစ်တော်မူပြီး (၃)ဆူသော ဆံတော်ဓာတ်မြတ်ကို ပေးသနားတော်မူပြီး
      လျှင် ယခု ကလိန်အောင်ရွာ ဆံတော်ရှင်ဘုရား တည်တော်မူရာ သုဝဏဂီရိတောင်ကုန်း၌ ဌာပနာတော်မူလေသည်။

      ကောဏဂုံဘုရား ကြွတော်မူခြင်း
      ကောဏဂုံဘုရားရှင် ပွင့်တော်မူပြီး (၁၀)ဝါမြောက်လျှင် ထိုဝေမိသကတောင်သို့ ကြွတော်မူပြီး သုမန၊သုဘောဂ
      အမည်ရှိသော သူဌေးသား နှစ်ယောက်တို့ကို ဆံတော်(၃)ဆူကိုပေးသနားတော်မူလေသည်။ထိုကလိန်အောင်
      ရွာ ရွှေဆံတော်ဘုရားတည်တော်မူရာ ဂီရိဝေဘာတောင်ကုန်း၌ ကြီးစွာသောအလှူကြီးကိုပေးပြီး ဆံတော်မြတ်
      (၃)ဆူကို နတ်မင်းနှင့်တကွကဌာဝါဟနတိုင်း ဘုရင်ရာဇိန္ဒမင်း၊ သူဌေးသား(၃)ဦးသားတို့သည် တည်ထား ကိုးကွယ်ကြလေသည်။

      ကသပဘုရား ကြွတော်မူခြင်း
      ကသ၁ပမြတ်စွာဘုရားသခင်သည် ထိုဝေမိသ၁ကတောင်သို့ ကြွရောက်လာတော်မူပြီး ကဌာဝါဟနတိုင်း၊
      ဥဇ္ဇေနပြည်ကြီး အရှင် ဘုရင်ဗန္ဓုသေနမင်းကြီး၏ သားတော်ဗုဒ္ဓင်ဇရ ရသေ့သည် ထိုတောင်၌ ကိုယ်ကျင့်တရား
      အားထုတ်တော်မူနေရာ မိမိ၏ ဘောဇဉ် အမြိန့်ရသာတို့ကို သုံးဆောင်မည့် ဆဲဆဲတွင် ကသ၁ပမြတ်စွာဘုရား
      ဆွမ်းရပ်တော်မူ၍ အလွန်ကြည်ညိုသောပီတိဇောဖြစ်လျက် မကြွင်းမကျန် အကုန်အစင် လှူဒါန်းလေသည်။

      ဆံတော်ဓာတ် (၃)ဆူကို ပေးသနားခြင်း
      ကဿပမြတ်စွာဘုရားသည် ချစ်သားဗုဒ္ဓဇရ၊ငါ၏ဆံတော်ဓာတ်မြတ် (၃)ဆူကို ယူ၍ မဟေသရတောင်ကုန်း၌ ကိုးကွယ်ပူဇော် ဌာပနာလေလော့ဟု ပေးသနားတော်မူလေသည်။ထိုအခါ သိကြားမင်းသည် မြပန်းတောင်းဖြင့် ခံယူတော်မူစေ၏။ဗု
      ဒ္ဓဇရ ရသေ့လည်း ခမည်းတော်မင်းကြီးကိုကြားသိစေလတ်သော် ခမည်းတော်မင်းကြီး ဗန္ဓုသေန၊မယ်တော်မဟေသရမာလာတို့သည် အလွန်ကြည်ညိုသော ဇောပီတိဖြစ်လျှက် ကုဋေတစ်ရာသော ဥစ္စာရတနာတို့ကို စွန့်ကြဲလှူဒါန်းပြီးလျှင် ထိုကလိန်အောင်ဆံတော်ရှင်ဘုရားနေရာ မဟေသရတောင်ကုန်း၌ ပတ္တမြားကြုတ်တော်နှင့်ထည့်တော်မူ၍ ဌာပနာတော်မူလေသည်။

      ဂေါတမမြတ်စွာဘုရား ကြွတော်မူခြင်း
      ဂေါတမမြတ်စွာဘုရား လက်ထက်တော်ဝယ် သုဘောဂသူဌေး၏ သားဖြစ်သော ဂဝံတေ့ရသေ့သည် ဤဝေမိဿကတောင်၌ အကျင့်သီလဆောက်တည်ရာလျက်နေသောအခါတွင် ဂေါတမမြတ်စွာဘုရားသည် (၁၁)သါမြောက်သောအခါ၌ ညီတော်အာနန္ဒာနှင့် ဥတ္တရကုရုမြောက်ကျွန်းမှ ဆွမ်းခံပြန်၍ ဤတောင်သို့ ကြွရောက်လေရာ ဂဝံပတေ့ ရသေ့သည် မိမိစားမည်ဟုရှာလာသော သစ်သီးတို့ကို မစားသောက်ဘဲ ဂေါတမမြတ်စွာဘုရားအား အကုန်အစင်လှူလေသည်။
      ထိုအချိန်တွင် ကုမ္ဘဏ္ဍယက္ခ ဘီလူးနတ်မင်းကြီးသည်လည်း အလွန်အရသာနှင့်ပြည့်စုံသော စုမ္ဗိရနတ်ပိန္နဲသီး(ခ) စုမ္ဗဒသီးကို ကပ်လှူလေသည်။ဒူရကနတ်သားကလည်း ဒူးရင်းသီးကိုကပ်လှူလေသည်။

      နိယတဗျာဒိတ်ပေး၍ ဆံတော်(၃)ဆူကိုပေးခြင်း
      ဂေါတမမြတ်စွာဘုရားသည် ထိုသုံးဦးသားတို့ကို နိယတဗျာဒိတ်ပေး၍ ဂဝံပတေ့ရသေ့လက်ဝယ်(၃)ဆူသောဆံတော်မြတ်ကို ပေးအပ်တော်မူလေသော် ဒူရက နတ်သားသည်နဝရတ်ကိုးပါးဖြင့် ရောပြွမ်းသော ရွှေစင်ကလပ်နှင့်ခံယူတော်မူလေသည်။ ဂေါတမမြတ်စွာဘုရားသည် သင်တို့ သုံးဦးသားတို့သည် ဘီလူးနတ်မင်းကြီးနေရာ သုဝဏသေလာတောင်ကုန်း၌ ဌာပနာလေလော့ ဟု ဗျာဒိတ်ပေးတော်မူလေသည်။
      ဂဝံပတေ့ရသေ့သ၊ဒူကရနတ်သား၊ကုမ္ဘဏ္ဍယက္ခဘီလူးမင်းတို့သည် ယခုကလိန်အောင်ဆံတော်ရှင်ဘုရားနေရာ သုဝဏသေလာတောင်ကုန်း၌ ဌာပကနာတော် မူလေသည်။
      ဤဝေမိဿကတောင်သည် ကကုသန်ဘုရားသခင် လက်ထက်တော်၌ “သုဝဏဂီရိတောင်“ဟုအမည်တွင်သည်။
      ကောဏဂုံဘုရားသခင်လက်ထက်တော်၌ “မဟေသရတောင်“ ဟုအမည်တွက်လေသည်။
      ဂေါတမမြတ်စွာဘုရားသခင် လက်ထက်တော်၌ “ဝေမိဿကတောင်“ ဟုအမည်တွင်လေသည်။
      ယခုအခါ ကနန်းတောင် ဟု ခေါ်ဝေါ်ကြလေသည်။ထိုဝေမိဿကတောင် (ဝါ)ကနန်းတောင်သည် ထားဝယ်မြို့မှ ရေးမြို့သို့သွား ကားလမ်း ရေဖြူမြို့နယ် ထားဝယ်မြစ် အနောက်ဘက်ကမ်း (၁၂) မိုင်တွင် တည်ရှိလေသည်။

  • nigimi77

    June 30, 2011 at 11:24 am

    သဘောထားလေး ကွဲလွဲကြည့်ရအောင်။

    ဘဒ္ဒကမ္ဘာကြီးမှာ ပွင့်ခဲ့တဲ့ ဘုရားတောင် လေးဆူ ရှိတဲ့အထဲမှာ ဗုဒ်ဓ (ပတ်ဆင့် ရိုက်လို့ မတတ်လို့ပါ) ဘုရား လောက်ပဲ သိနိုင်ကြတာ …

    ======================================================================
    ဆိုလိုရင်းလေး လင်းပါဦးဗျာ။ ကျုပ် ဉာဏ်မမှီတာလား ပဲ မျက်စိတော်တော် လည်သွားတယ်။

    ဘုရားအားလုံးကို ဗုဒ္ဓ လို ့ခေါ်တယ်နော် ။ အဲဒီ ဘုရားလေးဆူထဲမှာမှ ဂေါတမ ဗုဒ္ဓ လောက်ကိုပဲ သိနိုင်တယ်လို ့ပြောတာလား။

    ကျွမ်းကျင်ရာ လိမ္မာ တဲ့ ။ ကျွမ်းကျင်တဲ့ အပိုင်းကို ပြောတာက စာဖတ်သူ အတွက် ပိုပြီး အကျိုးရှိမယ် ထင်ပါတယ်။

    ဝါသနာက တားမရလို ့ ဝင်ရွှီးလိုက်တာပါ။ 🙂

Leave a Reply