ပင်ပန်းနေတဲ့အချိန် သက်တောင့်သက်တာနဲ့ အနားယူလို့အကောင်းဆုံးနေရာလေး ✨Golden Park Spa Land ✨

Mon LayNovember 17, 201813min2221

ပို့စ်လေးမရေးခင် မွန်လေးကိုယ့်ဖာသာအရင်မိတ်ဆက်ချင်ပါတယ်။ 😉 မွန်လေးကဝန်ထမ်းတစ်ဦးပါ..တစ်လကိုအစိုးရရုံးဖွင့်ရက်

အတိုင်းလုပ်ရပါတယ်။ ဒါ့အပြင်အိမ်စီးပွားရေးကိုလည်း တစ်ဖက်ကနေကူညီနေရလို့..တစ်လတစ်လကိုနားတဲ့ရက်ကိုမရှိသ

လောက်ကို မအားတဲ့သူတစ်ယောက်ပါ။ 😣အဲလိုနားရက်မရှိတော့ တစ်ခါတစ်လေ..စိတ်တွေအရမ်းရှုပ်လာရင်..relax

ရမယ့်နေရာမျိုးကို ခရီးတွေထွက်ရင်ထွက်၊ မထွက်ဖြစ်ရင်.ရန်ကုန်မြို့တွင်းမှာ ဘယ်နေရာက relax လုပ်လို့ကောင်းလည်းရှာရော။

အဲမှာ ရန်ကုန်မှာ ကိုးရီးယားကနေလာဖွင့်ထားတဲ့ ချွေးထုတ်ခန်းကိုတွေ့ပါလေရော။ သွားကြည့်မယ်ကွာဆိုပြီး သွားတာခုဆို

ဘယ်နှစ်ကြိမ်တောင်ရှိမယ်မှန်းမသိတော့ဘူး.. ရောက်ရောက်နေတာ။ 😁တကယ်ကိုစိတ်အပန်းလည်းပြေတယ်..အနားယူလို့

လည်းကောင်းတယ်။ ချွေးထုတ်လိုက်လို့ အသားရည်လည်းလှလာတယ်။😍 Ro လို့ကောင်းတဲ့နေရာလေးဆိုလည်းမမှားဘူး။

💛💜

#တည်နေရာ🏛

တည်နေရာကတော့ ပြည်ထောင်စုလမ်းနဲ့ ပင်လုံလမ်းထောင့် (မဝတ မှတ်တိုင်အနီး)၊ မြောက်ဒဂုံမြို့နယ်ထဲမှာဖြစ်ပြီး  ဖုန်းနံပါတ် ဝ၉-၄၃၁၀၉၈၆၁ ကို ဆက်သွယ်နိုင်ပါတယ်။

#ဆိုင်စတင်ဖွင့်လှစ်ခဲ့တဲ့နေ့နဲ့ ဆိုင်ဖွင့်ချိန်🕛

ဒီဆိုင်ကို စတင်ပြီးဖွင့်လှစ်ခဲ့တဲ့နေ့ကတော့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ဖြစ်ပါတယ်။ ဆိုင်ကိုလည်း ၂၄ နာရီ ဖွင့်လှစ်ပေး

ထားပါတယ်။

#ဆိုင်ရဲ့ထူူးခြားမှု⚡️⚡️

ဒီ Spa က ရန်ကုန်မှာရှိတဲ့ တခြားသောဆိုင်တွေနဲ့ မတူတဲ့ အချက်တွေ ရှိပါတယ်။ ဘာတွေလဲဆိုတော့ အခုမြန်မာ နိုင်ငံမှာ ရှိနေကြတာက အလှအပကို အဓိကထားတဲ့ Spa တွေ ဖြစ်ပါတယ်။ ဒီမှာက ချွေးထုတ်ခန်းတွေ ရှိတယ်၊ ရေနွေးငွေ့၊ ရေချိုး

ကန်တွေရှိတယ်။ ကိုရီးယားမှာရှိတဲ့  Spa ပုံစံမျိုး လုပ်ပေးထားတာပဲဖြစ်ပါတယ်။ ကျန်း မာရေးပိုင်းကို ပထမဦးစားပေး

ထားတယ်။ ကလေးအရွယ်ကနေ လူကြီးတွေအထိ မိ သားစုလိုက်သုံးလို့အဆင်ပြေပါတယ်။ တစ်ယောက် တည်း လာလည်းအဆင်ပြေတယ်။ မွန်လေးဆို တစ်ယောက်ထဲလည်းသွားတယ်။ ခွန်​အားပြည်​့​စေမယ်​့ အစားအ​သောက်​​တွေကို Golden Park Restaurant မှာ 🍝🍗🍞🍓🍉သုံး​ဆောင်​​စေရင်​း ၊​ချွေးထုတ်​ 💦အနားယူ ​ရေပူစိမ်​ရင်​း🛀 ကျန်​းမာ​ရေးအတွက်​ တစ်​ရက်​တာ အချိန်ပေးလို့ရလို့လေ။ ခုဆိုဟိုတယ်တောင်ရှိနေလို့ staycation လည်းလုပ်လို့ရပါတယ်။ ✔️

မင်္ဂလာဆောင်မယ်ဆိုရင်လည်း Golden Park ရွှေပန်းခြံမှာ လုပ်လို့ရသေးတယ်ပြောပါတယ်။ 💏

👉 လူ ၃၀ဝ ဆိုရင် မင်္ဂလာမောင်နှံအတွက် Golden Park Hotel မှာ မင်္ဂလာဦးညတည်းခိုခွင့်နဲ့ Breakfast ပါ ဝန်ဆောင်

မှုပေးပါတယ်တဲ့။

GP ရဲ့ Hair & Beauty မှာ ပဉ္စလက်​ဆန်​​တဲ့ Stylist 💇ရဲ့ ဖန်​တီးမှု😇ကလည်း ဂွတ်ဆိုတော့ လုံးဝ Perfect ပဲ။

ပြီးတော့ member card လည်းလုပ်လို့ရပါတယ်

Silver Membership(၁)လစာ(၈၀၀၀၀)ကျပ်
-Free any time for spa land
-20%Dis anytime,2persons for spa land with member
-10%Dis anytime for Hotel
-10%Dis for F&B
-20%Dis for Beauty House
-20%Dis for Foot Spa
-10%Dis for Skin care

Gold membership(3)လစာ(၂၀၀၀၀၀)ကျပ်
-Free any time for spa land
-20%Dis anytime,2persons for spa land with member
-10%Dis anytime for Hotel
-10%Dis for F&B
-20%Dis for Beauty House
-20%Dis for Foot spa
-10%Dis for Skin care

Platinum membership(6)လစာ(၄၀၀၀၀၀)ကျပ်
-Free any time for Spa land
-50%Dis anytime,2persons for spa land with member
-Free 3nights for Hotel
-10% Dis anytime for Hotel
-20%Dis for F&B
-50% Dis for Beauty House
-20%Dis for Foot spa
-10% Dis for Skin care

Diamond Membershipလေးကတော့ (၁)နှစ်စာပါ။(၈၀၀၀၀ဝကျပ်)
-Free any time for spa land
-1 person free anytime for spa land with member
-50%Dis anytime,2persons for spa land
-Free 6nights for Hotel
-10%Dis anytime for Hotel
-20%Dis for F&B
-50%Dis for Beauty House
-20%Dis for Foot spa
-10%Dis for Skin care

#GP Spa Land မှာ အပန်​း​ဖြေ 🛀🛀

ဝင်ကြေးကိုအရင်ပြောပေးမယ်နော်💵

Spa Land
Adult …………………………..11000
Child (8 to 12)years old …… 8000
Child (8 to 12)years old …… 5000


SAUNA
Adult ………………………….. 8000
Child (8 to 12)years old …… 5000
Child (8 to 12)years old …… 4000

Spa Land မှာ အပူခန်း (၃)ခန်းနဲ့ အအေးခန်း(၁)ခန်းရှိပါတယ်။ အခန်းတွေနဲ ့စနစ်တကျ ချွေးထုတ်သွားမယ်ဆိုရင်ချွေးပေါက်တွေ

ထဲက အညစ်အကြေးတွေသန့်ရှင်းပြီး နေလို ့လဲကောင်း ၊လှလဲလာလိမ့်မယ်။ ကဲဒါဆိုရင်Golden Park မှာဘယ်လို ချွေးထုတ်

ရမယ်ဆိုတာ ပြောပြသွားမယ်နော်။

ပထမဆုံး reception မှာ ငွေသွင်း၊ သူတို့ပေးတဲ့ အကျီတို့၊ တဘက်တို့ကိုယူပြီး locker လိုက်ရှာ။

🎒👘 ဝတ်လာတဲ့အဝတ်တွေချွတ်ပြီး ခဏနားဖို့ Hall ထဲကိုသွားလိုက်ပါ။ အဲဒီခန်းမကြီးပတ်ပတ်လည်မှာ အခန်းငယ်လေးတွေရှိတယ်။ ပထမဆုံးတွေ ့ရမှာ Ocher လို ့ခေါ်တဲ့ မြေနီခန်းပေါ့။ အဲဒီအခန်းထဲကို အရင်စဝင်ပါ။ အဲဒီမှာ ဆယ်မိနစ်လောက်နေ ပြီးရင် အပြင်ကနားနေခန်းထဲမှာ ခဏနား ရေသောက်ပေါ့။ 🥛ဒါဆိုရင်ထွက်သွားတဲ့ချွေးတွေအတွက် ရေဓါတ်ပြန်ပြည့်ပြီလေ။💦

ဒုတိယဝင်ရမှာက Charcoal လို ့ခေါ်တဲ့ မီးသွေးခန်းပါ။ အဲဒီမှာလဲ ဆယ်မိနစ်လောက်ဝင်ပြီး အပြင်ပြန်ထွက်၊ရေသောက် နားပေါ့။🥛

တတိယဝင်ရမှာကတော့ Salt Room လို ့ခေါ်တဲ့ ဆားခန်းပါ။ အဲဒီမှာလဲ ဆယ်မိနစ်ချွေးထုတ်ပြီးရင် ခဏနားရေသောက်ပါ။💦🥛

ဒါတွေပြီးရင်ဟောခန်းမထဲမှာ စာဖတ် လိုက်တီဗီကြည့်လိုက်အနားယူလို ့ရတယ်။👯😴🧘 ဒါမှမဟုတ်လို ့Gym ထဲမှာဝင်ပြီး ခဏဆော့လို ့ရတယ်နော်။ Gym ​ခန်းမ​လေးထဲမှာ ပြေးစက်​ပေါ်ပဲတက်​ပြေးမလား၊ စက်ဘီးနင်းမလား ဒါမှမဟုတ်ဝိတ်

တုံး​လေး​တွေနဲ့ပဲ ​လေ့ကျင့်ခန်းလုပ်မလား လုပ်လို့ ရတယ်။ အဆီချစက်လည်းရှိတယ်။ 👯‍♂️🧗🚴‍♀️

  ပြီးရင် အနည်းဆုံး မိနစ်၂ဝ နားပြီးသွားရင်တော့ ချွေးတိတ်သွားပြီလေ။ 💦နားနေတဲ့အချိန် မျက်နှာပေါင်းတင်ကပ်ခွာလေး

ကပ်ပြီးမှေးနေလိုက်ပေါ့။ 💆အဲ့မှာ ခေါင်းခုလေးနဲ့ဖျာဖော့လေးတွေပေးထားတယ်။

ပြီးတော့ Foot Bath ​ရေ​နွေး​နွေးမှာ အပန်​း​ဖြေပါ။ 👣gym ရဲ့အရှေ့တင်ပဲ။

ချွေးထွက်သွားလို ့ကျယ်သွားတဲ့ ချွေးပေါက်တွေပိတ်ဖို ့အတွက် Ice Room လို ့ခေါ်တဲ့ ရေခဲခန်းဝင်ရမှာဖြစ်ပါတယ်။🍙

ရေခဲခန်းမှာ ၁၅မိနစ်​လောက် ဝင်ပြီးသွားရင်​တော့ ​ချွေးတွေထွက်လို ့ကျယ်သွားတဲ့ ချွေးပေါက်လေးတွေကျဉ်းသွားပြီပေါ့။ အပြင်

ထွက်ပြီးအနားယူလို့ ရပါပြီ။ အနားယူရင်း​ရေသောက်ဖို ့တော့မမေ့နဲ့​နော်။🥛 ပြီးရင် နား​နေခန်းမကျယ်ထဲမှာလက်ဖက်ကြက်

ဥပြုတ် ၊🥚အအေး 🍹၊Snack🍖 ​တွေနဲ့​ခေါက်ဆွဲပြုတ်🍲​တွေစားလို ့ရပါတယ်။ ပြီးရင် အမှတ်တရစာလေးတွေချန်ခဲ့ချင်ရင်လည်း

ချန်ခဲ့လို့ရအောင် စားပွဲနဲ့ စာရွက်၊ဘောပင် ဘုတ်နဲ့အစုံကိုပေးထားတယ်။

အနားယူပြီးလို ့​အေး​ဆေးဖြစ်သွားပြီဆိုရင်​တော့ ရေချိုးခန်းထဲဝင်လို့ ရပြီ​နော်။🚿 ​ရေချိုးခန်းက အမျိုးသားအမျိုးသမီးခွဲထားပါတယ်။​​ရေအရင်ချိုး ပြီးရင် အပူချိန် ၃၀​ကျော်နဲ့​ကြေးပြား​လေး​တွေနဲ့ကပ်ထားတဲ့ကန်မှာအရင်စိမ်​ပေါ့။

🛀တစ်ကိုယ်လုံးစိမ်လို ့ရတယ်တဲ့။မွန်လေးတော့ တစ်ကိုယ်လုံး မစိမ်နိုင်ခဲ့ဘူး..အားလား..ရေကတော်တော်ကိုပူတာ.

.ခြေထောက်တောင်မနည်းကြီးကြာမှချလို့ရခဲ့တယ်။ 😩ဒါပြီးရင်​တော့ အပူချိန်၄ဝ ဝန်းကျင်ရှိတဲ့ကန်မှာထပ်စိမ်လို ့

ရပါတယ်။  နောက်တစ်ဆင့်အနေနဲ့တော့ ၃​ပေခွဲ​ဝန်းကျင်နက်တဲ့ ​ရေကူးကန်​လေးထဲမှာ ​ရေစိမ်ရင်းခဏအပန်​း​ဖြေပြီး

​ရေချိုးလို ့ရပါပြီ။ 🚿 ခုဆို ခေါင်းလျှော်ရည် ၊ ဆပ်ပြာလေးနဲ့ပေးတော့အိမ်ကနေတကူးတကသယ်စရာမလိုတော့ဘူးပေါ့။

 ရေချိုးပြီးရင် အဝတ်လဲခန်းမှာဆံပင်အ​ခြောက်ခံစက်၊ lotionစတာ​တွေရှိ​တော့ ​​အေး​အေး​ဆေး​ဆေး အဝတ်လဲနိုင်ပါတယ်။

Spa Area ကထွက်ပြီး ရေပန်းတွေမီးတွေခုံတန်းလေးတွေနဲ့ အလွန်အကြူးလှတဲ့ Golden Park ရွှေပန်းခြံဘက်ကိုသွားပြီး
သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊မိသားစုတွေနဲ့ဖြစ်ဖြစ် ပျော်ပျော်ပါးပါး ဒန်းစီးရင်း​ကော်ဖီသောက် Korean, Thai, Chinese အစားအ​သောက်​တွေ စား၊ အရမ်းမိုက်တဲ့ အကင်တွေဘာတွေလည်း စား ( ညဘက်ဆို Unplugged လေးပါ ရှိတော့ ) အရမ်းကို သာယာကြည်နှုးစရာကြီးပေါ့။☕️🍵🍪🍡🍲

ကဲ..မွန်လေးတောင် စာရေးရင်းပင်ပန်းလာလို့ Golden Park မှာ ချွေးထုတ်ရင်း Chilling သွားလုပ်လိုက်ဦးမယ်ကွယ်..

 

 

 

 

 

 

 

 

One comment

  • ဦးကြောင်ကြီး

    December 2, 2018 at 7:55 am

    ခြစ်သျှားဂို ဖဲ့ချဉ်လာဘ်နှာ

Leave a Reply