ဒီဇင်ဘာ ၁၉ ရက်က စတင်ကာ Omni Focus Transport Service ၏ယာဉ်လိုင်းခွဲများဖြစ် သော ဝိုင်ဘီအက်စ် (၂၀) လှိုင် သာယာမှ ကြယ်ငါးပွင့်၊ (၈၃)လှိုင်သာယာမှ တောင်ဒဂုံ၊ (၉၈) ဒဂုံ ဧရာအဝေးပြေးမှ လမ်း ၅၀၊ (၉၉) ဒဂုံဧရာအဝေးပြေးမှ မြောက်ဒဂုံ ယာဉ်လိုင်းများ ၂၄ နာရီ ပြေးဆွဲမည်ဟု Omni Focus က သတင်းထုတ်ပြန်သည်။

ညပိုင်းပြေးဆွဲရာတွင် နာရီ ဝက်တစ်ကြိမ် ကားများလွှတ်မည် ဖြစ်ပြီး Omni Focus က သတ်မှတ် မှတ်တိုင်များ၌ ခရီးသည်စောင့်ရန် ပျမ်းမျှကြာချိန် ၂ မိနစ်မှ ၅ မိနစ်အထိ ခေတ္တရပ်နားကာ  ကျန်မှတ်တိုင်များတွင် ရပ်၊ တင်၊ ချ စနစ်ဖြင့်သာ ရပ်နားမည်ဟု ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

#credit from 7 days

ဒီသတင်းဖတ်လိုက်ရတော့ ညပိုင်းကို အလုပ်ကိစ္စနဲ့သွားနေရတဲ့ မွန်လေးတစ်ယောက်ပျော်မိသွားတာပေါ့။ ဘာလို့ဆို မွန်လေးက

ဝန်ထမ်းအလုပ်ပြီးတာနဲ့ အိမ်စီးပွားရေးတစ်ခုကို ရုံးဆင်းတာနဲ့ ဆက်လုပ်ရပါတယ်။ အဲခါမှာ ည(၉)နာရီဆိုတာနဲ့ YBS လိုင်း

ကားတွေက ရှိကိုမရှိတော့တာ။ အကိုကကားနဲ့လိုက်ပို့ပေးနိုင်တဲ့အခါဆို တော်သေးတယ်။ သူကလည်းအမြဲမအားတော့ တခါတလေလိုင်းကားနဲ့ပဲလစ်ရတာများတယ်။ အဲလိုဆို ပြန်တဲ့အခါ မိုးချုပ်ရော။ (၉)နာရီဖြစ်သွားတတ်ရင် ကားဂိတ်မှာ ကား

စောင့်ရင် ကားကတော်တော်နဲ့ပေါ်မလာတော့ဘူး။ grab taxi စီးလို့ရပါတယ်။ လိုင်းကားများလာဦးမလားဆိုတဲ့ ကပ်စေးနည်း

စိတ်နဲ့စောင့်ကြည့်တတ်ပါတယ်။ ကံကောင်းလို့ လာတဲ့အခါလည်းရှိသလို ပိုက်ဆံကုန်ချင်တဲ့အခါ grab ပဲခေါ်စီးရတာမျိုးလည်းရှိ

ပါတယ်။ ခုတော့ ညအချိန် သွားလာမယ့် ခရီး သည်တွေ အဆင်ပြေဖို့ ၂၄ နာရီ ဝန်ဆောင်မှုပေးမယ့် လိုင်းကားတွေ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ နေရာများအတွက် ရှိနေပြီတဲ့။ ပြီးတော့ ညအချိန် ပြေးဆွဲတဲ့အခါ တရားမဝင် ကားများရဲ့ ရန်ရှာမှု၊ မသမာမှုများ ဖြစ်လာနိုင်လို့ ယာဉ်ပေါ်မှာ ယာဉ်မောင်းတစ်ဦးတည်းမဟုတ်ဘဲ လုံခြုံရေး ယာဉ်အကူပါ လိုက်ပါပြီး ဆက် သွယ်ရေး စကားပြောစက်နဲ့ Control Center ရှိ ညဆိုင်းတာဝန်ကျ တာဝန်မှူးများနှင့် ဆက်သွယ်ပြီး ယာဉ်လမ်းကြောင်း

အခြေအနေ၊ ရောက်ရှိနေရာ၊ ထူးခြားဖြစ်စဉ်များကို ၁၅ မိနစ်တစ် ကြိမ် တင်ပြပေးဦးမှာတဲ့။ ကဲ..ဘယ်လောက် safe ဖြစ်လိုက်

လေသလဲ။ စီးတဲ့သူရော၊ မောင်းတဲ့သူပါ ဟန်ကျတာပဲ။ အကယ်လို့များ တစ်ရက်ရက် အဲလိုလိုင်းကားနဲ့ကြုံခဲ့ရင် ပြန်ပြီး review ရေးပေးပါဦးမယ်ညော်.။

 

Shar Thet Man

About Shar Thet Man

Shar Thet Man has written 244 post in this Website..