ကာလသားဟင်း

kaiJanuary 11, 20194min3786

မြန်မာ့ကျေးလက်ရွာတွေမှာ ကာလသားတွေ ညမှာ ချက်စားကြတဲ့ ဟင်းမို့ ကာလသားဟင်းခေါ်ပါတယ်..။ ကာလသားဆိုတာက.. ကျေးရွာတွေမှာရှိတဲ့ လူပျိုပေါက် လူငယ်တွေပေါ့..။ ကာလသားခေါင်းဆိုပြီး.. ခေါင်းဆောင်ရှိတတ် ရပ်ရေးရွာရေးတွေမှာ လုပ်အားအလှူလုပ်တတ်ကြသူများပါ.။
ဆိုတော့..
ညဦးပိုင်းမှာ ကာလသားတွေစု ဗိုက်ဆာဝမ်းဟာလာရင်.. ချက်စားကြတဲ့နည်းမို့.. ပါဝင်ပစ္စည်းတွေက.. ဟိုကဆွဲဒီကယူ အလွယ်တွေဖြစ်ရပါမယ်..။ကြက်ကိုလည်း ဒေါ်ဘုမအိမ်က ဆွဲလာမယ်..။ ဘကြီးဖြိုးအိမ်နောက်ဝင်းထဲက.. စပါးလင်၊ ဘူးသီး၊ ငရုပ်သီး ခူးလာမယ်..။
အောင်ဘုက သူ့အမေမသိအောင်..မီးဖိုခောျင်ထဲဝင်.. ဆား၊ ဆီ၊ ကြက်သွန်ဖြူ/နီ၊ ဆနွင်း၊ ငရုပ်သီးမှုန့် နည်းနည်း ယူလာမယ်..။
ကာလသားခေါင်း ကိုဖိုးထောင်ကတော့.. ဆေးခြောက်အဖူးနဲ့တခိုင် ဖြတ်လာမယ်ဆိုပါစို့..။
ညသန်းခေါင်မတိုင်ခင် ဝိုင်းစားကြမှာမို့.. လွယ်လွယ်ပဲ.. ထင်းမီးနဲ့ ဒါန်အိုးတလုံးတည်ကြပါမယ်..။
ဟင်းက..ခူးထား ခိုးထားတာတွေနဲ့ ပြာယိပြာယာ အမြန်ချက်တာမို့.. ကြက်သားက မနူးမနပ်နဲ့ပါ.။ အရေးမကြီးပါ..။ အဲဒါကိုက.. ကာလသားဟင်းရဲ့ သဘာဝဖြစ်ပါကြောင်းနဲ့.. ဟင်းတပွဲစာကို.. ဒါန်အိုးငှားလိုက်တဲ့.. ကွမ်းတောင်ကိုင်အိမ် ပို့လိုက်ရင်.. ပိုလို့အသက်ဝင်တဲ့ ကျေးလက် သက်ဝင်ပန်းချီကားတချပ်ဖြစ်လာမှာ…လို့..။ 😛
စလိုက်ကြရအောင်..


ပါဝင်ပစ္စည်းများ

  • ကြက် – တကောင် (ပေါင်၊ တောင်ပံ၊ရင်အုပ်၊ အသဲ၊အမြစ် ကလီဇာ အကုန် နီးရာဓားနှင့် ခပ်ကြမ်းကြမ်းတုံးထားပါ.. )
  • ဗူးသီး – တခြမ်း (အခွံနွှာပြီး ၂ကိုက်စာ အရွယ်ကြီးများတုံးပါ)
  • ကြက်သွန်ဖြူ/နီ – ၄မွှာ။၁ဥ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်တဆစ် (ဓားပြားရိုက်ပါ)
  • စပါးလင် – ၁ပင် (ဓားနှောင့်နှင့် ထုကာ ချည်ပါ)၊ ငရုပ်သီးစိမ်း – ၂တောင့်(ဓားပြားရိုက်)
  • ဆနွင်း၊ ငရုတ်သီးမှုန့်၊ ဆား၊ ငါးငံပြာရည် – သင့်ရုံ
  • ဆီ – ၁ဇွန်း
  • ဆေးခြောက် (အဖူးပါ တခိုင် – အရွက်ခြွေ အဖူးဖယ်)

ချက်ပြုတ်နည်း
၁။ ဒါန်အိုးထဲ ဆီထည့်ပြီ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုပ်သီးစိမ်း၊၊ဆေးခြောက် အကုန်ပစ်ထည့်.. ဆီသပ်ပေးပါ။

၂။ နီလာလျှင် ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ စပါးလင် ထည့်ပြီ မိနစ်ဝက်ခန့် မွှေပေးပါ။

၃။ ပြီးမှ ကြက်သားတုံးများ ထည့်၍ လုံးချက်ပေးပါ။

၄။ ရေကို ကြက်သားမြုတ်သည်အထိ ထည့်ပေးပြီး ဆူအောင် မီးအသင့်တင့်ဖြင့် ၁ဝမိနစ်ခန့် တည်ထားပါ။

၅။ ဗူးသီး၊ ငံပြာရည်၊ ရေထပ်ရောပြီး ပွက်ပွက်ဆူအောင် တည်ပါ။

၆။ ဗူးသီး အနည်းငယ် ပျော့သွားလျှင် အရသာအပေါ့အငံ့မြည်းပြီး ထမင်းနှင့်စားသုံးနိုင်ပါပြီ..။

ဆေးခြောက်အရွက်စိမ်းမှာ အနံ့ပဲရှိပါတယ်..။ ဓာတ်မရှိသလောက်ပါ..။
အဖူးမှာတော့.. THC ဓာတ်ရှိပါတယ်..။ ဒါပေမယ့်.. အစိမ်းမှာ.. အခြောက်မှာ ဆေးခြောက်ဓာတ်မထွက်..
အပူချိန် 110° C. ရောက်မှ အဲဒီဆေးခြောက်ဓာတ် CBN/CBD ကTHC ကနေပြောင်းထွက်တာမို့.. အဖူးကို အလူမီနန်ဖွိုင်နဲ့ထုတ်..။ တူးလုလုအထိမီးကင်ထည့်ရင်.. ဆေးခြောက်ဓာတ်အပြည့်နီးပါးရပါမယ်….။ ဒါမှမဟုတ်.. ဆီသတ်ပြီးမှ ချက်သင့်ပါတယ်.။ ဆီသတ်ရင်..ဆီအပူချိန်က
190° C မို့.. ဓာတ်က နည်းနည်းတော့ထွက်လာမှာပါ..။
တကယ့် ဆေးခြောက်ဓာတ်ထွက်လာအောင် လုပ်နည်းကို အောက်မှာ ရှင်းပြထားပါတယ်..။
ကယ်လီဖိုးနီးယားမှာ ဆေးခြောက်က အပျော်သုံး တရားဝင်မို့.. ချက်စားနိုင်ကြပါတယ်…။ တခြားနိုင်ငံ၊ ပြည်နယ်များက ဆိုင်ရာဥပဒေတွေစစ်ဆေးပြီးမှ.. စားနိုင်မယ်ဖြစ်ပါတဲ့အကြောင်း..

How to Decarboxylate Cannabis
Forewarning: There will be a very strong odor of cannabis during this process.

Preheat oven to 225° F / 110° C.
Line an oven-safe dish (or a rimmed baking sheet) with parchment paper.
Breaking up cannabis buds into smaller pieces by hand, place the material in the dish close together but not stacked on one another (the less unused space the better).
When oven is pre-heated, bake for about 20 minutes to remove the moisture (depending on the freshness of the material). Watch for the plant color to get darker (a light to medium brown shade). When it is time to remove from the oven, the material should be crumbly looking.
Set plant material aside and wait until it is cool enough to handle. Turn oven up to 240° F / 115° C and wait for it to preheat again.
When the cannabis is cooled, lightly crumble by hand and distribute evenly over the bottom of the dish.
Cover dish with aluminum foil, crimping the edges tight to seal and return to the oven. Continue baking for another 45-60 minutes for higher THC and 60-90 minutes for higher CBD.
Remove from oven and allow to cool fully before removing the foil. Depending on the material you use, it may be fine enough and require no further processing. If not, you can place the material in a food processor or blender, pulsing the cannabis until it is coarsely ground. Be careful not to over grind the material, as you do not want a super fine powder.
Place in an airtight container (glass preferred) and store in a cool, dry place.

6 comments

  • Shar Thet Man

    January 11, 2019 at 3:17 pm

    စားချင်လာပြီ

  • manawphyulay

    January 25, 2019 at 2:15 pm

    အိမ်မှာတော့ ဘူးသီးနဲ့ အမြဲစားဖြစ်တယ်… (မှတ်ချက်။ ယောက်ျား ချက်ကျွေးတာ။) 😛 😛

    • kai

      January 27, 2019 at 5:44 pm

      သေချာမဖတ်ပဲ စွတ်တင်နေပြီ..။
      အခုဟင်းက.. ဆေးခြောက်ပါတယ်နော.. ဒေါ်ဒေါ်မနောဖြူ.. :k:

  • Thint Aye Yeik

    January 28, 2019 at 7:11 pm

    ဆေးခြောက်လေး ကြုံရင် ယူလာခဲ့ပေးပါ။
    တစ်ခါတစ်လေ ချက်စားကြည့်ချင်လို့။
    ဝါသနာ ပါရင်
    မှော်ဘီက ကျနော့်ခြံလေးမှာ မွေးထားတဲ့
    အိမ်ကြက်ကလေးတွေနဲ့ အဖေ ကိုယ်တိုင်စိုက်ထားတဲ့
    ဗူးသီးလေးနဲ့ သူကြီး ယူလာမယ့် အရွက်ကလေး
    ရော စားဖို့ ကိုယ်တိုင်စိတ်တိုင်းကျ ချက်စားကြဖို့
    ဖိတ်ပါရစေ။

    အရွက် ပါ ပါစေ
    😛
    မြန်မာပြည်တွင်း ဘယ်နား ရှာဝယ်ရမှန်း
    တကယ် မသိလို့

    • ဇီဇီ

      January 30, 2019 at 1:55 pm

      နာ လည်း မစားဖူးဘူးး
      ဟီးဟီး
      မြန်မာပြည်မယ် တွေ့ရာ လျှောက်မစားနဲ့အူးးး
      ဆေးခြောက်ပင် နဲ့ တူတဲ့ အပင် ချွတ်စွပ်ရှိသဒဲ့။
      အာနိသင်ကတော့ ဘာမှ မရှိဘူးဒဲ့။

    • kai

      January 30, 2019 at 3:13 pm

      ညီတော်မောင် ဂျပန်သွားသွားနေတာ.. သူ့ခြံထဲဆေးခြောက်ပင်စိုက်ထားသမို့.. သူ့အဝတ်တွေမှာ ဆေးခြောက်နံ့စွဲနေတာ..သူကိုယ်တိုင်လည်း.. မသိဘူး..
      ဂျပန်က..ဟနဲဒါလေဆိပ်ရောက်ရင်.. ခွေးတကောင်ပြေးလာ… ထိုးဟောင်ပြီး. ထိုင်နေတော့တာပဲ..။
      အဲ.. ပြီးရင်လေဆိပ်လုံခြုံရေးနဲ့ ..ဆိုင်ရာသူတွေလာ.. အထူးခန်းခေါ်.. အကုန်ရှာ စစ်သတဲ့..။
      ဆေးခြောက်နံ့က.. လူသာမသိတာ.. ခွေးက လေ့ကျင့်ထားသမို့..တန်းရတာကိုး..
      ဂျပန်မှာက.. တရားဝင်မဟုတ်ဖူးလေ..။

      အဲ.. စစ်ဆေးပြီး.. အရွက်တွေအဖူးတွေမယူလာဘူးသေချာမှ.. ပြန်လွှတ်တယ်..။
      မိရင်တော့.. ထောင်ထဲပဲ..။
      စင်္ကာပူဆို.. သူ့နိုင်ငံသား အမေရိကားမှာ သုံးပြီး ပြန်လာလို့.. မိရင်တောင် ပြဿနာရှာတယ်ပြောတာပဲ..။
      ဂျပန်လူမျိုးတွေကတော့..အမေရိကားမှာသုံးပြီး ပြန်လာရင်.. ပြဿနာတော့မရှာ..။ သတိတော့ ပေးတယ်..။

      မြန်မာနိုင်ငံက.. တရားဝင်မဟုတ်(သေး) သမို့.. ဆေးခြောက်သယ်လာရင်.. သယ်လာတဲ့သူကို ဖမ်းလိမ့်မယ်..။

Leave a Reply