ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ ဆိုက်ဘာကဖေးနှင့် အများပြည်သူ အပန်းဖြေရာနေရာအချို့တွင် လုံခြုံရေးကင်မရာကို အလွဲသုံးကာ ပုဂ္ဂိုလ်ရေးနှောင့်ယှက်မှုများရှိလာ

klnSeptember 6, 20101min842

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ အင်တာနက်ဆိုင်နှင့် အများပြည်သူ စိတ်လက်အပန်းဖြေရာ နေရာအချို့တွင် လုံခြုံရေးအရ တပ်ဆင်အသုံးပြုထားသော စီစီတီဗီ ကင်မရာများကို အလွဲသုံးကာ ပုဂ္ဂိုလ်ရေးထိပါးမှုများ ပြုလုပ်လာကြကြောင်း ရန်ကုန်မြို့ခံ လူငယ်ထုနှင့် ကိုယ်တွေ့ ကြုံတွေ့ခဲ့သူများ၏ ပြန်လည်ပြောကြားချက်များအရ သိရှိရပါသည်။ ရန်ကုန်မြို့နေ လူထုအများစု၏ စိတ်လက်အပန်းဖြေရာ ပန်းခြံ၊ ဆိုက်ဘာကဖေးများနှင့် ရှော့ပင်းစင်တာများရှိ ဈေးဝယ်ထွက်သူများ၏ အဝတ်လဲခန်းများတွင်ပါ အများပြည်သူ မြင်သာမှုမရှိသည့် စီစီတီဗီများကို တပ်ဆင်ကာ ပုဂ္ဂိုလ်ရေး ထိပါးနှောင့်ယှက်ခြင်းများ ပြုလုပ်လာခဲ့သည်ကို တွေ့မြင်နေရကြောင်း မြို့ခံလူငယ်တစ်ဦးက ပြောပြခဲ့သည်။ “အွန်လိုင်းအပေါ်မှာ အခုလက်ရှိဖြစ်နေတာက အင်တာနက်ဆိုင် တချို့မှာ စကတ်တို ဝတ်ထားတဲ့ အမျိုးသမီးတွေလာရင် ကင်မရာခိုးတပ်ထားတဲ့ သီးသန့်ခုံမှာ ထိုင်ခိုင်းတယ်။ သူတို့ ထသွားရင် ဗီဒီယိုဖိုင်ကူးပြီး ဆိုင်က လူတွေကြည့်ရုံသာမက ဝက်ဘ်ဆိုက်ပေါ်ထိ တင်ကြတယ်။ ဒါက ပုဂ္ဂိုလ်ရေးလုံးဝ ထိပါးတယ်လို့ထင်ပါတယ်” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေကျောင်းသားတစ်ဦးက ပြောပြခဲ့သည်။ လူငယ်အများစု အနေဖြင့်လည်း အများပြည်သူများ မြင်သာရာနေရာများသို့ သွားလာရာ၌ ခေတ်နှင့်လျော်ညီစေရုံသာ ဝတ်စားဆင်ယင်သင့်ပြီး ခေတ်မလွန်စေရန် သတိပြုဆင်ခြင်သင့်ကြောင်း ပစိ္ဆမာရုံပညာဒါန သင်တန်းမှ ကျောင်းဆရာတစ်ဦးက ပြောပြခဲ့သည်။ ရှော့ပင်းစင်တာများရှိ အဝတ်လဲခန်းအချို့တွင်လည်း လုံခြုံရေး ကင်မရာများ အလွဲသုံးစွဲခဲ့သည့် ဖြစ်ရပ်အချို့ကြောင့် အမျိုးသမီးများ အနေဖြင့် များစွာသတိပြု ဆင်ခြင်လာရသည်။

2 comments

  • hoe

    September 6, 2010 at 10:00 am

    အဲဒီလို အဖြစ်မျိုးကို တွေ ့ရှိခဲ ့ရင် ထိထိရောက်ရောက်အရေးယူသင့်သလို ရှောင် တခင် စစ်ဆေးသင့်တယ်လို ့ထင်ပါတယ်…..

  • intro

    September 6, 2010 at 12:33 pm

    Hidden Cam တွေ တွေ့လို့ကတော့ ခပ်တည်တည်သာယူထားလိုက်၊ ပြန်တောင်းရင် ပါးသာပိတ်ရိုက်လိုက်…

Leave a Reply