“အင်တာနက်ကို နေ့စဉ်အချိန်ကြာမြင့်စွာ အသုံးပြုသူများအနေဖြင့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးများကို ထိခိုက်စေနိုင်ကြောင်း ဗြိတိသျှသုတေသနပညာရှင်များက သတိပေးပြောကြား လိုက်သည်။

လူငယ်များအနေဖြင့် နေ့စဉ်အချိန်များစွာ အင်တာနက်အသုံးပြုခြင်းကြောင့် လက်တွေ့လူမှုဘဝ နယ်ပယ်အတွင်း ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံရသည့်အချိန် လျော့နည်းသွားစေကာ ပကတိ လူမှုအဖွဲ့အစည်းနှင့် ကင်းကွာသွားတတ်ကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။

ထို့အတူ အချိန်ကြာမြင့်စွာ အင်တာနက်အသုံးပြုခြင်းကြောင့် အင်တာနက်ဖန်သားပြင်မှ အလင်းတန်း ထွက်ရှိမှုကို တိုက်ရိုက်ထိတွေ့မိရသည့်အပြင် ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှု နှေးကွေးသွားစေကာ နှလုံး၊ ဆီးချိုနှင့် သွေးတိုးရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။

အင်တာနက်ကို အချိန်ကြာမြင့်စွာ အသုံးပြုလေ့ရှိသူများသည် တစ်ဆက်စပ်တည်း အချိန်ကြာမြင့်စွာ အသုံးမပြုသင့်ကြောင်း၊ မကြာခဏ ပြောင်းလဲအသုံးပြုသင့်ကြောင်း ဗြိတိသျှပညာရှင်များက အကြံပြု ထားသည်။

Internet Health

ဒီသတင်းလေးကို ဖတ်ပြီးတော့ စဉ်းစားမိတယ်၊ အင်တာနက်သုံးတာကို အချိန်လျော့ချဖို့ ဆိုတဲ့ကိစ္စပါ…။ ကျွန်တော့်အတွက်တော့ အင်တာနက်သုံးရတာ ပိုက်ဆံကုန်တယ်၊ နောက်… အချိန်မရှိ အချိန်ရှိမှ သုံးလေရှိတဲ့ သူမို့ အိပ်ရေးပျက်တယ်။ အဲဒီလို အချိန်မရှိ၊ အချိန်ရှိချိန် သုံးတဲ့သူမို့ Relationship site တွေ အများစုကို မသုံး ဖြစ်ပါ။ chat ပြောတာလည်း မရှိသလောက် နည်းပါတယ်။ ကျွန်တော်လုပ်ချင်တာတွေ လုပ်ပြီးရင် ဆင်းတာပါပဲ။ အချိန်တွေ ပိုသုံးဖြစ်တယ်ဆိုရင်တော့ အဲဒီနေ့ ကော်နက်ရှင် နှေးနေမှာ ကျိန်းသေပေါက်ပါပဲ။

တစ်ခါတစ်လေတော့လည်း ကော်နက်ရှင်ကောင်းလို့ အချိန်ကြာသွားတာလည်း ရှိပြန်ပါတယ်။ ဒေါင်းလုဒ်ချချင် တဲ့ လင့်လေးတွေ မှတ်ထား…၊ ကောင်းတယ်ဆိုမှ ဆွဲချ။ အဲလိုနဲ့ ကြာပြန်ပါတယ်။ ဒီလိုဖြစ်တာက ရှားတော့ရှား ပါတယ်။ တခြားသူတွေအတွက်တော့ အင်တာနက်ကို ဘာနဲ့ဆွဲဆောင်ထားလဲ မသိပါ၊ ကျွန်တော့်အတွက်တော့ ကော်နက်ရှင် တစ်ခုတည်းနဲ့သာ ဆွဲဆောင်ထားပါတယ်။ မကောင်းရင်လည်း ကိုယ်လုပ်ချင်တာလေးတွေ မပြီး သေးလို့ . . .၊ ကောင်းတော့လည်း ကိုယ်ဆွဲချတာလေးတွေက များနေလို့ . . .

ကျွန်တော်ထင်တာ ပြောရရင် အင်တာနက်အသုံးပြုသူတွေကို အဓိက ဒုက္ခပေးတာက အင်တာနက်မဟုတ်ပါ၊ ကွန်ပျူတာက ပိုပြီး အဓိကကျပါတယ်။ ဒီတော့ ကွန်ပျူတာကို မြင်ကွင်းကျယ်တဲ့ LCD လို ဟာမျိုးဖြစ်ရင် မျက်စိ တော်တော် သက်သာပါတယ်။ နောက်… ၁၅ မိနစ်တစ်ခါလောက် အပြင်ကို(အစိမ်းရောင် မြင်ကွင်းမျိုး) လျှောက် ကြည့်ပေါ့။ အဲ… ကိုယ်သုံးမယ့်အချိန်လေးမှာ ကော်နက်ရှင်ကောင်းဖို့ ဘုရားရှိခိုး ဆုတောင်းသွားဖို့လည်း မမေ့နဲ့ ဦး….(ဒါက အရေးအကြီးဆုံးပဲလေ)

နောက်… အင်တာနက်ဆိုတဲ့ Virtual World ထဲမှာပဲ နစ်မြောသွားတာ….၊ မြန်မာနိုင်ငံက လူအများစု အနေနဲ့ ဖြစ်နိုင်ခြေနည်းတဲ့ အခွင့်အရေးတစ်ခုပါ။ ဒါပေမယ့် သေချာပေါက်တော့ မပြောနိုင်ပါ၊ ကျွန်တော့် သူငယ်ချင်း တစ်ယောက်တော့ ygn chat တစ်ခုနဲ့တင် မြောသွားတာ တွေ့ဖူးပါတယ်။ သူ အင်တာနက်သုံးတာက ygn chat နဲ့ Gtalk နှစ်ခုတည်းပါ၊ Browser ကိုတောင် သူသေချာမသိပါ။ ဒါပေမယ့် ကျွန်တော့်ထက်ကို အချိန်ပြည့်ရှိနေ တတ်ပါတယ်။ ဒီလိုလည်း ရှိတော့ …ကိုယ်ဘာသာကိုယ် ပြန်မေးကြည့်ရုံပါပဲ။ ကိုယ် ဘာလာလုပ်တာလဲ… ဘာတွေအကျိုးရှိသွားပြီလဲ…

အင်း… အင်တာနက်ကို အချိန်ကြာမြင့်စွာအသုံးပြုခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ပြောသာပြောနေရတယ်၊ ကျွန်တော့် ဇာတိမြို့ကလေးကတော့ ခုထက်ထိ… အင်တာနက်ဆိုတာ ကောင်းကင်ဘုံမှာလားလို့ မေးနေဦးမယ် ထင်ပါရဲ့ဗျာ….

About toyo

toyo 1960 has written 41 post in this Website..

good site...