One Million Strong Burman-American

kaiJanuary 28, 20194min1721

One Million Strong Burman-American

အမေရိကားမှာ မြန်မာ-အမေရိကန် ၁သန်း အထက်ရှိနေပြီဖြစ်တယ်လို့ ယူဆပါတယ်..။
စာရင်းအရ..
၁) ပြောင်းခိုသူ Refugee ပေါင်း ၁သိန်းရသောင်း ( ၂၀၀၀-၂၀၁ရ စာရင်း ၁၆၉၉၄၉)
How many Burmese are in the US?
The study also shows that 169,949 Burmese refugees have been admitted to the United States since 2000. Over 23,000 Burmese individuals reside in Indiana and approximately 17,000 are calling the city of Indianapolis their new home. The overall Burmese population in the U.S. is estimated to be little over 300,000.Aug 3, 2017

၂) နိုင်ငံရေးခိုလှုံ ရသောင်း ၂၀၁၈ အထိ ရှိနေတယ်တဲ့..။ (VOA သတင်းအရ)
အကြမ်းအားဖြင့် အမေရိကားကိုအခြေချနိုင်သူတယောက်က.. ၁ဝနှစ်ထဲ လူ ၃ယောက်လောက် ခေါ်သွင်း(or/and) မွေးထုတ် တယ်လို့ အထောက်အထားတွေ့တယ်.။
((အောက်သတင်း/စတိတ်မန့်မှာ ချိုင်းနီစ်းနိုင်ငံရေးခိုလှုံသူ ၃၅၀ဝ ဟာ.. ဆိုင်ရာအမျိုး ၁၀၀၀ဝ ကို ခေါ်သွင်းထားတယ်ကနေ Fact ယူပါတယ်… ))
In a written statement, USCIS confirmed the substance of Lawrence’s story — that immigration officials are now reviewing 3,500 asylum cases handled years ago by the people convicted during Operation Fiction Writer. Immigration authorities also confirm that they are reviewing the asylum cases of more than 10,000 family members who were granted what is called “derivative asylum status.”

အမေရိကားကို အသုတ်လိုက်လာတဲ့.. ရှစ်လေးလုံးနောက်ပိုင်း Refugee settlement က.. ၁၉၉၃လောက်မှာ စတယ်ထင်ပါတယ်..။ အခုဆို.. ၂၅နှစ်လောက်ပေါ့..။ အိမ်ထောင်ပြု၊ မွေး၊ ဆွေမျိုးခေါ်..နဲ့..
မြန်မာက ချွင်းချက် ၁ယောက်က.. ၂ယောက်တိုးတယ်ပဲထား.. စုစုပေါင်း ဖြစ်နေမှာ ၃ဆ..
(( ၁၉၉၃ ကနေ..၂၀၀ဝ ပြည့်နှစ်အထိ အတွင်းဝင်လာသူတွေဟာ.. သားသမီးယူရင်.. ဆယ်ကျော်သက်သားသမီးတွေ ၁ယောက်မက ရနေပါပြီ။ သားသမီးက စောစောအိမ်ထောင်ကျရင်..မြေးရနေပါပြီ..။))
** ဆိုတော့.. ၂သိန်း၄သောင်း x ၃ = ၇၂၀၀၀ဝ ဦး..။
လော့ထရီ မဲဖေါက်ပေးတာက.. ၁၉၉၀-၉၁ လောက်က စတယ်လို့ထင်တယ်.။ 
The Diversity Immigrant Visa program, also known as the green card lottery, is a United States government lottery program for receiving a United States Permanent Resident Card. The Immigration Act of 1990 established the current and permanent Diversity Visa (DV) program.

မဲပေါက်တနှစ် ၈၀ဝ ပျမ်းမျှမှာ.. လာသူတွေလည်း.. အိမ်ထောင်ဖက်+သားသမီး အပြင်.. အမေရိကန်ဖြစ်ရင် မိဘ၊မောင်နှမခေါ်ကြတာမို့.. ၂ဆတိုးနဲ့တွက်မယ်.။
** ၂၂၄၀ဝ x ၃ = ၆၇၂၀ဝ ဦး

ဘိုချုပ်နေဝင်းအာဏာသိမ်းတဲ့ ၁၉၆၂နောက်ပိုင်း ၁၉၈၈အထိ..။ တရုတ်၊ကုလားအရေးအခင်း၊ စူစကာစစ်ဆင်ရေး၊ ပြည်သူပိုင်သိမ်းတွေ စတာတွေနဲ့ အမေရိကားကို အခြေချလာသူတွေက.. ပေါင်း၁သိန်းပဲထား..((အဲဒီခေတ်တွေက..ပညာရှင်၊ ဘွဲ့ရ..တန်းအခြေချခွင့်ရ))
** နှစ် ၅ဝကျော်ထဲ..ဆွေမျိုးခေါ် ၂ဆတိုး.. ၃၀၀၀၀ဝ ဦး။

ကျောင်းလာတက်ရင်း အိမ်ထောင်ကျ၊ H, L, E Visa တွေနဲ့နေ၊ အမေရိကန်နဲ့ အိမ်ထောင်ကျ အတူတူလိုက်လာ။ စသူတွေအပြင်.. ၁၉၆၂ ရှေ့ပိုင်း နှစ်တွေမှာ အမေရိကမြေကိုလာအခြေချသူတွေ..။
(( မြန်မာလွတ်လပ်ရေးရတဲ့ ၁၉၄၈ ရှေ့မှာ အမေရိကားကို အခြေချနေခဲ့သူ မြန်မာတဦး အခုထိ Los Angeles မှာရှိနေပါသေးတယ်))
** ၁၀၀၀ဝ ဦး

** ၇၂၀၀၀ဝ + ၆၇၂၀ဝ + ၃၀၀၀၀ဝ + ၁၀၀၀၀= ၁၀၉၇၂၀ဝ ဦး…

ပျမ်းမျှ… ၁သန်း+ မြန်မာ-အမေရိကန် ရှိတယ်တွက်တာဖြစ်ပါကြောင်း..
One Million Strong Burman-American!

ဆိုတော့…
၂၀၁ဝ ပြည့်နှစ်.. သန်းခေါင်စာရင်းမှာ Burmese ၁၀၀၅၀၂ယာက်ပဲပြတယ်..။ (မှားရင်ပြင်ပေးပါ)
ဖြစ်ပုံက တိုင်းရင်းသားတွေက.. Burmese မဖြည့်ရဘူး ကန်င်ပိန်းလုပ်တယ်..။ ဆိုတော့.. ဥပမာ။ ကရင် က..Karen ပဲဖြည့်တယ်..။
Burmese ထဲစာရင်းမဝင်ဘူး..။ တကယ်က တိုင်းပြည်နောက်ခံမရှိသမို့.. ဘယ်စာရင်းမှမဝင်ပဲ.. Other Asian အောက်ရောက်သွားပါတယ်…။

အဲဒီအတိုင်းပဲ.. ၁၉၆၂နောက်ပိုင်း အမေရိကားကို ပြောင်းအခြေချတဲ့.. တရုတ်၊ ကုလားတွေကလည်း.. Taiwanese, Chinese, Asian Indian ပဲဖြည့်တယ်..။
အမေရိကားမြေမှာ မွေးတဲ့ မြန်မာဇာတိနွယ်တွေကလည်း.. American ဖြည့်ရင်ဖြည့်.. မဖြည့်ရင်.. တခြားလူမျိုးနဲ့ယူထားတဲ့သူဆိုရင် ဟိုမှာဖက်မိဘ..ဥပမာ ဗီယက်နမ်မီစ်းနဲ့ယူထားတယ်ဆို..Vietnamese ဖြည့်တယ်.။

အဲဒါကြောင့်..၂၀၀၀-၂၀၁ရ အထိ မြန်မာပြောင်းခိုသူ Refugee 169,949 ယောက်ရှိနေရက်သားနဲ့ ၂၀၁ဝ သန်းခေါင်စာရင်းမှာ.. ၁သိန်းပဲပြနိုင်တာ..ဖြစ်ပါတယ်..။
အခုလာမယ့်.. ၂၀၂ဝ သန်းကောင်စာရင်းကောက်ကြတော့မယ်မှာ ဘယ်နှယောက်ပြမယ်တော့မသိ..။ မြန်မာပြည်မယ်..ဗမာတွေ အမျိုး၊ဘာသာ၊သာသနာ လုပ်နေကြပုံ.. ဘယ်အစွန်ကြိုက်..ကွန်ဆာဗေးတစ်တစ်..ကြပုံနဲ့တော့.. မြန်မာတိုင်းရင်းသားတွေ Burmese အုပ်စုကအကုန်ထွက်..ရခိုင်၊ချင်း၊ကချင်တွေပါ.. သူ့လူမျိုးအတိုင်းဖြည့်ကြရင်.. Burmese လူဦးရေ ပိုတောင်နည်းသွားမလားမသိ..။ 😛 (နောက်တာ)
ရိုဟင်ဂျာတွေလည်း.. ပြောင်းခိုအခြေချလာတာ.. သောင်းဂဏန်းရောက်.. တော်တော်များနေလောက်ပြီဖြစ်ပြီး..၂၀၂ဝမှာ.. ဘယ်နိုင်ငံလူမျိုးအောက်ဖြည့်မယ်မသိရသေး..။

ဆိုင်ရာ နိုင်ငံကိုယ်စားပြုလူဦးရေများတော့ ..ဘာများဖြစ်လို့လဲ..
မေးစရာရှိပါတယ်..။
အခွင့်အရေး..။ ကွန်မြူနတီအထောက်အပံ့ငွေကြေး.. စသဖြင့် အစစ အခွင့်အရေးပိုရပါတယ်..။ သာမာန်အားဖြင့်.. ဖယ်ဒရယ်က.. သူ့စစ်ဒဇင်…အမေရိကန် လူဦးခေါင်းတလုံး(တယောက်) အတွက်.. တနှစ် ဒေါ်လာ ၁သောင်းဖိုးလောက်.. အသုံးပြုဖို့ ဖယ်ထားရတာမို့ပါ..။

ဥပမာ။ ဖို့သ်ဝိန်းမြို့လိုဆိုရင်တော့.. မေယာကိုပါဆင့်ခေါ်လို့ရလောက်တယ်..။ မည်သို့ဖြစ်စေ.. တရားဝင်စာရင်းထဲ သန်းဂဏန်းမပြနိုင်တော့.. DV မဲဖေါက်တာမှာရော.. Refugee လက်ခံကိုတာမှာရော မြန်မာက ပါနေတုံး..။ ဒါက အဆိုးထဲက.. ကောင်းတဲ့ အချက်လို့ပဲပြောရမယ်..။

..မြန်မာ-အမေရိကန် လူ၁သန်း One Million Strong ဆို.. ဖယ်ဒရယ်က အသိအမှတ်ပြု.. အခွင့်အရေးတွေပိုပေးမှာပေါ့…။ ပြောချင်လုပ်ချင်တာတွေ.. အစိုးရတွေက လိုက်လုပ်ပေးရမှာပေါ့..။ မြန်မာဘာသာစကားအသုံးပြုပေးရမှာပေါ့..။ မြန်မာတွေ ဖယ်ဒရယ်၊ ပြည်နယ်၊ ဘဏ်၊ ကျောင်းတွေမှာ.. အလုပ်အကိုင်အခွင့်အလန်းတွေ ပိုရသပေါ့..။ Big Voice အခွင့်အရေး..။ ဒါတွေမရ..။

မြန်မာတွေဆိုတာ.. ဘယ်တော့မှ မညီညွတ်ရဘူးလို့ ကျိန်စာကျနေသလိုမို့.. ဒီလိုအခွင့်အရေးတွေ ဘယ်တော့မှရမယ်လို့လည်းမထင်မိပါ..။
အမေရိကမြေ..။ အမေရိကရဲ့ နိုင်ငံရေးစနစ်..ဘယ်နိုင်ငံရေးစနစ်မှာနေနေ.. စနစ်နဲ့ ဘာမှမဆိုင်သလိုပါ..။
Brexit မဖြစ်သေးတဲ့..ဥရောပမြေ.. ယူကေ..။ အင်္ဂလိပ်ဆီမှာ အခြေချနေကြတဲ့.. ဘုန်းတန်ခိုးတော်ကြီးမြတ်တော်မူလှသော အင်္ဂလန်ဘုရင်မကြီး ရွှေဘုန်းတော်အောက်က.. ယူကေစစ်ဒဇင်.. ကိုယ်ရွှေမြန်မာများကရော..။
ချိုင်းနားပြည်ရောက်.. သန်းဂဏန်း မြန်မာများကရော…။
ထိုင်းပြည်ရောက်.. သန်းဂဏန်း မြန်မာများကရော…။
မလေးရှားပြည်ရောက်.. သိန်းဂဏန်း မြန်မာများကရော…။
စင်္ကာပူပြည်ရောက်.. သိန်းဂဏန်း မြန်မာများကရော…။

ညီသလားဟေ့…။ ညီသလားဟေ့..။ သိချင်.. သိချင်..။ 😛

One comment

  • ဇီဇီ

    January 30, 2019 at 1:50 pm

    ညီပါတယ်။
    ညီကြမှာပါ။
    တောင်းဆိုရကောင်းမှန်း မသိသေးတာနေမှာ။
    ကြုံတုန်း ပြောရအူးမယ်။
    ဆဲချင်လည်း ဆဲကြတော့။
    မြန်မာလူမျိုးက စာရင်း အင်း မနိုင် ဒေတာမနိုင် တဲ့ လူမျိုးဗျ။
    ကျနော် အပါအဝင်ဗျ။
    နိုင်ငံရေး အခြေအနေအရလည်း စံနစ်မကျခဲ့ရတော့ သူများက စံနစ်တကျမေးလိုက်ရင် မသိ မဖြေတတ် စိတ်ညစ်။

Leave a Reply