ကပ်ပါး သစ်ပင်

နေရာတက လွှမ်းမိုးမူ အရိပ်တွေနဲ့

ရှင်သန်ခဲ့ရတဲ့

ဘဝတစ်ခုက ငါ့အတွက်တော့

ဆယ့်သက်စာလောက် ကြန့်ကြာနေသလိုမျိုး။

အနီးကပ် သူငယ်ချင်းတွေရဲ့

ဂရုစိုက်မူအောက်မှာတင်

မင်းကို သတိရတဲ့စိတ်တွေ

လူမသိ သူမသိ ဝှက်ထားရင်းနဲ့

ငါ့အလွမ်းတွေကို မျိုချနေတာ

အစာလွန် ဖြစ်တဲ့ ရက်ပေါင်းများနေပြီ။

လွမ်းနေတာ တစ်ခုတည်းနဲ့တင်

မျှော်လင့်ချက် မဲ့နေတာလောက်

မြစ်ဘေးကမ်းပါးတွေ ပြိုကျနေတာ

ငါ့နှလုံးသားနယ်မြေတွေ တစ်စ တစ်စ

ပျောက်ဆုံးနေလေရဲ့….။