#Art #Environment #Exhibition #Goethe Institute #Recycling #Upcycling

  

စွန့်ပစ်ပစ္စည်းများမှတန်ဖိုးမြင့် အနုပညာလက်ရာ ပစ္စည်းများ ပြသတဲ့ ‘အမှိုက်က ရွှေဖြစ်’ (Pure Gold) အနုပညာပြပွဲကို ရန်ကုန်မြို့သမိုင်းဝင်အတွင်းဝန်များရုံးမှာ ဒီဇင်ဘာ ၁၅ ရက်မှ ဇန်နဝါရီ ၆ ရက်အထိ ပြသနေကြောင်းကိုသိလိုက်ရတော့ လက်မှုပစ္စည်းတွေဆို စိတ်ဝင်စားတဲ့မွန်လေး တစ်ယောက် နှစ်သစ်ကူးရုံးပိတ်ရက်၁ရက်မှာရောက်ခဲ့ပါတယ်။ ဒလသွားလည်တုန်းကလည်း recyle things တွေကို အသုံးပြုပြီး ပြန်ရောင်းချတဲ့ #ကြွပ်ကြွပ်(Chu Chu)ဆိုင်လည်း ပါမယ်ဆိုတော့ သွားဖို့ စိတ်ပါနေတာကတစ်ကြောင်း၊ အတွင်းဝန်ရုံးထဲကို ဝင်ပြီး ဗိုလ်ချုပ်လုပ်

ကြံခံခဲ့ရတဲ့ ရုံးခန်းကို မြင်ဖူးချင်ခဲ့တာကတစ်ကြောင်း၊ အဆောက်အဦးရဲ့ ဗိသုကာလက်ရာတွေ

ကိုလည်း အနီးကပ် ကြည့်ချင်တာကတစ်ကြောင်းမို့ ရောက်အောင်သွားခဲ့လိုက်ပါတယ်။ 😁😁ဒီပွဲကဟမ်းဘတ်မြို့၊ လန်ဒန်မြို့နဲ့ ဘန်ကောက်မြို့မှာ ပြသခဲ့ပြီး စတုတ္ထမြောက် ပွဲတော်

အဖြစ်မြန်မာနိုင်ငံတွင် ပြသပြီးနောက် မြန်မာနိုင်ငံအတွက် ပထမဆုံးသော ပွဲတော်လည်းဖြစ်

ပါတယ်။ အဲ့ပွဲမှာ ပြင်သစ်၊နယ်သာလန်၊ ဂျာမနီ၊ ထိုင်းအပါအဝင် နိုင်ငံပေါင်း(၄၀)ကျော်က စွန့်ပစ်ပစ္စည်းအဟောင်းများကို ကမ္ဘာ့တလွှားက ဒီဇိုင်နာ(၅၃)ဦးက ဖန်တီးပြုလုပ်ထား

တဲ့ အနုပညာလက်ရာ(၇၆)ခုနဲ့ မြန်မာအနုပညာရှင်များ၊ လက်မှုအနုပညာရှင်များ၊ဒီဇိုင်နာများ ဖန်တီးပြုလုပ်ထားတဲ့ အနုပညာလက်ရာများ ပြသထားပါတယ်တဲ့။

#တည်နေရာ🔃🔃

ရန်ကုန်ရဲ့ ဝန်ကြီးများရုံးဟာ သိမ်ဖြူလမ်းပေါ်မှာ ရှိပါတယ်။ အကျယ် ၁၆ ဧကရှိပြီး မြောက်ဘက်

မှာဆိုရင် အနော်ရထာလမ်းမကြီးထိ၊ အရှေ့ဘက်မှာဆိုရင်သိမ်ဖြူလမ်းမကြီးထိ၊ တောင်ဘက်

မှာ မဟာဗန္ဓုလလမ်းမကြီးထိ နဲ့ အနောက်ဘက်မှာ ဗိုလ်အောင်ကျော်လမ်းထိ ကျယ်ဝန်း

တာဖြစ်ပါတယ်။ ပြပွဲကို သိမ်ဖြူလမ်းအပေါက်ကနေ ၀င်ရပြီး အဆောက်အအုံဝင်ပေါက်မှာ မှတ်

တမ်းတင်ရ ပါတယ်။ ပြီးတော့ မျက်လုံးကချက်ချင်းရောက်သွားတာကတော့ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံအတွင်းပိုင်းရယ်၊ လှေကားလက်ရန်းတွေက ကနုတ်အလှတွေရယ်ကိုပါပဲ။ 😨😨😨😨တချိန်ကဆို ဘယ်လောက်တောင်ကြီးကျယ်လိုက်လေမလဲ။ ၀မ်းနည်းဖို့ကောင်း

တာကတော့ မွန်လေးတို့ရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ၉ ယောက် ဒီနေရာတင်.အသက်ဆုံးရှုံးသွားခဲ့တာပါပဲ။😥😥

#၀န်ကြီးများရုံး သမိုင်း📚📚

ပြပွဲလုပ်တဲ့နေရာကလည်း ၀န်ကြီးများရုံးဆိုတော့ တစ်ချိန်က နာမည်ကျော်ကြားခဲ့တဲ့ ၀န်ကြီးများ

ရုံးအကြောင်းကိုလည်းပြောပြပေးချင်ပါတယ်။ ဝန်ကြီးများရုံးကို အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ အဖေနှင့်သားများ အဖွဲ့တစ်ဖွဲ့က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဖေဖြစ်သူသေခဲ့ရပြီး

နောက်မှာ နေထရမ်ရမ်းဘတ်စ်ဟာ ဆယ်ကျော်သက်ဘဝနဲ့ မိသားစုဆောက်လုပ်ရေးကုမ္ပဏီကို ဆက်လက်ဦးစီးခဲ့တာဖြစ်ပါတယ်။ သူ့အဖေဟာ ဝန်ကြီးများရုံးရဲ့ ပထမဆုံးအပိုင်းကို တည်

ဆောက်ပေးခဲ့ပြီး သူကတော့ ကျန်တဲ့အပိုင်းတွေကို ဆက်လက်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

 ငွေကြေးအားဖြင့်ရူပီး ၁၀ သိန်း ကုန်ကျခဲ့ပါတယ်။ ဆယ်စုနှစ်အနည်းငယ်အတွင်းလူထောင်

ပေါင်းများစွာကို အလုပ်အကိုင်ပေးအပ်နိုင်ခဲ့ပြီး ရန်ကုန်မြို့ အသိုင်းအဝိုင်းမှာ လူဂုဏ်ထံ

တစ်ဦး ဖြစ်လာခဲ့ကာ “Who’s Who of Burma” ရဲ့ အဖော်ပြခံ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပြီး ၁၉၂၀ ခုနှစ် လမ်းညွှန်စာအုပ်ထဲမှာလည်း သူ့ရဲ့ “ရန်ကုန်မြို့ အပေါ် ဆောင်ရွက်ခဲ့မှုက သူနဲ့တကွ ရန်ကုန်မြို့မှ ပြည်သူတွေ ကွယ်လွန်သွား သည့်တိုင်အောင် ကျန်ရှိနေပေလိမ့်မယ်” လို့ ဖော်ပြခံခဲ့ရပါတယ်။

ဝန်ကြီးများရုံးဟာ ရန်ကုန်ရဲ့သမိုင်းဝင်အထင်ကရ အဆောက်အအုံဖြစ်ပြီး ဗစ်တိုးရီးယန်း-ကိုလိုနီ ဗိသုကာပုံစံရဲ့ စံပြလက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ဗြိတိသျှမြန်မာအစိုးရရဲ့ အစိုးရရုံးစိုက်ရာနေရာလည်းဖြစ်ခဲ့ပါတယ်။ ခေတ်သစ်မြန်မာနိုင်ငံရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခြားဝန်ကြီးခြောက်ဦးတို့ ၁၉၄၇ ၊ ဇူလိုင် ၁၉ ရက်နေ့မှာ လုပ်ကြံခံခဲ့ရတဲ့နေရာလည်း ဖြစ်ပါ

တယ်။အဆောက်အအုံကြီးဟာ အခုဆိုရင်တော့ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးစာရင်း

မှာ ပါဝင်နေပြီဖြစ်ပါတယ်။ သမိုင်းဝင်ဝန်ကြီးများရုံးကို ဗြိတိသျှကိုလိုနီလက်ထက်ကတည်

ဆောက်ခဲ့တာဖြစ်ပြီး အခုဆိုလျှင် သက်တမ်း ၁၂၀ ကျော်ရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်

တဲ့ မြန်မာနိုင်ငံရယ်လို့ လွတ်လပ်ရေး ကို ကြေညာပြီး ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ မနက် ၄နာရီ ၁၀မိနစ်မှာ ဗြိတိသျှ အလံကို ချပြီး မြန်မာ့အလံကို တင်ခဲ့တဲ့နေရာကလဲ ဒီ အတွင်းဝန်များ

ရုံး ပရဝုဏ် ထဲမှာပါ။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းအထိ ဝန်ကြီးများရုံး အဖြစ်အသုံးပြု

ခဲ့သေးပေမယ့် ယခုတော့ ဆက်လက်အသုံးမပြုတော့ဘဲ အတွင်းဝန်များရုံး ကို ပြတိုက် တစ်ခု အနေဖြင့် Anawmar Art Group နှင့် Yangon heritage Trust တို့မှစနစ်တကျ ပြန်လည်

ပြင်ဆင်လျက်ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စပြီး အနုပညာပြပွဲတွေ၊ အာဇာနည်နေ့

တွေဆိုရင်ဂါရဝပြုဖို့ အတွက် ပြည်သူများကို ဖွင့်ပေးလေ့ရှိပါတယ်။

#credit

 

#ပြပွဲပြခြင်းရည်ရွယ်ချက်👈👈

ဒီဇိုင်းပညာရှင်တွေက စွန့် ပစ်အမှိုက်တွေကနေ အသုံးဝင်တဲ့ပစ္စည်းအဖြစ်အလွယ်တကူပြောင်း

လဲတက်လာအောင်၊ စွန့်ပစ်ပစ္စည်းတွေရဲ့ အကျိုးကျေးဇူးတွေကိုသိစေဖို့ အတွက် workshop

တွေရော၊ ပြီးတော့ အမှိုက်တွေကို ထူးခြားပြီး လှပတဲ့ ပစ္စည်းတွေအဖြစ်ပြောင်းလဲတာက

ပြပွဲရဲ့ ရည်ရွယ်ချက်ပါ။

ဂရပ်ဖစ်တီအနုပညာ ရှင် အာကာကျော်က ‘‘စွန့်ပစ်ပစ္စည်းတွေကို တန် ဖိုးမြှင့်ပြီး အသုံးဝင်တဲ့ ပစ္စည်းတွေ အဖြစ် ပြန်လည်ထုတ်လုပ်ဖို့ လှုံ့ ဆော်ပေးချင်တာပါ’’လို့  ပြောပါတယ်။

လှတယ် (Hla Day) ရဲ့ဦးဆောင် ဒီဇိုင်နာဖြစ်သူ Ulla Kroeber က “မြန်မာနိုင်ငံမှာ စိတ်ကူးစိတ်သန်းကောင်း ပြီး လုပ်ရည်ကိုင်ရည်အပြည့်နဲ့ လက်တွေ့ကျကျအကောင်အထည်

ဖော်တဲ့သူတွေရဲ့ ပြန်လည် ပြုလုပ်ဖန်တီးမှုများစွာကို တွေ့ မြင်နေရပါတယ်။ သုတ်ဆေး ပုံးတစ်ပုံးဖြစ်နေပါစေ အခုချိန်မှာတော့ ထိုင်ခုံတစ်လုံးဖြစ်ချင်ဖြစ်နေမယ်၊ပန်းချီဆေးစပ်ရာ ပန်းကန်ပြားတစ်ချပ်ကလည်း အခုချိန်မှာ စားပွဲတစ်လုံး ဒါမှမဟုတ် ပလတ်စတစ်ရေဘူးတစ်ဘူး

ကလည်း အခုချိန်မှာ ပန်းပင်စိုက်အိုးတစ်လုံးဖြစ်နေပါတယ်။ ဒါတွေကို ကျွန်မတို့ ပတ်ဝန်းကျင်

နေရာအတော်များများမှာ တွေ့နေရပြီးတော့ အဲ့ဒီလို တန်ဖိုးမြင့် ပစ္စည်းတွေအဖြစ် အသုံးပြုနေ

တာကို ကျွန်မတို့အနေနဲ့ ကမ္ဘာကသိအောင်ချပြချင်တာဖြစ်ပါတယ်။” တဲ့။

Recycling နဲ့ Upcycling တွေကိုအကြောင်းကို အင်္ဂလိပ်လိုဖော်ပြပေးလိုက်ပါတယ်။ မြန်

မာလိုဆို ပြန်သုံးတာခြင်းဆိုပြီး အဓိပ္ပါယ်တူနေလို့.အင်္ဂလိပ်ကျတော့ တော်တော်လေးကွဲပြား

ပါတယ်။

Recycling 🎲

Recycling is taking a discarded product or material and changing it into something of equal or lesser value than the original.

For eg, creating plastic thread from plastic bag is recycling.

Upcycling🎯

Upcycling is using discarded or recycled material to create a product that is more valuable than the original.

For eg, heat fusing a cement bag to recycled plastic and creating a Chu Chu Masala Messenger bag.

#ဘာတွေပြထားလဲ🎁🎆🎋🎀

စွှန့်ပစ်ပစ္စည်းတွေကို အနုပညာဆန်ပြီး အသုံးဝင်တဲ့တန်ဖိုးမြင့်ပစ္စည်းကောင်းတွေအဖြစ်

ပြန်လည်ဖန်တီးမှုတွေကို မြင်တွေ့ရမှာပါ။ workshop အတွက်က ၂ခန်းနဲ့ ပြခန်းက၂ခန်း

ဆိုပြီးတော့ အခန်း၎ခန်းလုပ်ထားပါတယ်။ 

ဝင်ဝင်ချင်းမှာ သတင်းစာ စက္ကူအဟောင်းတွေ ၀ါးတွေနဲ့သာ လုပ်ထားတဲ့ ဧရာမ သင်းခွေ

ချပ်ကောင်ကြီးနဲ့အလှဆင်ထားတာတွေ့ရပါတယ်။ 🎏ပထမထပ်ဝင်ပေါက်မှာတော့ ဝါးနဲ့လုပ်

ထားတဲ့ဧရာမ နဂါးကြီးတစ်ကောင်ပုံစံ က လေနဲ့အတူ ဝှေ့ယမ်းနေတဲ့ ပုံစံကို မြင်ရမှာပါ။

 

#ပထမဆုံးအခန်း☑️

အပေါက်ရဲ့ညာဘက် လှေကားကနေတက်လိုက်တာနဲ့တန်းရောက်တဲ့အခန်းက ကြွပ်ကြွပ်ဆိုင်

ပါ။ ကားတာယာအဟောင်းတွေကို ကောဇောပုံစံဖန်တီး ထားတာတွေ၊ အိတ်တွေပြန်လုပ်ထား

တာတွေ၊ 👜ဆင်ရုပ်လေးတွေပြန်လုပ်ထားတာတွေ၊ 🐘ဂုန်နီအိတ်အဟောင်းတွေ၊ ဘိလပ်မြေအိတ်အဟောင်းတွေကိုလည်း လှလှပပသေသေသပ်သပ်နဲ့အသစ်တစ်လုံး

အနေနဲ့ပြန်ကိုင်လို့ရတဲ့အိတ်တွေ၊ 👜ပုလင်းအစွပ်တွေ၊ ကော်ဖီမစ်ထုပ်တွေနဲ့ ချစ်စဖွယ်အိတ်တွေလုပ်ထားတာတွေ၊လိုက်ကာတွေ၊ ဆွဲကြိုးတွေ၊ တောင်းလေးတွေပြန်လုပ်

ထားတာများ ချစ်ဖို့ကောင်းမှကောင်း။

ထီးရွက်အဟောင်းတွေကိုလည်း အိတ်တွေလုပ်ထားပုံတွေ၊ ယခုလက်ရှိသမုဒ္ဒရာထဲမှာဖြစ်

ပျက်နေတဲ့ ပလပ်စတစ်တွေနဲ့များနေတဲ့ပုံကို သတိပြုဆင်ခြင်စရာလေးတွေပါလုပ်ထားပါတယ်။

ဒါ့အပြင် မော်လမြိုင်ကနာမည်ကျော် upcycler ဦးသက်ဝေရဲ့ ဓါတ်ပြားစက်၊ သတင်းစာ

စက္ကူတွေသုံးပြီးလုပ်ထားတဲ့ခွက်၊နာရီ၊ဆေးလိပ်ပြာခွက်တွေ၊ ချင်းနဲ့ရခိုင်ကရက်ယန်းသည်တွေ

ယက်ထားတဲ့ အထည်တွေရော၊ ယက်ကန်းစင်ပါတစ်ခါတည်းပြထားတာ။ ပြီးတော့

လုပ်နည်းတွေပါအင်္ဂလိပ်လိုထပ်ရှင်းပြထားတော့ ကိုယ်ကိုယ်တိုင်လိုက်လုပ်လို့တောင်ရသေး။

သူတို့မှာ ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ကောင်းကောင်းကိုလည်းဖော်ပြထားပါသေးတယ်။

‼️Goals : To help people live and make a living, to help the Environment, to create beautiful products from trash.‼️

Tires and tubes

Inner tubes are also used for hand weaving mats and animals. The tubes are washed and cut into uniform sizes, with the corner pieces slightly wider and angled. During the cutting process, the stem of the tube is removed, while thin elastic bands are created from odd sized sections. The weaving style for tire mats is the same as for Yabadeh products but it is easier because of the stretchiness of the inner tube and there is only one color.

ကြွပ်ကြွပ်ရဲ့မျက်စောင်းထိုးအခန်းက Theatre အခန်းပါ။ မွန်လေးအထင် စွန့်ပစ်ပစ္စည်းတွေ

ဘယ်လောက်များနေပြီလဲဆိုတာ သိရှိစေဖို့ ပညာပေးဖို့ပြပေးတယ်ထင်ပါတယ်။ မွန်လေးအထဲ

ဝင်ကြည့်တော့ ဘယ်သူမှလည်းမတွေ့တာနဲ့ အပြင်ကနေပဲကြည့်ခဲ့လိုက်တယ်။

    

#ဒုတိယအခန်း☑️

ဒီအခန်းကတော့ Bonjour အဖွဲ့အစည်းကပြသထားတဲ့ပစ္စည်းတွေပါ..ကိုင်လို့တောင်မရခဲ့ဘူး။

အလှပြတာ အလှပဲကြည့်ပါတဲ့။ ဟုတ်ပါတယ်လေနော်😜😜

#တတိယအခန်း☑️

နိုင်ငံတကာဒီဇိုင်းများ ပြသထားသော နေရာ၊ မိမိကိုယ်တိုင်ဖန်တီးနိုင်သောနေရာများနဲ့ ကလေး

များအတွက်လည်း တီထွင်ဖန်တီးသည့်နေရာများတဲ့။ သွားကြည့်တာတော့သတင်းစာစက္ကူ

အဟောင်းတွေကိုပန်းအိုးသဖွယ်ဖန်တီးထားတာတွေ၊ နယ်သာလန်နိုင်ငံကလက်မှုပညာရှင်

တဦးဆိုသစ်သားဟောင်းတွေကို ထိုင်ခုံအဖြစ် ပြန်လည်ပြုပြင်အသုံးပြုတာအခုဆိုသူ့ထုတ်

ကုန်တွေက ရောင်းမလောက်ဖြစ်နေပါပြီတဲ့။၊သူ့ရဲ့ထိုင်ခုံတလုံးလည်း ပြသထားပါတယ်။

ပြီးတော့ စက်ရုံများက စွန့်ပစ်တဲ့ ပစ္စည်းများနဲ့ရုပ်တုများကစ၍ ရေပူစက်အဟောင်းများနဲ့ ပြု

လုပ်ထားတဲ့ စင်များ၊ အဝတ်အစားဟောင်းများ၊ အဲ့မှာမွန်လေးသဘောကျသွားတဲ့ပစ္စည်းလေးက

တော့ ကြည့်လိုက်ရင်ဘီဒိုမှာ ချိုင့်ခွက်တွေနဲ့ ဒါပေမဲ့ ပလပ်စတစ်အရာဝတ္ထုတွေဖြစ်တဲ့ ရေဆွဲပုံး

တွေ၊ စည်ပိုင်းတွေ၊ကလေးကစားစရာအရုပ်တွေ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းကိရိယာတွေ စတဲ့

ပလပ်စတစ်အမှိုက်တွေကို ဒီဇိုင်နာက ဖြတ်တောက်၊ဆေးကြောသန့်စင်ပြီး ပြင်ဆင်တပ်ဆင်

ထားတယ်။ ပြီးတော့ မီးခိုးရောင် ပေါ်လီယူရသိန်းပလပ်စတစ်အမြှုပ်ကိုသုံး၊ စင်တွေလုပ်၊ မီးအုပ်

ဆောင်းလုပ်၊မာတောင့်တဲ့ အချပ်အပြားတွေလုပ် ဟော…အသုံးပြုလို့ရတဲ့ပရိဘောဂအသုံးအ

ဆောင်ဖြစ်သွားရောပေါ့။ အရမ်းမိုက်တယ်…အဓိကက စိတ်ကူးကောင်းဖို့ပဲလိုတယ်လေ။ ကိုယ့်

မှာရှိတဲ့စိတ်ကူးလေးကို ပါးပါးလေးလွှာပြီးသုံးသွားတာတော်တော်လေးပေါ်လွင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက အနုပညာရှင်များကလည်း အသုံးပြုပြီးသား လှည်းဘီးနဲ့ ပြုလုပ်ထားတဲ့ ထိုင်ခုံများလည်းပြသထားပါတယ်။

#နောက်ဆုံးအခန်း☑️

ဒီအခန်းလေးကတော့ ကိုယ်တိုင်ကိုယ်ကျ DIY လုပ်လို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်။ နိုင်ငံခြား

သား ကလေးလေးတွေတောင် တီရှပ်ကနေ အိတ်တစ်လုံးဖြစ်အောင် ထိုင်လုပ်နေကြတာတွေ့ခဲ့

ရပါတယ်။ ကောင်လေးတစ်ယောက်ကတော့ အမလုပ်ကြည့်ပါလားတဲ့။ အချိန်မရတော့လို့ ပုံပဲ

ရိုက်ခဲ့ပါတယ်။😁😁

#ထူးခြားချက်🎇🎇

ဒီပွဲက နိုင်ငံတကာလက်ရာတွေကိုပြသရုံတင်မဟုတ်ဘဲနဲ့ နိုင်ငံတကာကိုပါသွားရောက်

ြ့ပသမယ့်လက်ရာတွေပါပါတယ်တဲ့။ လာမယ့်ဆယ်နှစ်အတွင်းမှာပဲ ဟနွိုင်းနဲ့ သြစတေးလျအပြင် တစ်ကမ္ဘာလုံးကို သွားရောက်ပြသမှာဖြစ်ပါတယ်တဲ့။ ဒီပွဲကျင်းပဖို့ အခွင့်အရေးရခဲ့တာက

လေးကြိမ်မြောက်ဖြစ်ပြီး လွယ်လွယ်နဲ့တော့ ဒီလိုပြပွဲဖြစ်လာတာတော့ မဟုတ်ပါဘူး။ ဂျာမနီက

ပြည်ပဆက်သွယ်ရေးအသင်းက ကကမ္ဘာအနှံ့ကိုပြသ တာဖြစ်ပါတယ်။ပေလေးဆယ်

လောက်ရှိတဲ့ကွန်တိန်နာကြီးနှစ်လုံးနဲ့ ခက်ခက်ခဲခဲသယ်လာရတာပါလို့ ကြားသိရပါတယ်။ ဂုဏ်

ယူဖို့ကောင်းတဲ့ ပြပွဲပါပဲ။

ဒီပြပွဲကနေရတဲ့ အကျိုးရလဒ်ကတော့ မွန်လေးကမ္ဘာကြီးအမြဲရှင်သန်နေဖို့ ပလပ်စတစ်ကိုသုံးစွဲ

မှုလျှော့ရမယ်ဆိုတာပါပဲ။ ပလပ်အစား အခြားသုံးလို့ရမယ့် အစားထိုးပစ္စည်းလေးတွေလည်း သိ

စေဖို့ ပြန်ရှယ်လိုက်ပါတယ်။ ပုံမှာကြည့်ပေးပါနော်။

 

credit ပုံတွေကလွဲလို့ ကျန်ပုံတွေအားလုံး ကိုယ့်ဖာသာရိုက်ထားတာပါ။

#📷iphone7

#👜fashion_la_princesse

 



















 

 










Shar Thet Man

About Shar Thet Man

Shar Thet Man has written 238 post in this Website..