ခေါင်းလောင်းသံ ချောင်းမြောင်းလျှံ

nld13

၂၀၁၈ နိုဝင်ဘာ ကြားဖြတ် ရွေးဂေါက်ပွဲ ပြီးဆုံးသွားပြီ၊ သတင်းများအရ အာဏာရ ဒီချုပ်ပါတီ ရနေရာနိုင် ၆နေရာ ရှုံးတယ်။ မြစ်ကြီးနား အမျိုးသားလွှတ်တော်နေရာ ကြိုတင်မဲကိစ္စ အငြင်းပွားမှု ရှိနေပေမဲ့ ရာခိုင်နှုန်း ၅ဝသာသာပဲ နိုင်တယ်။ ဒီချုပ်အတွက် လာမည့် ၂၀၂ဝရွေးဂေါက်ပွဲ အောင်နိုင်ရေး အချက်ပေးခေါင်းလောင်းသံလို့ အကဲဖြတ် အများစု လေသံတူတယ်။ မဲပေးခွင့်ရှိသူ ကိုးသိန်းမှာ မဲလာပေးသူ တဝက်ရှိတယ်လို့လည်း သတင်းမှာ ဆိုတယ်။ ပြင်ပ လေ့လာသူများရဲ့ အကဲဖြတ်ချက်နဲ့ မဲရလဒ် သိပ်ကွာတာ မတွေ့ရ။ ပြီးခဲ့တဲ့ ရွေးဂေါက်ပွဲ ရလဒ်၊ ကြားဖြတ်ရွေးဂေါက်ပွဲ သဘောသဘာဝနဲ့ ပစ္စုပ္ပန်နိုင်ငံရေး၊ စီးပွားရေး အခြေအနေများ ထည့်သွင်းသုံးသပ်လျင် အတော် နီးနီးစပ်စပ် ခန့်မှန်းနိုင်တယ်။ ကာယကံရှင် ပါတီများမှာတော့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲအပြင် စိတ်ရှိတိုင်း ထုတ်မပြောနိုင်တာမို့ သူတို့ခန့်မှန်းချက် လွဲတာ ဖြစ်ပါမယ်။ ။။။။။ ။။။။။။

ဒီနေရာမှာ ထပ်ပြောချင်တာ ကြံ့ဖွတ်ပါတီသည် တကယ် လူထုအင်အား ရှိသော ပါတီလား။ ဒီစကား ၂၀၁ရ ကြားဖြတ်တုံးကလည်း ကျနော် ပြောတယ်။ ၈၈ကို ကြုံတွေ့ဖူးသူ တယောက်မို့ ဖွတ်နဲ့စစ်ကို တူးတူးခါးခါးမုန်းတဲ့ ဘက်လိုက်ချက် ကျနော့်မှာ ရှိတာ ငြင်းမရ။ ဒါပေမဲ့ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈ ရွေးကောက်ပွဲ ၃ခုအပြီးမှာ ကျနေ်ာ့စိတ် ဝေဝါးလာတယ်။ တကယ်ပဲ အဲဒီပါတီကို ထောက်ခံသူလူထု ရှိလား။ မဲရလဒ်တိုင်းမှာ ဖွတ်အားကောင်းတယ်။ ပညာရှင်မဟုတ်လို့ အချက်အလက် မရှိပေမဲ့ စုစုပေါင်း မဲပေးသူရဲ့ ၂၀% အသာလေး သူတို့ရတယ် ထင်မိတယ်။ အဲဒါကို အခြေခံတွက်ရင် မြန်မာပြည် လူဦးရေ သန်းငါးဆယ်မှာ ငါးယောက်ကို တယောက်ဆိုတော့ ဆယ်သန်း ဖွတ်ဖြစ်နေလား။ စစ်အာဏာရှင်စနစ်ကို တရာမှာ လူ နှစ်ဆယ် နှစ်ခြိုက်အားပေးသလား။ မသိတော့ပါ ခေါင်းထဲတော့ ချာချာလည်။ ဟုတ်လျင်တော့ ဒီမိုကရေစီရေး၊ အနာဂါတ် မြန်မာနိုင်ငံအတွက် အတော်စိုးရိမ်စရာ။ တခုတော့ရှိတာ ဒီနေရာမှာ ဖွတ်နဲ့ စစ်ကို ခွဲခြားမြင်တယ်။ ဖွတ်သည် စစ်မရှိလျင် စက္ကူကျားရုပ် သာသာ ထင်တုံးပါပဲ။ ၂၀၂ဝမှာ ဖွတ်ပါတီ လူထုမဲ သန်းဆယ်ဂဏန်းချီ မှန်မှန်ကန်ကန်ရမည် ဆိုလျင်တော့ စစ်အာဏာရှင်စနစ် ထောက်ခံသူများကို ဘာပဲပြောပြော ဘောပဲပြားပြား သန်းနှင့်ချီသော မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးဆန္ဒတခုအဖြစ် ကျနော် လက်ခံပါတော့မည်။ ။။။။။။။ ။။။။။။။။

မဲရလဒ်ဆီ ပြန်သွားလျင် အမြင်၂မျိုး သုံးသပ်လို့ရမယ်။ တမျိုးက ဒီချုပ်ပါတီ အခြေအနေမကောင်း၊ လူထုထောက်ခံမှု ကျပြီ။ အဲဒီအမြင်ကို လေ့လာသူတိုင်း ပြောတာမို့ အကျယ်ချဲ့ မရေးချင်ပါ။ အရာတိုင်းမှာ အမြင်၂မျိုးရှိလို့ရ အသုံးဝင်တာမို့ ကျန်တမျိုးကို ပြောမယ်။ ရေဖန်ခွက်တဝက် နည်းလား များလား စကားအတိုင်းပါပဲ။ ကြံ့ဖွတ်ပါတီ အမာခံအား တွေ့ရတယ်။ ရှုံးထားသူ ထုံးစံအတိုင်း တက်တက်ကြွကြွ မဲပေးတယ်။ ဒီချုပ်ဘက်မှာလည်း သူတို့ အမာခံအား မြင်ရတာပဲ။ အနိုင်ရမဲဆန္ဒ နယ်မြေအရ၊ မဲအရေအတွက်အရ ငှက်နဲ့ဖွတ် အမာခံအချိုးအစား ၂း၁ ရှိပါမယ်။ ပိုထင်ရှားတာ ဖွတ်ရဲ့အားအကုန် မြင်ရပေမဲ့ ငှက်ကတော့ အမာခံသက်သက်ပဲ ဖြစ်တယ်။ ဝန်းရံပရိတ်သတ် မဲလာပေးသူ များလေ ငှက်မဲပိုရလေမို့ ၂၀၂ဝ အထွေထွေ ရွေးဂေါက်ပွဲကြီးမှာ ဒီချုပ်ပါတီပဲ နိုင်ဦးမှာပါ။ စိုးရိမ်ရမှာ ၂၀၁၅လို ၈၀% အသာနဲ့ လွှတ်တော်နှစ်ရပ်၊ သမ္မတနှစ်ဦး စိုးမိုးနိုင်ရေး။ ရွေးဂေါက်ပွဲ အောင်နိုင်ရေးအတွက် ပါတီတွင်း ပြုပြင်ပြောင်းလဲရေးကိုတာ့ ဒေါ်စု ၂၀၁၂ ပြန်လွတ်ပြီးထဲက အသံဟစ်တာပဲ၊  လက်တွေ့မှာ သိသာတာမရှိ။ ကြာတော့ ဒီချုပ်ပါတီသည် ပါတီတွင်း ပြောင်းလဲပြုပြင်ချင်စိတ် ရှိပါရဲ့လား စို့တည်းမဟုတ် ပြင်ဆင်နိုင်စွမ်း ရှိရောရှိရဲ့လား သံသယမေးခွန်း ဖြစ်လာစေတယ်။ ပြောင်းလဲရေးဆိုတာ အောက်ကို ပြောင်းပါ ပြောင်းပါ ပြောပြီး ထိပ်ကနေ ပိတ်ထိုင်ထားလို့ မရပါ။ ။။။။။။။။ ။။။။။။

၂၀၂ဝ ရွေးဂေါက်ပွဲကို ဒေါ်စု ခေါင်းလုှျိဝင်ခဲ့တဲ့ ၂၀၀၈ ခြေဥ  ကန့်သတ်ချက်ဘောင်ထဲက ဘယ်လို ပြင်ဆင်ကြမှာလဲ။ ကျန်တဲ့အချိန် ၂နှစ်အတွင်းမှာ နိုင်ငံရေး စီးပွားရေး ၂၀၁၅ ရွေးဂေါက်ပွဲကတိ၊ ပြည်သူအများ မျှော်လင့်ချက် ပြည့်မှီဖို့ မဖြစ်နိုင်တော့ပါ။ ဒါပေမဲ့ ရွေးကောက်ပွဲ စည်းရုံးရေး မဟာဗျူဟာချမှတ်ဖို့တော့ လုံလောက်တဲ့ အချိန်ကာလ ဖြစ်တယ်။ အစိုးရမူဝါဒအတိုင်း ဆက်အကောင်ထည်ဖေါ်တာလဲဖေါ် တဖက်မှာလည်း အောက်ပါ အချက်သုံးချက် အရေးကြီးတယ်။ ။။။။။ ။။။။။။

၁။ ပွင်လင်းမြင်သာမှု ရှိရမယ်။ အမကြီး အမိအရာစတိုင် ကျန်သူတွေကို စောင်ခလေးတွေလို သဘောထား ရေငုံနှုတ်ပိတ်နေလို့ မရဘူး။ စစ်တပ်နဲ့ ဘာသဘောတူညီချက် ယူထားသလဲ၊ ပြုပြင်ပြောင်းလဲဖို့ ဘာတွေက ဟန့်တားပိတ်ဆို့နေသလဲ။ ဘင်္ဂါလီပြဿနာကလဲ မြွေပူရာ ကင်းမှောက်။ သူ့ကြောင့်ပဲ စီးပွားရေးတိုးတက်မှု ရင်းနှီးမြှုပ်နှံမှု အလားအလာ မကောင်းဘူး။ ဒီချုပ် ရေငုံနေလေ တဖက်က လက်သီးပုန်းထိုး အခွင့်ကောင်း ယူလေပါ။ သစ္စာရှင်ယောင်ယောင် မေတ္တာရှင်ယောင်ယောင် လုပ်တာ ရပ်ဖို့လိုပြီ။ ။။။။။။။။ ။။။။။

၂။ ရွေးကော်ဥပဒေ ပြင်ပါ။ ခြေဥကို မပြင်ရလို့သာရှိတယ်။ ရွေးဂေါက်ပွဲဥပဒေ မပြင်ရ မပါဘူး။ ဦးဝင်းထိန်လည်း တခါက ပြင်ချင်တယ် ပြောဖူးတယ်။ အထက် အောက် လွှတ်တော် ထပ်နေတာ ပြင်မယ်ဆိုလား။ ဒါလဲစဉ်းစားရမယ်၊ တလဆယ်သိန်း  လခတင်နော်..။ ကြံ့ဖွတ်ကလည်း ဒါမြင်လို့ ရွေးကော်ကို ကြိုကန်နေပြီ။ လွှတ်တော်တခါလုပ် ကန်တဲ့ငွေ သောက်သောက်လဲ။ နောက်တချက်က မဲဆန္ဒနယ်မြေ သတ်မှတ်မှု ပြင်ရမယ်။ ကျနော့်အမြင် ခြေဥမှာ မြို့နယ် နယ်နမိတ် သတ်မှတ်ချက် ပါကောင်းပါနိုင်ပေမဲ့ ရွေးကော်အနေနဲ့ လိုအပ်သလို ပြင်ခွင့်မရှိဘူးလား။ မြို့နယ်အချို့အတွက် မဲဆန္ဒနယ် သတ်မှတ်မှုသည် သံသယဖြစ်စရာကောင်းတယ်။ ဥပမာ  ဆိပ်ကမ်း၊ ကိုကိုးကျွန်း မြို့နယ်များ။ လူဦးရေ တထောင် နှစ်ထောင်နဲ့ လွှတ်တော်နေရာတွေ ပေးဖို့ မလိုပါ။ နီးစပ်ရာ မြို့နယ်နဲ့ ပေါင်းလိုက်။ စစ်တပ်မဲ၊ ကြိုတင်မဲ စတာကိုလည်း ရဲရဲဝံ့ဝံ့ ဆန်းစစ်ဖို့ လိုပြီ။ အပျိုကြီး  ရောဂါကုချင် မရှက်နဲ့ မကြောက်နဲ့။ ။။။။။ ။။။။။

၃။ တိုင်းရင်းသားပါတီတွေနဲ့ ဗျူဟာကျကျ မဟာမိတ်ဖွဲ့ဖို့ လိုပြီ။ ဒီချုပ်ရဲ့ အားနည်းချက် တနည်းအားဖြင့် ဒေါ်စုအားနည်းချက်သည် မောက်မာလွန်းတယ်၊ ခေါင်းမာလွန်းတယ်။ အတိုက်အခံဘဝ ကိုယ့်လူမို့ ကြည့်ကောင်းသလို ရှိပေမယ့် သူလည်းဘုရင်ဖြစ်ရော အားလုံး ကိုယ့်ရှုးကိုယ်ပတ်ကုန်တယ်။ ၂၀၂ဝမှာ တိုင်းရင်းသားပါတီတွေ အားကောင်းမှာ ငြင်းလို့မရ။ ဒီချုပ် လွှတ်တော်တွင်း ၇၅%-၈၀% ရလျင်တော့ အကြောင်းမဟုတ်။ မရခဲ့သော် အခြားပါတီနှင့် ညွှန့်ပေါင်းဖွဲ့ရမည်။ ပြီးခဲ့သော ၂၀၁၅ ရလဒ်သည် ဒီချုပ်ရဲ့ နိုင်ငံရေး ရေချိန် အမြင့်ဆုံး ဖြစ်ဖွယ်ရှိတာမို့ ရှေ့လျောက် ဒီထက် ပိုကျဖို့သာ ရှိတယ်။ ဘယ်ပါတီနဲ့ ပေါင်းမဟာမိတ်  ဖွဲ့မှာလဲ…. စိတ်ကူးနဲ့ ဖဲရိုက်ကြည့်ရအောင်….. ……..။ ။။။ ။။။။။။။။ ။

(က) ဖွတ်ပါတီနဲ့ပေါင်းလျင် ရခိုင်မြောက်ပိုင်းကလွဲလို့ အကုန်နိုင် နိုင်တယ်။ ရယ်တော့ရယ်စရာကြီးပါ။ ဝါဒခြင်းမတူ တန်ဖိုးခြင်းမတူ ဘယ်လိုပေါင်းမှာလဲ။ သို့သော် နိုင်ငံရေးမှာ မဖြစ်နိုင်စရာ ဘာမှ မရှိ၊ အားလုံး ဖြစ်နိုင်သည်။ ဒေါ်စုနဲ့ ဦးရွှေမန်း မဟာမိတ်ဖွဲ့တာ ထိုနည်းနှင်နှင်… ။။။။။။။။။။။။။

(ခ) စစ်တပ်နဲ့ ပေါ်တင်ပေါင်း၊ ခိုးကြောင်ခိုးဝှက် ချိန်းတွေ့မနေနဲ့။ တလောကပဲ ဦးသန်းရွှေ အမိန့်နဲ့ဆိုပြီး စစ်ဗိုလ်ဟောင်းတစု ပါတီဖွဲ့တယ် မဟုတ်လား။ စစ်တပ်ဆိုတဲ့ ရေသောက်မြစ် မရှိလျင် ဖွတ်သည် မဆလဟောင်း တစညပါတီလို ချိနဲ့ညှိုးနွမ်းသွားမယ်။ ဖွတ်နဲ့ပေါင်းခြင်းထက် စစ်နဲ့ပေါင်းခြင်းက တနိုင်ငံလုံး ရာနှုန်းပြည့် နိုင်စေလိမ့်မည်။ (နောက်နေခြင်း မဟုတ်ပါ)။။။။။။ ။။။။။။။။

(ဂ) အင်အားကြီး တိုင်းရင်းသားပါတီနဲ့ပေါင်းလျင်လည်း ရည်ရွယ်ချက် အောင်မြင်မည်။ လောလောဆယ် မြင်တာ ရှမ်းဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပါတီများင့် ကချင်ဒီမိုုကရေစီပါတီ။ အနီးစပ်ဆုံးက ရှမ်းဒီချုပ်၊ သမိုင်းအရ အလုပ်သဘောအရ အကျွမ်းတဝင်ရှိတယ်။ ဒီချုပ်အတွက် ရှမ်း၊ ကချင်ပါတီတို့နဲ့တင် လုံလောက်နိုင်တယ်။ သူတို့  ၂ပါတီသည် လာမည် ၂၀၂ဝမှာ အထက်၊ အောက်နဲ့ ပြည်နယ် လွှတ်တော် ထိုင်ခုံ တဝက်လောက်ဆီ သိမ်းနိုင်ကိန်း ရှိတယ်။ သူတို့နဲ့ ညှိပြီး နေရာခွဲပြိုင်ရမှာပေါ့။ ရွေးကောက်ပွဲ ရလဒ်အပေါ်မူတည်လို့ ပြည်နယ် ဝန်ကြီးချုပ်ရာထူးမှ ပြည်နယ်အစိုးရ ညွှန့်ပေါင်းအစိုးရ၊ ပြည်ထောင်စုအစိုးရ ကက်ဘိနက် ဝန်ကြီးနေရာအထိ အပေးအယူလုပ်ဖို့ လိုမယ်။ ဒီချုပ်မူဝါဒနဲ့ မကိုက်စရာ မရှိလို့ ခေါင်းကိုက်စရာ မရှိပါ။ ။။။။။။ ။။။။

(ဃ) အခြားတိုင်းရင်းသားပါတီများနှင့် ပေါင်းလည်း ဖြစ်နိုင်တယ်။ မိတ်ဖက်ရခိုင်ဒီမိုကရေစီပါတီ၊ ချင်း၊ မွန် စတာတွေနဲ့ ဗျူဟာမြောက် မဟာမိတ်ဖွဲ့ တိုက်လျင်လည်း လိုအပ်ထိုင်ခုံနေရာ ပြည့်မယ်။ ဒီချုပ်အနေနဲ့ သူတို့ကို အခြား ပါတီများထက် ပိုညှိနှိုင်းရလွယ်မယ်။ ရှမ်းနဲ့ကချင် ပေါင်း လွှတ်တော်ခုံ အရေအတွက်တော့ မှီမည်မထင်။ အားနည်းချက်မှာ အဖွဲ့များတော့ စကားများမယ်။ လူများလေ ချေးများလေ။ ။။။။။။။ ။။။

ပြန်ချုပ်လျင် ဒီချုပ်အတွက် ကြားဖြတ် ခေါင်းလောင်းသံသည် သာယာနာပျော်ဖွယ် မရှိပေမယ့် မရဏမင်းအမိန့် ခေါင်းလောင်းသံ မဟုတ်သေး။ နှစ်ပေါင်း၂ဝကျော် ပေးဆပ်ခဲ့သော စွန့်လွှတ် အနစ်နာခံမှု အားထုတ်မှုများက ကိုယ်နှင့်တန်သော နေရာသို့ ပုခုံးထမ်း တင်ပို့ပေးပါဦးမည်။ မိမိက လှမ်းတက်နိုင်ဖို့ လှမ်းတက်ရဲဖို့သာ လိုသည်။ နိုင်ငံရေးမှာ ရဲဝံ့ရမည် ပြတ်သားရမည်။ သူများတက်ချိန် ကိုယ်က မျှောလိုက်တာ အမှား မဟုတ်သလို ကိုယ့်အလှည့်ကျ မနွှဲ့ဖို့  လိုသည်။ သို့မဟုတ်ပါက နိုင်ငံရေး ကြောင်သူတော် Hypocrite ဖြစ်သွားပါလိမ့်မည်။ ။။။။။။။ ။။။

*******

ငှက်ခတ်သမားကြောင်ကြီး

6 comments

  • Shar Thet Man

    November 6, 2018 at 3:35 pm

    ရက်စ်…

  • zaw lin

    November 6, 2018 at 9:04 pm

    ကျွန်တော်လက်ရှိတပ်မတော်သား အခြားအဆင့်တစ်ယောက်ပါ စစ်သက် ၃ဝ ပါ လက်ရှိအနေအထားအရ တပ်မတော်ကိုစည်းရုံးဘို့ဆိုရင် online lobby တွေရဲ့ ရိုင်းစိုင်းစွာ တပ်မတော်သားတွေကိုပုတ်ခတ် ဆဲဆို တပ်မတော်သားသေတဲ့သတင်းတွေအောက်မှာဝမ်းသာအားရ ရေးနေပြောနေတဲ့သူတွေရဲ့ပရိုဖိုင်ကြည့်ရင် NLD အမာခံတွေများပါတယ် ကျွန်တော်စကင်ထားတာ ဟာ့ဒစ်တစ်လုံးပြည့်နေပါပြီ တပ်မတော်သား မိသားစုတွေ သား သမီးတွေ ရာခိုင်နှုန်းတော်တော်များများ စမတ်ဖုန်းကိုင် အင်တာနက်သုံးနေကြတာမို့ သူတို့ရဲ့ ရင်ထဲ ဆူးတွေရိုက်သွင်းနေတဲ့ NLD လော်ဘီတွေကြောင့် တပ်မဲတွေဟာ အလိုလို ပြိုင်ဘက်ပါတီကိုစုပုံသွားစေတာပါ ကျွန်တော်တို့ဆီမှာမဲပေးတာကို ဘယ်ထည့်ပါ ဘယ်အရာရှိကမှ မပြောပါ online ခေတ်မှာ စကားမှားတာနဲ့ မလိုသူ လိုင်းပေါ်တင်တာနဲ့ သူတို့ဒုက္ခရောက်သွားနိုင်တာမို့ ဘာမှမပြာ မစည်းရုံးပါ ကိုယ့်အသိနဲ့ကိုယ်ထည့်ခိုင်းထားပါတယ် ကျွန်တော် ၂၀၁၅ မှာတပ်တွင်းမဲရုံမှာလွပ်လပ်စွာထည့်ခွင့်ရပါတယ် အရပ်နဲ့မတူတာက စစ်သည်တိုင်း အားလုံး မဖြစ်မနေ ကိုယ်ကြိုက်ရာထည့်ခွင့်ရပါတယ် အဲ့တုန်းက ပြည်ခိုင်ဖြိုးက ၈ဝ ရာခိုင်နှုန်း NLD က ၁ဝ ရာခိုင်နှုန်းနဲ့ အခြား ၁ဝ ရာခိုင်နှုန်းလောက်ရသွားတယ်လို့သိခဲ့ရတယ် နောက်ပိုင်း ရဲဘော်တိုင်းနီးပါး လစာငွေအရစ်ကျနဲ့ စမတ်ဖုံးတွေလာရောက်ရောင်းချပေးတဲ့ကုပ္မဏီတွေကြောင့်အင်တာနက်ကိုတွင်တွင်ကြယ်ကြယ်သုံးခွင့်ရလာသလို တပ်မိသားစုတွေအားလုံးနီးပါးခေတ်မှီ စမတ်ဖုံး ဈေးအသင့်သင့်တွေကို ဝယ်ကိုင်ပြီးနောက် Y8 လိုသတင်းတွေအောက်မှာ NLD လော်ဘီတွေနဲ့ တပ်မိသားစုတွေ အပြန်အလှန် ဆဲဆိုနေကြတာတွေ့ရမှာပါ တပ်မတော်အကြီးအကဲတွေကတော့ တပ်မိသားစုတွေနဲ့တပ်မတော်သားတွေလိုင်ဘော် မရိုင်းစိုင်းဘို့သည်းခံဘို့အမြဲဖြောင့်ဖြပေမည့် တပ်မတော်သားမိသားစုတွေရင်ထဲ ဆူးတွေတစ်ချောင်းပြီးတစ်ချေင်းရိုက်သွင်းနေတဲ့ NLD လော်ဘီတွေကြောင့် ရင်ကြားစေ့ဘို့ခက်နေတယ် ကိုကြောင်ကြီးရေ

  • ဦးဦးပါလေရာ

    November 7, 2018 at 10:43 pm

    ဒီကြားဖြတ် မလုပ်ခင်ကတည်းက
    ၁- NLD ကို ကိုယ်ထောက်ခံထားတဲ့ပါတီမို့ နိုင်တော့နိုင်စေချင်တယ်
    ပွတ်ကာသီကာပဲ နိုင်စေချင်တယ်..
    အခုရလာဒ်ထက် တစ်နေရာလောက် လျော့ရင် ပိုတောင်ကောင်းသေးတယ်
    ဒေါ်စုနဲ့ အထက် လူကြီးတွေ အခြေနေမှန်ကိုသိနိုင်တာ ဒီနည်းပဲရှိတယ်
    အားလုံးကောင်းပါသည်ဆိုတာတွေကြောင့် မဆလ ကျဆုံးခဲ့တာ မမေ့သင့်
    ၂- ကြံ့ နဲနဲ နိုင်စေချင်တယ်
    ဒါမှ တကယ့်အရေးကြီးရွေးကောက်ပွဲဖြစ်တဲ့ ၂၀၂ဝ အတွက် နဲနဲစိတ်အေးပြီး မဟုတ်တာတွေ မကြံမှာ။ သူတို့ကို လျော့မတွက်သင့်။ ပလင် အေ ဘီ စီ ဒီ .. ဇက် အထိတောင်ရှိမလားမသိ..။
    ဒီချုပ်နဲ့ တခြားစီ..။
    ၃- တိုင်းရင်းသား အချို့ နိုင်စေချင်တယ်
    အဲဒါက ဒီချုပ်ကို ပါးပါးနပ်နပ် ရှေ့ဆက်နိုင်ဘို့ အချက်ပေးရာရောက်မယ်..
    …….
    ကျုပ်သာ ဒီချုပ်ကို ပဲ့ကိုင်ရရင်
    ၂၀၂ဝ မှာ
    -ကိုယ်မပိုင်တဲ့တိုင်းရင်းသားနေရာအချို့ကို လွှတ်ပေး၊ တိုင်းရင်းသားပါတီကိုမိတ်ဖွဲ့ ၊ ကိုယ့်အားနဲ့ထောက်ခံပေးလိုက်ခြင်းဖြင့် ဟိုပါတီ မတော်တဆနိုင်သွားမှာကို ကာကွယ်မယ်။
    -၈၈ အုပ်စုကိုမြှောက်ပေးပြီး လွှတ်တော်ထဲ ပါအောင်ခေါ်မယ်
    -သေချာလောက်တဲ့ တစ်သီးပုဂ္ဂလရှိရင် အဲဒီနေရာလွှတ်ပေးပြီး ထောက်ခံပေးလိုက်မယ်..။

    Land slide မရမယ့်အတူတူ လွှတ်တော်တွင်းပိုကောင်းမယ့်အခင်းအကျင်းကို လုပ်ပေးခြင်းဖြင့်
    တိုင်းပြည်အတွက်ရော ကိုယ့်ပါတီအတွက်ရော ဝင်းဝင်း ဖြစ်အောင်လုပ်မယ်..

  • ဦးဦးပါလေရာ

    November 7, 2018 at 10:54 pm

    ဒီချုပ်အရေးတကြီးပြင်ရမှာက
    လူတွေပြန်ရွေးရမယ်
    ပါတီတွင်းပွင့်လင်းမြင်သာရှိရမယ်
    ပြင်စရာတွေ စည်းရုံးရေးတွေ ဂရုစိုက်ရမယ်
    ..
    ဒီချုပ်အစိုးရပြင်စရာက
    ပြည်သူအပေါ်ပွင့်လင်းမြင်သာရှိရမယ်
    လုပ်ဆောင်ချက်တိုင်းကို ချက်ကျလက်ကျ ရှင်းလင်းပြနိုင်ရမယ်
    အရေးကြီးတာ အရင်လုပ် (လွယ်တာအရင်မလုပ်သင့်)
    ပြည်သူ့အမြင်ကို ဂရုစိုက်ရမယ် အခုထက် အဆတစ်ရာအလေးထားရမယ်
    ငါတို့က စေတနာနဲ့လုပ်တာ ငါတို့စကားနားထောင် ဆိုတာမျိုးကတော့
    အရင်စစ်ဗိုလ်တွေလဲ အဲလိုလုပ်ခဲ့ရင်း အဲလို မေတ္တာတုံးခံရသွားရတာပဲ…
    အရေးအကြီးဆုံးကတော့
    ဆင်းရဲသားဦးစားပေး လက်ဝဲယိုင်အတွေးအခေါ်တွေကို ပြောင်းရမယ်..
    ဥပဒေကို ရိုသေပြီး ဥပဒေအတိုင်းလုပ်ဖို့ ကြိုးစားရမယ်..
    ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး
    ကိုယ်ကောင်းမယ်ထင်တာကိုယ်လုပ်နေလို့ကတော့
    သေတဲ့အထိ တိုင်းပြည်မကောင်း
    သေတဲ့အထိ ဒီမိုမရ..

  • kai

    November 11, 2018 at 5:25 am

    တတိယပါတီတခုသာမရှိလာရင်.. ၂၀၂ဝမှာ ဒီချုပ်ပဲ မဲအပြတ်နဲ့နိုင်ပါမယ်..။
    ဒေါ်စုလည်း ဆက်ရှိနေမယ်ဆိုရင်ပေါ့..။
    ပြည်ခိုင်ဖြိုးကတော့.. ဘယ်အကြောင်းနဲ့.. ဘာလုပ်လုပ်… မရရေးချမရ..။
    ကံကောင်းရင်… ၂၀၂ဝမယ်.. ဘဲဥတော့ ကွဲလောက်ပါရဲ့..။

    သိပ်ခပ်ဝေးဝေးကြည့်ဖို့မလို…။ တချိန်တခါက.. တိုင်းပြည်ကို..ဆယ်စုနှစ်ချီအုပ်ချုပ်ခဲ့တဲ့.. မဆလကိုကြည့်ပေါ့..။
    မဆလကနေ.. တစညဖြစ်.. ဝင်ပြိုင်တာ.. အခု ၂၀၁၅ ရွေးကောက်ပွဲလဲရောက်ရော.. ဘဲဥကွဲယုံ..ခုံတခုံသာရသတဲ့..။ 🙂

  • Thint Aye Yeik

    November 23, 2018 at 9:35 am

    ငှက်တုလို့ ကြောင်ခုန်…
    ညှောင်ရုံသာရှိ
    :k:

Leave a Reply