ခုရေးမယ့် ပိုစ့်လေးကတော့ မွန်လေး ဘယ်ပဲသွားသွား ငွေရှင်းတဲ့အခါ ငွေသားထက်  credit card သုံးတာလေးနဲ့ အရမ်းအသုံး

ဝင်ပုံလေးပြန်ရှယ်ချင်လို့ပါ။🔷💳🔷 

ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ်သွားတဲ့အခါလည်း ပိုက်ဆံတွေ အများကြီးမယူသွားပဲ ကဒ်လေးနဲ့ငွေရှင်းတာက စမတ်ကျ

သလို၊ ခါးပိုက်နှိုက်တဲ့ ရန်ကလည်းကာကွယ်နိုင်ပါတယ်။ ကဒ်မပျောက်အောင်တော့ သတိတော့ထားပေါ့နော်။😁

ခုတော့ မြန်မာပြည်မှာ credit card ရနိုင်တဲ့ ဘဏ်တွေတော်တော်များများရှိနေပါပြီ. မွန်လေးကတော့ Travel Show သွားရင်း

#Aya Bank ကpromotion ချတာနဲ့ကြုံလို့ Aya credit card လေးလုပ်ထားလိုက်ပါတယ်။💳

အဲ့credit card လေးကို ရဖို့ဆိုရင် မွန်လေးတို့မှာ အရင်ဦးဆုံး သက်ဆိုင်ရာဘဏ်အကောင့်ရှိရပါမယ်။ ပြီးရင် လုပ်ငန်းပိုင်ရင်

လည်းလုပ်ငန်းလိုင်စင်တို့၊ ၀န်ထမ်းဆိုရင်လည်း သက်ဆိုင်ရာ မန်နေဂျာ၊ သူဌေးတို့ရဲ့ လစာထောက်ခံချက်တို့၊ နောက်ထပ် ဘဏ်အကောင့်ဖွင့်ထားသူနှစ်ယောက်ရဲ့ထောက်ခံချက်တို့၊ရဲစခန်းထောက်ခံစာ..အစရှိတဲ့ ထောက်ခံစာတွေလိုပါတယ်။ (တစ်ဘဏ်နဲ့တစ်ဘဏ်နဲ့တော့ မတူဘုး) နည်းနည်းတော့အလုပ်ရှုပ်တယ်၊ ရှုပ်ရမယ်လေနော်…ကိုယ့်ကိုမသိဘဲငွေတွေကဒ်ထဲ

ကိုထည့်ပေးရမှာကိုး။

ကဒ်တွေအနေနဲ့ဆို SILVER Visa Credit Card, Gold Visa Credit Card နဲ့ Platinum Visa Credit Card ဆိုပြီး အမျိုးအစားသုံးမျိုး ခွဲထားပါတယ်။3⃣ အသက်၂၁ နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားနဲ့ အမြဲနေထိုင်ခွင့်ရရှိသူ လခစား ဝန်ထမ်းတွေ၊ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အငြိမ်းစား ဝန်ထမ်းတွေအားလုံး လျှောက်ထားနိုင်ပြီး Credit Limit ကတော့ လျှောက်ထားသူတစ်ဦးချင်းစီရဲ့ လျှောက်လွှာနဲ့ ဝင်ငွေပေါ်မူတည်ပါတယ်။ အနည်းဆုံး (၂)သိန်း၊ (၃)သိန်းကနေပြီး စ

ထည့်ပေးပါတယ်။ အတိုးမဲ့ချေးငွေအဖြစ် ရက် (၂၀)ပေးပါတယ်။ ပေးဆပ်ရမယ့် သတ်မှတ်ရက်ကျော်ရင်တော့ တစ်လကို အတိုးနှုန်း ၁.၀၈ ကောက်ပါတယ်။

မွန်လေးတို့ဒီတစ်လကို ကဒ်ထဲကငွေကြိုက်သလောက်သုံး၊ နောက်လရက်(၂၀)မရောက်မချင်းဆပ်စရာမလို။ မွန်လေးကတော့ မေ့တတ်လို့ အတိုးလည်းမပေးချင်တော့ လဆန်းဆို ဘဏ်မှာ သွားပေးဖြစ်တယ်။😁 ဒါ့အပြင် mbanking ရှိနေရင်လည်း Aya credit card account ထဲကို ငွေလွှဲပြီးလည်းပေးလို့ရပါတယ်။🤗

ပြီးတော့ အပြင်သွားလို့ grab taxi စီးတဲ့အခါ အကြွေမရှိလို့ ပိုပေးလိုက်ရတာမျိုးတွေကိုလည်း Aya ကဒ်အကောင့်လေးထည့်

လိုက်တာနဲ့ garb pay အဖြစ်နဲ့လည်းသုံးလို့ရတော့ မွန်လေးဆိုတော်ရုံ အကြွေမဆောင်တော့ဘူး။ အဆင့်အတန်းမြင့်မြင့်လေး

သုံးရုံပဲ။ သူတို့ကလည်း grab pay နဲ့ပေးရင်အဆင်ပြေတယ်ပြောကြတယ်။ သုံးပြီးရင်လည်း သုံးပြီးကြောင်း ကိုယ့် ဖုန်းနံပတ်ဆီ  Bank က ချက်ချင်း မက့်ဆေ့ပို့ပေးတယ်။📑

ခုဆိုဆင့်ပွားကဒ်တွေကိုလည်း Aya က ကိုယ့်ကိုပေးထားလို့ တချို့Aya credit card MPU ကဒ်ကိုလက်မခံတဲ့စက်ဆို Aya credit visa card နဲ့ရှင်းလို့ရလို့ စမတ်ကိုဂေါ်နေတာပဲ။ ရှားတော့ရှားပါတယ်။ ပထမပေးထားတဲ့ Aya credit card MPU နဲ့တော်တော်လေးအဆင်ပြေနေတာကိုး။

#Credit card ဆိုတာဘာလဲ??

Credit card ဆိုတာ အကြွေးဝယ်ကဒ်ပါ. သူက ဘဏ်ကနေကိုယ့်ကို ငွေကြိုတင်ထည့်ပေးထားတဲ့ကဒ်ပါ။

#ဘယ်နေရာတွေအသုံးပြုလို့ရလဲ🛍♨️🏩

ခုဆို ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေက ဈေးဆိုင်၊စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေမှာကဒ်နဲ့ ငွေပေးချေတာတွေနဲ့ ATM မှတဆင့်ငွေထုတ်ယူခြင်း၊ online မှာ ဈေးဝယ်တာတွေနဲ့ ငွေပေးချေတာတွေ ပြုလုပ်နိုင်ပါပြီ။ ဧရာဝတီဘဏ်ရဲ့Credit Card နဲ့ Debit Card တွေကို အခုလကုန်မှစတင်ပြီး ပြည်ပနိုင်ငံပေါင်း ၁၉၀ မှာအသုံးပြုနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။

#အကြွေးစာရင်းကိုဘယ်လိုသိနိုင်လဲ

ငွေစာရင်းရှင်းတမ်းကို ဘဏ်ကနေ ကိုယ်သုံးပြီး နောက်တစ်လရဲ့လဆန်းမှာ mail ပို့ပေးပါတယ်။ အဲတော့မွန်လေးတို့မှာ ကိုယ်

ပိုင်နေ့စဉ်အသုံးပြုနေကျ mail account တစ်ခုခုရှိရပါမယ်။

#အထွေထွေနှုန်းထားများ💵

အဲလိုငွေကိုကြိုထည့်ပေးတဲ့ကဒ်ဆိုတော့ အဲ့ကဒ်ရဖို့ တစ်နှစ်ကိုနှစ်စဉ်ကြေးတော့ ပေးဖို့လိုအပ်ပါတယ်။ ကဒ် ၃မျိုးရှိတယ်လို့

အပေါ်မှာ မွန်လေးပြောခဲ့ပါတယ်။ ၃ကဒ်စလုံး နှစ်စဉ်ကြေးမတူပါ။ Aya silver – ၃ သောင်း၊ Aya Gold – ၆သောင်း၊ Aya Platinum – ၁သိန်းပါ။

#ကဒ်ပျောက်ခဲ့သည်ရှိသော်😲‼️

ကဒ်ပျောက် (သို့) အခိုးခံရပြီလို့ သိတာနဲ့ Customer service hotline – 09420055582 ကိုပိတ်ရက်မရှိ အချိန်မရွေး ဆက်သွယ်

တိုင်ကြားနိုင်ပါတယ်။

#အားနည်းချက်💦

သူ့ရဲ့ငွေကြိုတင်ရှိနေတဲ့ကဒ်ရဲ့ အားနည်းချက်က မွန်လေးတို့ပြည်ပကိုသွားတဲ့အခါ ကဒ်နဲ့ငွေသုံးလိုက်လို့ ပြတ်သွားတဲ့အချိန်

ရန်ကုန်ကလူက ငွေပြန်ထည့်ပေးလို့မရပါဘူး။ အဲလိုနေရာမျိုးကျတော့ နောက်ထပ် ပြည်ပသုံးလို့ရတဲ့ debit card လေးက

အဆင်ပြေသွားရော။ ပြီးတော့ ATM စက်ကနေ ငွေထုတ်ရင်လည်း အတိုးစပေးရပါတယ်။

#ရိုးရိုး ATM card (debit card)

ရိုးရိုး ATM card (debit card) ကတော့ ကိုယ့်ဖာသာငွေကြိုထည့်ထားရတာပေါ့နော်။ ခုဆိုဘဏ်မှာ အကောင့်ဖွင့်တာနဲ့ ATM card (Debit card) အော်တိုရပါတယ်။ KBZ ဘဏ်ကလွဲလို့။

ဧရာဝတီဘဏ်ရဲ့ Credit Card နဲ့ Debit Card တွေကို ပြည်တွင်းမှာ MPU ရဲ့ Network နဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး ပြည်ပ

မှာတော့ JCB ရဲ့ Network နဲ့ ချိတ်ဆက်ထားတာပါ။ အဲတော့  ပြည်ပမှာပဲသုံးလို့ရတဲ့ debit visa card သက်သက် လုပ်စရာမလို

တော့ဘူးပေါ့။

#ပြည်ပမှာပဲသုံးလို့ရတဲ့ debit visa card

ကိုယ့်ဖာသာ ငွေထည့်ပြီး ပြည်ပပဲသုံးလို့ရတဲ့ debit visa/master card ကျတော့ နိုင်ငံခြားမသွားခင် ကိုယ့်ဖာသာငွေကြိုထည့်၊

ဟိုရောက်လို့သုံးတာနဲ့ကုန်ရင် ရန်ကုန်မှာကျန်ခဲ့တဲ့သူက ဘဏ်သွားပြီး ငွေလှမ်းထည့်ပေးလို့ရတယ်။ ကဒ်လုပ်မယ်ဆိုရင် အရင်ဆုံး ကဒ်ထဲမှာ ဒေါ်လာ (၂၀) အမြဲရှိဖို့လိုတယ်။

#ထူးခြားချက်လေး

ခုကဒ်တွေတော်တော်များများမှာ paywave ဆိုတာလေးတွေပါတာတွေ့နေပါပြီ။ အဲဒါကဘာလဲဆိုတော့ ပုံမှန် ကဒ်တွေဆို ငွေ

ရှင်းမယ်..စက်နဲ့ဖြတ်မယ်ဆို password ရိုက်ဖို့လိုတယ်။ အဲ့paywave ပါတဲ့ကဒ်ဆို ဘာမှရိုက်ထည့်စရာကိုမလို။ စက်ပေါ်ကဒ်

တင်လိုက်တာနဲ့ အော်တိုဖြတ်ပြီးသား။

#ငွေဘယ်လောက်ကျန်လဲစစ်ချင်ရင်

ငွေစစ်ချင်ရင်တော့ ATM စက်တွေမှာ စစ်လို့ရပါတယ်။ ဖြတ်ခမရှိပါဘူး။ နိုင်ငံခြား ATM စက်တွေတော့ ဖြတ်မယ်ထင်ပါတယ်။

အားသာချက် အားနည်းချက်တွေ ရှိတဲ့အတွက်ကြောင့် ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် ပိုက်ဆံလည်း နည်းနည်းကိုင်

သွားစေချင်ပါတယ်လို့ အကြံပေးချင်ပါတယ်။

နောက်ဆုံးပြောချင်တာက အထူးသဖြင့် ပြည်ပမှာ ဘယ်ကဒ်ပဲသုံးသုံး..ATM စက်ထဲကနေငွေထုတ်ရင်တော့ သူတို့ပေါက်ဈေး

အတိုင်း Merchant Rate ရှိပါမယ်။ အဲတော့ မနစ်နာစေချင်ရင်တော့ ငွေမထုတ်ဘဲ စက်နဲ့ဖြတ်သွားတာမျိုးပဲသုံးပါလို့။

 

 

 

 

Shar Thet Man

About Shar Thet Man

Shar Thet Man has written 235 post in this Website..