ပြည်ပခရီးသွားမယ်ဆိုရင်ဖြင့်

Mon LayFebruary 11, 20191min3502

# လေယာဉ်လက်မှတ်
ဗီဇာ မလိုအပ်တဲ့နိုင်ငံတွေဆိုရင် သူ့ကိုအရင်စဉ်းစားတယ်။ အနည်းဆုံး ၃လ မှ ၆လလောက်ကို လေယာဉ်လက်မှတ် ဝယ်ထားမယ်ဆိုရင် ဈေးချိုစွာနဲ့ ရရှိနိုင်ပါတယ်။ အဲလိုင်းကိုလည်း ဘယ်အဲလိုင်းက promotion တွေချနေလည်း မေးပါ။ ဗီဇာလို တဲ့နိုင်ငံကျ ဗီဇာအရင်လျှောက်ပါ။ အဲလိုင်းမှာ ဘွတ်ကင် ဖောင်ယူပါ။ ဗီဇာကျမှ လေယာဉ်လက် မှတ်ဝယ်ပါ။

#ရာသီဥတု

ကိုယ်သွားမယ့် နေရာရဲ့ရာသီဥတုကိုအင်တာနက်ကနေရှာပါ။ အဲကျမှ ကိုယ်သွားမယ့်နေ ရာက အေးရင် အနွေးထည်တွေယူသွားလို့ရသလို ပူတယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါးလေးတွေ၊ မိုးရွာတတ်တယ်ဆိုရင်လည်း rain coat အပါးလေးတွေ တခါတည်းယူ သွားလို့ရအောင် ပါ။

#ဟိုတယ် မိုတယ် အင်း 🏩🏦🏡🏠🏣
သူလဲတူတူပါပဲကြိုတင်ဘွတ်လုပ်ထားမယ်ဆိုရင် ဈေးနှုန်းသက်သာစွာရနိုင်ပါတယ်။
အနည်းဆုံး ၁လ မှ ၃လ ထိ ကြိုတင် ဝယ်ယူထားရင် အတော်ပါပဲ။

#Plan လုပ်ပါ။
Day by day အစီအစဉ်ဆွဲပါ။ ဘယ်နေ့ကို ဘယ်သွားမယ်..ဘာအဝတ်စားလေးဝတ်မယ် စသဖြင့်ပေါ့။ စာအုပ်နဲ့ချရေးပါ။ ကုန်ကျစားရိတ်တွေကို အကြမ်းဖျင်း ချတွက်ပါ။

#မြေပုံကြိုကြည့်ပါ။

ကိုယ်တည်းမယ့်ဟိုတယ်နဲ့ လည်ပတ်မယ့်နေရာတွေကို ကြိုပြီး မြေပုံထဲမှာရှာပါ။ ကြာချိန်တွေ တွက်ပြီး စိတ်မှန်းနဲ့အရင်သွားကြည့်ပါ။

#အစားအသောက်

ကိုယ်သွားလည်မယ့် နိုင်ငံရဲ ့အစားအသောက်ကို လေ့လာပါ။ ကိုယ်မကြိုက်တာတွေပါရင် အိမ်ကနေ ခေါက်ဆွဲဘူးတို့၊ လက်ဖက်သုပ်တို့၊အကြော်အခြောက်အခြမ်းတွေ တခါ တည်းသေချာထုတ်ပြီးယူသွားပါ။ ရသမျှ သတင်းအချက်အလက်တွေစုဆောင်းပါ။

#ဆောင်ရန်ရှောင်ရန်တွေဖတ်သွားပါ

ကိုယ့်သွားမယ့်ဒေသရဲ့ရှောင်ရန်ဆောင်ရန်တွေကိုကြိုဖတ်ပါ။အင်တာနက်ပေါ်မှာ Dos and Don’t ဆိုပြီးရိုက်ရှာပါ။

#ဆေးဝါးတွေယူသွားပါ
ကိုယ်သောက်နေ့ကျဆေးတွေနဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေနဲ့သက်ဆိုင်တဲ့ဆေးတွေအကုန်ယူပါ။

#ရေသန့်ဘူးခွံဆောင်ပါ
ကိုယ်ကရေဆာတတ်တဲ့လူဆို ရေသန့်ဘူးလေးဆောင်သွားပါ။

နောက်ဆုံးကတော့ စိတ်ကူးယဉ်ပါ..ငါသွားရတော့မှာပါလားဆိုပြီး…ဟီး

2 comments

  • Shar Thet Man

    March 14, 2019 at 5:26 pm

    မကြာခင်လည်းသွားတော့မယ်

  • Foreign Resident

    April 1, 2019 at 8:14 am

    ဘယ်သွားမှာတုန်း

Leave a Reply