အင်္ဂလိပ်စာ ရေးတတ်လိုသော် (၂) Learning to Write in English – ပါမောက္ခမျိုးကျော်မြင့်

kaiJanuary 30, 20193min1700


ယခင်လကပြောခဲ့တဲ့အတိုင်း ယခုလမှ Paragraph လု့ိခေါ်တဲ့ စာပုဒ်လေးတွေရေးတတ်လာအောင် လေ့ကျင့်ကြပါစို့ ။ ဦးစွာပထမ မှာကြားလိုတာကတော့ paragraph ကို essay နဲ့ မမှားမိပါစေနဲ့ ။ မြန်မာကျောင်းသားကျောင်းသူအများစု ရဲ့စိတ်ထဲမှာ essay ကိုပဲ စွဲနေတတ်တယ်။ စာရေးကြပါဆိုရင် essay ရေးဖို့ လောက်ပဲသိတယ်။ ခဏလေးတော့ essay ကိုမေ့ထားပြီး paragraph ကို အာရုံစိုက်ဖို့ တိုက်တွန်းပါရစေ။ ဘာနဲ့တူသလဲဆိုတော့ မပြေးတတ်သေးခင် လမ်းလျှောက်တတ် အောင်ကြိုးစားရသလိုပေါ့။ Essay ဟာ ပြေးတာနဲ့တူပါတယ်။ paragraph ကတော့ လမ်းလျှောက်သလိုပဲ။ လမ်းမလျှာက်တတ်သေးခင် ပြေးဖို့ကြိုးစားရင် တဘိုင်းဘိုင်းလဲကြမှာပေါ့။ ဒီလိုပါဘဲ paragraph လေးတွေ မကျွမ်းသေးခင် essay ရေးဖို့ကြိုး စားရင် အောင်မြင်ဖို့မလွယ်ပါ။ ဒီတော့ “Let’s focus on writing a paragraph ” 2019 ခုနှစ်မှာ paragraph လေးတွေကို ပိုင်ပိုင်နိုင်နိုင် ရေးတတ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်လေးချထားလိုက်ပါ။ paragraph တစ်ခုမှာအချက်လေးချက်ပါမှ paragraph ကောင်းတစ်ခုလို့ ယူဆနိုင်ပါတယ်။
– (၁) Indentation
– (၂) topic sentence
– (၃) supporting sentences
– (၄) conclusion
ဖော်ပြပါ အချက် လေးချက်ကို တခုခြင်း သေချာရှင်းလင်းဖော်ပြပေးပါ့မယ်။ Indentation ဆိုတာက ပထမဆုံးစာကြောင်းမှာ computer သုံးတယ်ဆိုရင် one tab ၊လက်ရေးနဲ့ဆိုရင် တစ်လက်မသာသာနေရာချန်ထားခဲ့တာကိုဆိုလိုပါတယ်။ ဒီလို Indentation ကို paragraph ရဲ့ ပထမဆုံးစာကြောင်း၌သာ ပြုလုပ်ရပါတယ်။ အခြားအကြောင်းများ၌ မပြုလုပ်မိစေရန် အထူးသတိပြုကြပါ။ အကယ်၍အခြားစာကြောင်းများ၌ပါ indentation ကို သုံးမိရင် စာပုဒ်တစ်ပုဒ်ထက်ပိုပြီးရေးမိသွားပါပြီ။ one paragraph မဟုတ်တော့ဘဲ two paragraph ဖြစ်သွားပါပြီ။ ဥပမာ
There are three types of child abuse- physical, verbal and sexual. First of all, we have physical abuse of children which includes spanking. In spite of what we may be used to, spanking a child is not acceptable.
Hitting, punching or kicking children are all unacceptable and may lead to serious problems. Secondly, there is verbal abuse which is too common among adults even today. Before you say hateful things to your children or the children of the others, please remember that they are fragile creatures_.
အထက်ပါ နမူနာလေးမှာ ပထမဆုံး တကြောင်း တခုတည်းကိုသာ Indentation လုပ်ထားသည့်အတွက် paragraph တစ်ခုထည်း စာပိုဒ်တစ်ခုထည်းသာဖြစ်ပါသည်။သို့သော်အောက်ပါနမူနာလေး၌ paragraph တခုမကနှစ်ခုဖြစ်နေသည်ကိုသတိပြု မိပါစေ။
There are four types of people-those who hurts themselves, those who hurt others, those who hurt themselves and others, and those who help themselves and others. Let’s look at the first type.
People who smoke or drink or indulge in drugs but do not harm others are clearly hurting themselves. Maybe they hate themselves for whatever reason.
Secondly. we have people wo rob, assault or even kill people for fun or more monetary gains. Such people belong to the second category since they are bent or destroying and hurting others. We should
stay as far away from such people as possible as they are most likely to end up in prison.
မလိုအပ်ပဲ Indentation မလုပ်မိဖို့ သိပ်ကိုအရေးကြီးပါသည်။ အင်္ဂလိပ်စာရေးသားသည့် အခါ paragraph တခုနှင့် တခု ရွေးလိုသည့်အခါ ယခုလို indentation ကို အသုံးပြုသည့်အတွက် မှန်ကန်စွာသုံးတတ်ဖို့လိုပါသည်။ ယခု paragraph ရေးတတ် အောင် လေ့လာနေစဉ် ကာလမှာတော့ စာရေးကျင့်သည့်အခါတိုင်း indentation တစ်ခုတည်းသာ သုံးရမည်ဖြစ်ပါသည်။ paragraph ရေးတတ်လိုသူတိုင်း topic sentence လေးတွေ ကောင်းကောင်းရေးတတ်ဖို့ လိုပါသည်။ အစကောင်းမှ အနှောင်း သေချာဆိုသလို topic sentence က မကောင်းခဲ့ရင် paragraph တခုလုံး ပျက်စီးသွားပါပြီ။ အလေ့အကျင့်ရလာသည့်အခါ မိမိနှစ်သက်သလို topic sentence သုံးစွဲရေသားနိုင်သော်လည်း ယခုအစပိုင်းမှာတော့ ဖော်ပြပေးမယ့် formula လေးကို သုံးပြီး လေ့ကျင့်ကြဖို့တိုက်တွန်းလိုပါသည်။ topic sentence ကို ကောင်းကောင်းရေးတတ်သွားသည့်အခါ ဒီ formula ကို မေ့လိုက်လို့ရပါသည်။ formula လေးကိုသုံးခြင်းဖြင့် မှန်ကန်တဲ့ topic sentence လေးတွေ ရေးလာနိုင်ပါလိမ့်မည်။ လှပချင်မှလှပပါလိမ့် မည်။ သို့သော် လောလောဆယ်မှာ မှန်မှန်ကန်ကန် ရေးနိုင်ဖို့လိုပါသည်။ နောက် ကျွမ်းကျင်လာသည့်အခါ လှပခန့်ငြားဖို့ ထပ်ပြီးကြိုးစားကြည့်ကြတာပေါ့။ formula လေးကို အောက်တွင် ဖော်ပြလိုက်ပါသည်။
-(၁) topic sentence သည် paragraph ၏ ပထမဆုံး ဝါကျဖြစ်ပါစေ။ နောက်ပိုင်းကျွမ်းကျင်သွားသည့် အခါ topic sentence ကို ထားချင်သည့်နေရာ၌ ထားလို့ရပါသည်။ ယခုအခါမှာတော့ ပထမဆုံးဝါကျအဖြစ်သာ အသုံးပြုပါလေ။
(၂) အချက်အလက် ၃ ခုသာ အမြဲတမ်းဖော်ပြပါ။ ဥပမာ-
-There are three types of loneliness.
-There are three reasons why we should avoid alcohol.
-Love can be defined in three ways.
(နောက်ပိုင်းကျွမ်းကျင်လာသည့်အခါ အချက်အလက် နှစ်ခု၊ လေးခု၊ ငါးခု စသည်ဖြင့် ပြောင်း၍ ရေးနိုင်ပါသည်။ အစပိုင်းမှာတော့ ၃ခုကိုသာသုံးပြီး မှန်ကန်အောင်ရေးသားပါအုံး။)
(၃)မိမိရေးလိုသည့် paragraph အမျိုးအစားကို အရင်ဆုံးစဉ်းစားပြီးမှ topic sentence ကိုရေးပါ။ ဥပမာ-

  • Poverty is caused by three main factors.(Cause and Effect)
  • Patriotism can be defined in three ways.(Defining Paragarph)
  • there are three kinds of drivers on the road.(Classification)
    topic sentence ကိုရေးတဲ့အခါမှာ အနည်းဆုံး ၅မိနစ်လောက်ကြာအောင် စဉ်းစားပြီး တွေးတောပြီးမှ ရေးသင့်ပါသည်။ စာရေးစကျောင်းသားကျောင်းသူ အများစုသည် ခေါင်းစဉ်တစ်ခုတွေ့လိုက်လျှင် ချက်ခြင်းခေါင်းထဲပေါ်လာသည့် အကြောင်း အရာများကို ချရေးတတ်ပါသည်။ သိုဖြစ်၍ paragraph လေးမှာ စနစ်မကျဘဲ တောရောက်တောင်ရောက် ဖြစ်နေတတ်ပါသည်။ အတွေးမရှင်းလျှင် အရေးလည်း ရှင်းမည်မဟုတ်ပါ။ ထို့ကြောင့် topic sentence ကို သေချာအချိန်ယူစဉ်းစားပြီးမှ ရေးကြပါ။ topic sentrnce ကောင်းကောင်းရေးနိုင်လျှင် မိမိ၏ paragraph ကို ဘောင်ခတ်ပြီးသားဖြစ်သွားပါပြီ။ ဘောင်မလွတ်နို်င်တော့ပါ။ ခေါင်းစဉ်နှင့်လုံးဝမဆိုင်သောအကြောင်းအရာများ မိမိ၏ paragraph တွင် မပါနိုင်တော့ပါ။ အင်္ဂလိပ်လိုတော့ cohesion ရှိသွားပြီ လို့ ဆိုလေ့ရှိပါတယ်။ ယခုလေ့ကျင့်တဲ့အနေနဲ့ အထက်ပါ Topic လေးများအတွက် topic sentence လေးတွေ ရေးကြည့်ကြပါ။ နောက်လမှာ နမူနာလေးတွေ ဖော်ပြပေးပါ့မယ်။ မိမိရေးထားတဲ့ topic sentence လေးတွေနဲ့ ယှဉ်ကြည့်ပေါ့နော်။
  • 1) How to Deal with Rejection
  • 2)Friendship
  • 3)Domestic Violence
  • 4)Reducing Crime
  • 5)Courage
    နှစ်သစ်ကူးမှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။