ကာဗွန်တွေမှာ အောက်ဆီဂျင် ပါလို့ပါငြား

ko sixNovember 5, 20181min3693


^^^^^^^^^^^^^^^^^^^

ဆိုက်ကလုံးကို
ဆာဟာရက အမြဲ ကြိုဆိုနေသလောက်
ပင်လယ်မှာပဲ အသေခံတယ်
မွန်းကြပ်လာတိုင်း
ခေါင်းမော့ပြီးရှူခဲ့တယ်
ငဲ့ညှာမှုသမိုင်းမှာ
အောက်ဆီဂျင်ကတော့
ယောက်ျားချင်းဆုံသလို ခပ်ပါးပါး
ခြေဖျားထောက်ပြီး ခူးခဲ့တယ်
ဓူဝံကြယ်ဟာ
မြောက်အရပ်ကို သစ္စာရှိနေတုန်း
ဆရာဝန်ကတော့
တစ်ခါရယ်ရင် တစ်ရက်အသက်ရှည်သတဲ့။
ဒီလိုပါပဲ
အမြန်လမ်းမကြီးပဲဖြစ်ဖြစ်
ရိုးမတောပဲဖြစ်ဖြစ်
မြစ်ဆုံအရပ်ပဲဖြစ်ဖြစ်
ကာဗွန်တွေပဲ တထောကြီး သီးထနေတယ်။
အိပ်မက်ကတော့
ယပ်တောင်တစ်ချက် ယပ်တိုင်း
အောက်ဆီဂျင်တွေ လွင့်နေတယ်လို့ မက်ကောင်းနေတုန်း။

ကိုစစ်

3 comments

  • Shar Thet Man

    November 6, 2018 at 2:36 pm

    မိုက်တယ်

  • Thint Aye Yeik

    November 23, 2018 at 9:29 am

    အိပ်မက်ထဲမှာတော့… အိပ်မက်တွေ မက်လို့ကောင်းနေတုန်း

  • manawphyulay

    November 29, 2018 at 11:14 am

    အိပ်မက်ဆိုတာ…. အိပ်တုန်းပဲ မက်တာ…လေ

    ဒါကြောင့် အိပ်မက် မမက်တဲ့ နေ့တွေကို ဖြတ်သန်းကြည့်လိုက်ပါ…

Leave a Reply