လေယာဉ်လက်မှတ်ဝယ်ယူတော့မည်ဆိုရင်

Mon LayJanuary 31, 20192min4376

#Passport သက်တမ်း

ကိုယ့်passport စာအုပ်သက်တမ်း အနည်းဆုံး (၇)လရှိသေးလားစစ်ပါ။ မရှိတော့ရင် အသစ်သွားလုပ်ပြီးမှ လေယာဉ်လက်မှတ်ဝယ်ပါ။

#နာမည်

အဲလိုင်းကနေ ကိုယ့်ကိုလက်မှတ်ပေးလိုက်ရင် အရင်ဦးဆုံး တိုက်စစ်ရမှာက နာမည်ပါ။ ပက်စ်ပို့ထဲက ကိုယ်နာမည်နဲ့ လက်မှတ်ထဲကနာမည် ၂လုံး ၃လုံး ကအစ တိုက်စစ်ဖို့ လိုပါတယ်။

#ခရီးစဉ်                                                                     

ကိုယ်သွားမယ့် နေရာ၊ ရက်စွဲ နဲ့ အချိန်ု ကိုလက်မှတ်ပေါ်မှာ သေချာတိုက်ပါ။

#ကီလိုယူ..မယူဆုံးဖြတ်ပါ

ခရီးသွားတဲ့အခါ ကိုယ့်ခရီးက အလည်အပတ်ပဲလား..ရှော ့ပင်လား..၂ခုလုံးစလား..အဲလိုဆိုရင် အဲလိုင်းမှာ ကီလိုယူမယူစဉ်းစားပါ။ ကိုယ့်လက်ဆွဲအိတ်ကကြီးရင် ကီလိုတခါတည်းဝယ်ပါ။ check-in counter ကျမှဝယ်ရင် ၃-၄ ဆပေးရပါတယ်။ ရကီလိုကတော့ လက်ဆွဲအိတ် အသေး အဖြစ် ရပါတယ်။ အလကားပေးတယ်။ နောက်အောက်ထဲထည့်မယ့်ကီ လိုကတော့ ဘတ်ဂျတ်အဲလိုင်းဆိုစကားပြောပါတယ်။ အဲလိုင်းအကြီးတွေကတော့ ပြောစရာမလို ပါပြီးသား။ တစ်ခုပဲ..တစ်ထုပ်ပဲသယ်ရမှာလား ကီလိုဝယ်ရင်..၂ထုပ်ကော သယ်လို့ရလား ..အဲဒါသေချာလေးမေးပါ..၁ထုပ်တည်းနဲ့ကီလို၂၀/၃ဝ ပေးတဲ့အဲလိုင်းတွေရှိလို့ပါ။

#Booking Number/Reference/Code

ဘွတ်ကင်နံပါတ်တို့ ပါမပါကိုလည်းသေချာစစ်ပါ။

#အစားအသောက်

ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ ထွေထွေထူးထူးပြောစရာမလိုပေမဲ့ မွတ်ဆို ဟာလာ ကြိုတောင်းထားတာ ပိုအဆင်ပြေပါလိမ့်မယ်။ ပြီးတော့ ကလေးသေးသေးလေးတွေပါရင်လည်း baby meal ကြိုတောင်းပါ

#လက်မှတ်အပို

လက်မှတ်ဖြတ်ပြီးရင် နောက်ထပ်တစ်စောင် အပိုအဖြစ် အဲလိုင်းမှာတောင်းပါ။ လိုလိုမယ်မယ် viber နဲ့ပါပို့ခိုင်းပါ။ ဒါမှမဟုတ်လက်မှတ်ကိုဖုန်းနဲ့ရိုက်ပြီး ဖုန်းထဲမှာသိမ်းထားပါ။ လက်မှတ်စာရွက်ပျောက်သွားခဲ့ရင် ဖုန်းထဲမှာ ကျန်ခဲ့ရအောင်ပါ။


ကဲ..အဲဒါဆို လက်မှတ်ဝယ်လို့ရပါပြီ..ဒါနဲ့ လက်မှတ်ဝယ်မယ်ဆိုရင်လည်းပြောနော်.. စီစဉ်ပေးတဲ့ Tour ရှိတယ်။ Royal Active Travels – 09427788100.

6 comments

  • Foreign Resident

    February 1, 2019 at 1:08 pm

    ဘာရယ်မဟုတ် ရွာသူားတွေကို သတင်းပေးတာပါ ။
    ဒီနှစ် November မှာ Galapagos ကျွန်း နှင့် ၊
    Ecuador ထဲက Andes & Amazon ကို သွားမည် ။

  • Shar Thet Man

    February 1, 2019 at 4:16 pm

    ရို့ ရို့…ပြီးရင်ပြန်ရေးနော် ဖတ်ချင်လို့ပါ

  • Shar Thet Man

    February 11, 2019 at 2:26 pm

    ပေးမှာပေါ့ကွယ်

  • kai

    February 12, 2019 at 10:53 am

    မြန်မာနိုင်ငံသားတွေအတွက်.. လေယဉ်မိုင် အလကားထည့်ပေါင်းပေးတဲ့.. ခရက်ဒစ်ကဒ်စနစ်ရှိလားတော့မသိ..။
    အမေရိကားမှာတော့.. မင်န်ဘာတွေကို.. ဈေးဝယ်ဝယ်.. ဘာဝယ်ဝယ်.. သုံးတဲ့ငွေအလျှောက်လေယဉ်မိုင်တွေ ထည့်ပေါင်းပေးသွားပြီး.. အဲဒီမိုင်ခရီးကို အလကားသွားလို့ရတယ်..။

    https://www.creditcards.com/airline-miles/

  • Shar Thet Man

    February 25, 2019 at 5:23 pm

    ရှိနေပါပြီ မြန်မာနိုင်ငံမှာလဲ

Leave a Reply