ကြွေလွင့်သွားသောအလှဖန်တီးရှင်

toyoSeptember 6, 20101min1477

0 ကြွေလွင့်သွားသော အလှဖန်တီးရှင်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမိတ်ကပ် ဖန်တီးရှင်တစ်ဦးဖြစ်သော မိတ်ကပ်အောင်အောင် (တောင်ကြီး) အသက်(၄၇) နှစ်သည် ၂.၉.၂၀၁ဝ (ကြာသပတေးနေ့) နေ့လယ် (၁၂)နာရီ အချိန်တွင် အာရှတော်ဝင် အထူးကု ဆေးခန်းကြီးတွင် ကွယ်လွန်သွားပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)က ရေဝေးသုဿန်အအေးခန်းသို့ သယ်ယူပို့ဆောင် ပေးခဲ့ပါသည်။ ဈာပန အခမ်းအနားကို ၄.၉.၂၀၁ဝ (စနေနေ့) ညနေ (၄) နာရီ အချိန်တွင် ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးစီး၍ ကျင်းပပေးခဲ့သည်။

မိတ်ကပ်အောင်အောင် (တောင်ကြီး) သည် နာမည်ကျော် ရုပ်ရှင်မင်းသမီးများ၊ မင်္ဂလာသတို့ သမီးများ၊ မော်ဒယ်များအတွက် အားထားစရာ အလှဖန်တီးရှင် တစ်ဦးဖြစ်သည်နှင့် အညီ ဈာပန အခမ်းအနားတွင် အနုပညာပညာရှင်များ၊ အလှဖန်တီးရှင်များ၊ ကိုလူချော အဖွဲ့သားများ၊ အနုပညာကို အားပေးကြသော ဧည့်ပရိတ်သတ်များဖြင့် စည်ကားစွာ ဝမ်းနည်းကြေကွဲမှုများစွာဖြင့် ပြီးဆုံးခဲ့သည်။

မြန်မာနိုင်ငံ၏ ရုပ်ရှင်အနုပညာလောကတွင် မရှိမဖြစ် အားထားနေရသော အလှဖန်တီးရှင် တစ်ဦး ကြွေလွင့်သွားမှုကို နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများမှ အနုပညာရှင်များ၊ အလှဖန်တီးရှင်များ ထပ်တူ ဝမ်းနည်းကြေကွဲမိပါကြောင်း . . . .

ကိုကျော်သူ

7 comments

  • bigcat

    September 6, 2010 at 3:07 am

    တခုသတိထားမိတယ်ဗျ။ မာမီရှိန်းတွေကသူတို့ကိုယ်သူတို့ လိင်တူချစ်သူတွေလို့ ကင်ပွန်းတပ်တယ်။ လက်မခံနိုင်သူတွေက အခြောက်တို့၊ မိန်းမရှာတို့ လို့သုံးတယ်။ အငြင်းမပွားချင်သူတွေ သူတို့နဲ့ဆက်ဆံနေသူတွေ ကတော့ အလှဖန်တီးရှင်တို့ လို့သုံးတယ်။ ကျွန်တော်ကတော့ သူတို့ကို လိင်တူဆက်ဆံသူ သို့မဟုတ် လိင်တူဆက်ဆံမှု နှစ်သက်သူများလို့ ခေါ်ချင်တယ်။ ခင်ဗျားတို့ရော ဘယ်လိုလဲ။

  • လင်းဝေကျော်

    September 6, 2010 at 3:18 am

    ဒီအခြောက်သေတာ အရေးလုပ်ပြီးတင်တဲ့သတင်းဌာနရှိသေးတယ်။
    အခုလည်းဒီမှာ။

    ကိုကြောင်ကြီးရေ,
    အခြောက်ဆိုတာ လူမှုရေးဖောက်ပြန်မှုတစ်ခု၊ စိတ်ဖောက်ပြန်မှု တစ်ခုပါပဲ ခင်ဗျား။

    ( ဘာရယ်မဟုတ် ဝင် မန့် လိုက်တယ်။ သောက်ခြောက်တွေ သေ အေးတာပဲ။)

  • ဆူး

    September 6, 2010 at 3:39 am

    ဖိုရမ် တခုမှာ အခြောက်တွေ တော့ပစ်ထောင်ပြီး သူတို့ ခံစားချက်နဲ့ ပတ်သတ်တာ ဖတ်ဘူးတယ်။ သူတို့လည်း သူတို့ ကို သူတို့ သိပါတယ် လောကကြီးမှာ လူတွေ နဲ့ ကန့်လန့်ဖြစ်နေကြတယ်ဆိုတာ။ သူတို့ အခြောက်ဘဝနဲ့ ခပ်တည်တည် ရပ်တည်နိုင်ဖို့ ဆိုရင် အလှပြင်တတ်ရမယ် အကျီချုပ်တတ်ရမယ် နတ်ကတော် လုပ်နိုင်ရမယ်လို့ သူတို့ကို သူတို့ ပြောတာတောင် မြင်ဘူးသေးတယ်။ မိဘ လက်ငုတ်လက်ရင်း ရှိလို့ ဆက်လုပ်တဲ့ သူတွေ ရှိရင်တောင် သူတို့ အခြောက်အချင်းချင်း အဲဒီ အလုပ်တွေ လုပ်နိုင်ဖို့ တိုက်တွန်းတာမျိုး တွေ ဖတ်ခဲ့ရဘူးတယ် သူတို့ ပြောတဲ့ အထဲမှာ နတ်ကတော် လုပ်တဲ့ အခြောက်က ခြောက်ထဲမှာ အဆင့် အမြင့်ဆုံးဆိုတာ ပါသေးတယ် နတ်ကတော်ထဲမှာတောင် တောင်ပြုန်းက နန်းမှာ သွားကဖို့ အဆင့်မှီတဲ့ မာမီက အဆင့်အမြင့်ဆုံးဆိုဘဲ ဖိုရမ်မှာ ဖတ်မိသမျှ ပြန်တင်ပြတာပါ။

  • chitsayar

    September 6, 2010 at 5:49 am

    အခြောက်မှလည်း
    အသဲ နဲ ့ပါကွယ်

  • kai

    September 6, 2010 at 9:25 am

    အင်္ဂလိပ်လိုတော့..ဂေးဆိုပြီး အကုန်ခြုံခေါ်တာပဲ။
    မြန်မာလိုက ..တော်တော်ရှည်လျှားနေတယ်။ အခြောက်ဆိုတာက…မိန်းမလိင်တူချင်းဆက်ဆံသူဆိုရင် မခေါ်ကြဘူးလို့ထင်တယ်..။
    မိန်းမလျှာ ဆိုတာက…ယောက်ျားက မိန်းမစိတ်ပေါက်တာကိုခေါ်တယ်ပေါ့။
    ယောက်ျားလျှာ ဆိုတာက… မိန်းမက..ယောက်ျားစိတ်ပေါက်တာ..။
    အလှဖန်တီးရှင်ဆိုတာက… ယောက်ျားက မိန်းမစိတ်ပေါက်ပြီး… အလှအပတွေဖန်တီးပေးတဲ့… မျက်နှာအလှ. မိတ်ကပ်ပေါင်းတင်..ဘာညာတွေလုပ်ပေးသူကိုခေါ်တာ..ထင်ပါတယ်။
    အရင်အခါတွေကတော့..အခြောက်တွေက..လျှောက်သီးဆေးပြားရေင်း..သီချင်းဆိုကြတာမို ့..လျှောက်သီးဆေးပြားသည်လည်း ခေါ်ခဲ့ကြရဲ့..။
    နတ်ကသူတွေကိုတော့…နတ်ကတော်ပေါ့..။ သူတို့တော့..လူတွေနည်းနည်း..လန့်ကြဟန်တူပါတယ်..။
    မာမီတွေလို့..ခေါ်သလားပဲ..။
    အမူအယာလေးနဲ့..အဟင့်တို့..အဟက်တို့ကလည်းရှိသေးတယ်..။
    သမိန်ပေါ်သွပ်ဖန်တီးရှင်..ကာတွန်းမောင်ဝဏ္ဍကတော့…သွပ်ပြား…တဲ့…။

    လိင်တူဆက်ဆံသူ ဆိုတာတော့… မြန်မာဂေးတွေအတွက်…နည်းနည်းဝေးမယ်..။ ဒါက လိင်ဆက်ဆံမှခေါ်တာကိုး… မြန်မာဂေးတွေက… တချို ့လိင်တူခြင်း ဆက်ဆံနေတယ်…မထင်ပါဘူး…၊ သူဖာသူ..ခြောက်ပြီး..အေးဆေးနေတာပါ။
    လက်စ်ဘီယံ(မိန်းမက ယောက်ျားစိတ်ပေါက်ပြီး..လိင်တူဆက်ဆံသူ)…ဆိုတာမျိုးဆို..မြန်မာပြည်မှာ တော်တော်ရှားမယ်ထင်ပါတယ်..။ ယောက်ျလျှာတော်တော်များများက… မိန်းမချင်းလိင်တူဆက်ဆံနေကြတယ်ဆိုတာ..(မြန်မာပြည်မှာ)သိပ်မကြားမိလို့ပါ။
    ဆိုတော့… ကျုပ်တော့…အသုံးလွယ်ပြီးတိုတဲ့…ဂေးကိုပဲ…မြန်ဂလစ်လုပ်သုံးမယ်ဗျ..။ မွေးစားအင်္ဂလိပ်စကးပေါ့။ ကားတို့။ တီဗီတို့လိုပေါ့နော..။
    ဂေး…..ပေါ့..။
    (စကား စပ်ပြီးပြောရရင်… ဂေးဆိုတာက..လူ့သဘာဝဖြစ်တယ်လို့..ဆေးသိပ်ပံတွေမှာဆိုလာကြတာမို ့…ကျုပ်အနေနဲ့..ခွဲခြားမဆက်ဆံလိုပါဘူး။ သူတို့မှာ..သူတို့ရိုက်စ်ရှိတာမို ့… ခွဲခြား အနိုင်မယူကြပါနဲ့လို့… တောင်းဆိုပါရစေ။ ယူအက်စ်မှာဆိုရင်တော့…တဦးကိုတဦးက…ခွဲခြားနှိမ့်ချရင်..အပြစ်ရှိပါတယ်..။ အပြစ်ကကြီးလည်းကြီးပါတယ်..။)

  • Yin Nyine Nway

    September 6, 2010 at 9:43 am

    ဟုတ်တယ်
    အခြောက်လည်း သူ့ အကြောင်းနဲ့ သူတော့ရှိမှာပေါ့
    ဘာကြောင့်ခြောက်နေလဲ ဆိုတာ

  • kopauk mandalay

    September 6, 2010 at 12:09 pm

    ကျနော်ကတော့လိင်တူခြင်းဆက်ဆံတာကို အားမပေးပါဘူး။
    တကယ်တော့ပုံမှန်စိတ်မရှိလို့လဲ လူုတိုင်းမဖြစ်ချင်တဲ့ဘဝကို ခံယူကြရတာပါ၊ဗမာလိုတော့ ဝဋ်တစ်မျိုးပေါ့။
    တစ်ခုတော့ သူတို့ကို လေးစားပါတယ်။
    အရင်ကအခြောက်ခေါ်ခေါ် မိန်းမရှာခေါ်ခေါ် မန်းလေးမှာ ရှောက်သီးဆေးပြားရောင်း
    ညကျုံးဘေးမှာ လာတွဲမယ့်ယောက်ျားကို မြူဆွယ်နေတဲ့အဆင့်မျိုးလိုအောက်တန်းကျတဲ့ဘဝမှာ လူမလေး ခွေးမခန့်နဲ့နေကြရတာပါ။
    အခု ကွယ်လွန်သူ မိတ်ကပ်အောင်အောင်လိုု သက်ရှိထင်ရှားရှိတဲ့ ခင်စန်းဝင်းလို့ လူအထင်အမြင်သေးခံရတဲ့ဘဝကနေ မြန်မာပြည်မှာ လူအသုံးတည့်သော အသုံးဝင်သော နေရာတစ်နေရာရအောင် ကြိုးစားခဲ့ကြတာကိုတော့ လေးစားပါတယ်။
    လောကမှာ သူများထက်ရှေ့ရောက်အောင်လုပ်နိုင်သူဆိုတာ သူ့ကြိုးစားအားထုတ်မူ့မပါဘဲ ရှေ့ကိုလုံးဝမရောက်တာကတော့ သေချာပါတယ်။

Leave a Reply