ရောက်လေရောက်လေ..ရောက်မပြေ(၁ညအိပ်)တောင်ပေါ်

Mon LayJanuary 31, 20193min2272

ဒီတခါတောင်ပေါ်မှာပါ အိပ်လို့ရတာလေး ပြန်ရေးပေးထားပါတယ်။

#ဘယ်လိုသွားရလဲ🚌🚗🚍🚘

ကျိုက်ထီးရိုးကတော့ တချို ့ကားရှိတဲ့သူတွေလည်း ကိုယ်ပိုင်ကားလေးနဲ့သွားကြသလို တချို ့ကျတော့လည်း ဘုရားဖူးလိုင်းကားတွေနဲ့သွားကြပါတယ်။ ရန်ကုန်ကနေဆို ဘုရားဖူးပို့ဆောင်ရေးကားတွေခုဆိုအတော်များများရှိလာပါပြီ။ အောင်ဆန်းကွင်းကနေစီးတာပဲဖြစ်ဖြစ်၊

အောင်မင်္ဂလာကနေဖြစ်ဖြစ်၊ မြို့တွင်းနီးစပ်ရာနေရာကနေဖြစ်ဖြစ် ကားတွေကိုစီးပြီးအဆင်ပြေစွာနဲ့သွားလို့ရပါတယ်။ အသွားအပြန် ဂိတ်ပေါ်မူတည်ပြီး အနည်းဆုံး တစ်ယောက် ၁၂၀၀ဝကျပ် ကစရှိပါတယ်။ အသွားအပြန်ပေါ့ (လက်မှတ်လိုချင်ပြောနော်..မွန်လေးခုအလုပ်လုပ်နေတဲ့ တိုးမှာ ဝယ်လို့ရတယ်နော်)😁😁😁

ရန်ကုန်ကနေညဘက် (၉)နာရီထွက်လာရင် ကင်ပွန်းစခန်းကို မနက်စောစော (၂)နာရီဆိုရောက်ပါတယ်။

အချိန်ကတော့ များသောအားဖြင့် ရန်ကုန် က ည ၉ နာရီထွက်ပြီး ကင်မွန်းစခန်းကို မနက် ၂နာရီဝန်းကျင်ရောက်ရှိလေ့ရှိပါတယ်။ ဒီလိုဂိတ်တွေက အပြန်ခရီးမှာကျိုက်ပေါလောဘုရား၊ ပဲခူးရွှေမော်ဓောဘုရားများကို ပို့ဆောင်ပေးပါတယ်။ ( နေ့ချင်း ပြန်ပဲဖြစ်ဖြစ်.. ညအိပ်ခရီးပဲဖြစ်ဖြစ် ညကားပဲစီးရတာပါပဲ)

#တောင်ပေါ်ကိုဘာနဲ့တက်

တောင်ပေါ်ကိုကားနဲ့မတက်ချင်တဲ့သူတွေက တောလမ်းကနေ လမ်းလျှောက်လို့ရပါတယ်။ မနက်  ၄ နာရီက လျှောက်ရင် ၁၂နာရီလောက်တောင်ပေါ်ရောက်တယ် ပြောကြတယ်။ မွန်လေးငယ်ငယ်တုန်းကလျှောက်ခဲ့ဖူးတယ်ပြောပေမဲ့ မှတ်မိတာကတော့ ရသေ့တောင် ကနေ ခြေလျင်တက်တာပါပဲ။ သူက ၄၅ မိနစ်လောက်ပဲကြာခဲ့တယ်။ တက်နေကြသူတွေအတွက်ကတော့ တော်တော်လေးအဆင်ပြေပေမဲ့ မွန်လေးလိုတောင်တက်နေကြမဟုတ်တဲ့သူတွေကတော့ အပေါ်လည်းရောက်ရင်ဟောဟဲ လိုက်နေပါလိမ့်မယ်။ ဒါကြောင့်ကားပဲစီးစေချင်ပါတယ်။ ခုလည်း cable car တွေလုပ်နေပြီလို့သိရပါတယ်။ နောက်တစ်နှစ်သွားဖြစ်ရင်တော့ စီးကြည့်ပါမယ်။ တစ်ယောက်ကို (၃၀၀၀)တဲ့။သူကရသေ့တောင်ထိတော့ ကားနဲ့တက်ရပါတယ်။🚠🚠🚠

#တောင်ပေါ်ဆို ဘယ်မှာနေမလဲ ?🏨🏨

၁) ထမင်းဆိုုင် (သက်သာတယ်။ နေရာတာကတော့ ရေချိုးရတာ၊ အိမ်သာသုုံးရတာ အဆင်မပြေဘူး)(စောင်/ခေါင်းအုံးခတော့ တောင်းမှာပေါ့)
၂)ရိုုးရိုုးလေး ဟိုတယ် 09 872 3082
၃) ကျိုက်ထိုုဟိုတယ် 09 872 1086
၄) Golden Rock Hotel 09 871 8391 ( ရသေ့တောင် )

၅)ပေ (၄၀) တည်းခိုဆောင် 09 872 3073

၆) Mountain Top Hotel 09

၇)တိသာဆောင် 09 872 3289 871 8391

အဲ့မှာမွန်လေးအတည်းဖြစ်ဆုံး ဟိုးငယ်ငယ်လေးကတည်းကအမြဲတမ်းတည်းတာကတော့ တိသာဓမ္မာရုံပါပဲ။တိသာဆောင်လို့လည်းခေါ်ကြတယ်။ သူကရင်ပြင်နဲ့အနီးဆုံး ဓမ္မာရုံပါ။ အရင်ကတော့ ၁ ခန်းကို ၁ ညကို ၃ သောင်းဂဏန်းကနေစပါတယ်။ ခုတော့ ၁ ညကို ၁ သောင်းပဲတစ်ယောက်ကို။ အရမ်းကိုတန်သွားပါပြီ။ အိမ်သာရေချိုးခန်းကတော့ ဘုံပေါ့။ အခန်းထဲမှာ တခါတည်းပါချင်ရင် ၄၅၀၀ဝပါ။

#ကျိုက်ထီးရိုးသမိုင်း 📚📚📚

ရန်ကုန်မှပဲခူး၊ ပဲခူးမှကျိုက်ထို အထိ စုစုပေါင်း (၁၀၉)မိုင်၊ ကျိုက်ထိုမှကျိုက်ထီးရိုး လမ်းခွဲအတိုင်းကင်ပွန်းစခန်းသို့ (၉)မိုင် ကွာဝေးပြီး ကားလမ်းတလျှောက် ချော့မွေ့ကောင်းမွန်လှပါတယ်။ ကျိုက်ထီးရိုးစေတီတော်ကို အစွဲပြုကာ ကျိုက်ထီးရိုးတောင်ဟု ခေါ်တွင်ပြီးနွေရာသီနှင့်ဆောင်းရာသီတလျှောက်လုံး လည်ပတ်ဖူးမျှော်နိုင်ပါတယ်။ယခင်က ခြေလျှင်တောလမ်းအတိုင်းသာ တောင်ထိပ်သို့တက်ရောက်နိုင်ပြီးခုနှစ်မိုင်ခွဲခန့်ရှိကာ စခန်းပေါင်း (၂၇)ခုကိုဖြတ်သွား ရပါတယ်။ ယနေ့အချိန်မှာတော့ ကင်ပွန်းစခန်းတောင်ခြေမှ တောင်ပေါ်သို့ ကားများဖြင့် တက်ရောက်မှုပိုများကြပါတယ်။ကြီးမားမတ်စောက်တဲ့ ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ (၅၀) ခန့်ရှိသော လူဦးခေါင်းပုံသဏ္ဍန်ကျောက်တုံးကြီးသည် ပြုတ်ကျလုနီးနီး တင်ရှိနေပြီး ဉာဏ်တော် (၂၂)ပေ (၅)လက်မရှိ စေတီတော်ကြီးမှာ (၁၅)ပေခန့်သာ ကျောက်တောင်စွန်းနှင့် ထိစပ်နေပြီး (၃၅)ပေခန့်မှာ လေထဲတွင် တည်ရှိနေသကဲ့သို့ ဖူးမျှော်ရပြီး နက်ရှိုင်းလှသော ချောက်ကြီးမှာ ကပ်လျှက်တည်ရှိနေပါတယ်။ မြတ်စွာဘုရား၏ ဆံတော်အစစ်ကို ကျောက်တုံးထဲတွင် သန်လျှက်ဖြင့်ထွင်းကာ ဌာပနာထားပြီး ကျောက်တုံးပေါ်တွင် တည်ထားသော စေတီကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သောဘုရား၊ ထိုမှ ကာလကြာလာ သောအခါ ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟူသော စကားရွေ့လာခဲ့ပါတယ်။ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်တယ်။ ကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားပါတယ်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရပါတယ်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်ပါတယ်။ အနောက်ဘက်သို့ မျှော်ကြည့်လျှင် စစ်တောင်းမြစ်ကို ကျော်လွန်၍ ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိသည်။ တစ်သွယ်မှာ စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်၍ ကျန်တစ်သွယ်မှာ ကျိုက်ထိုမြို့မှ မော်တော်ကားဖြင့် ၉မိုင်ခန့် ဝေးသော ကင်မွန်းစခန်းမှ တက်ရသော လမ်းဖြစ်ပါတယ်။ ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်တယ်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်အထိ ရ မိုင်ခွဲခန့်ရှိ၍ စခန်းပေါင်း၂ရ စခန်းကို ဖြတ်ကျော်သွားရတယ်။ ယခုအခါ ကျိုက်ထိုမြို့နယ်သို့ လာရောက်ရန်မှာ ရထားလမ်း၊ ကားလမ်းများရှိနေပြီ ဖြစ်သည်ကတစ်ကြောင်း၊ တောင်တက်ရန်အတွက် စောင့်ဆိုင်းရန်မလိုခြင်းကတစ်ကြောင်း စသည်တို့ကြောင့် လူပရိတ်သတ်မှာ ယခင်ထက်ပင် စည်ကားနေပါတယ်။ ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလမှ တန်ခူးလအထိဖြစ်သည်။ ပွဲတော်အချိန်၌ မြန်မာနိုင်ငံအရပ်ရပ်မှ ထောင်သောင်းမကသော ဘုရားဖူးများ လာရောက်ကြပါတယ်။ ယနေ့ခေတ်တွင် နိုင်ငံတစ်ကာမှ ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်ကြသဖြင့် ယခင်ကထက် များစွာစည်ကားနေပါတယ်။ ဘုရားသို တက်ရာလမ်းတစ်လျောက်တွင် ဘုရားဖူးများနားနေ တည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိသော စခန်းများ၌ ဈေးဆိုင်ကန္နားများ ရှိပါတယ်။ ကင်မွန်းစခန်း၌ ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များရှိ၍ လမ်းခရီးတွင် မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့် ရွှေနန်းကျင်နတ်၊ ပန်းတင်နတ် စသော နတ်ကွန်းများကို တွေ့နိုင်ပါတယ်။  အသက်အရွယ်ကြီးရင့်သူများနှင့် အိုမင်းမစွမ်းသူများတို့သည် အထမ်းပုခက်များစီး၍ တက်လေ့ရှိပါတယ်။ ဘုရားဖူးများသည် ကျိုက်ထီးရိုးဘုရားမှ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်၍ ၄ မိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြှော် ဆုတောင်လေ့ရှိကြပါတယ်။ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီး နတ်ရုပ်နှင့် ကျိုက်ထီးရိုးဘုရား မြောက်ဘက်ရှိ ကျီးကန်းပါးစပ်ခေါ် ကျောက်ဂူနေရာတို့မှာ ဘုရားဖူးများ ဆုတောင်း အဓိဌာန်ပြု၍ အမွှေးနံ့သာ ပက်ဖြန်းခြင်း၊ ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်သော နေရာဖြစ်ပါတယ်။ မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်ဆောင်ဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင် တိဿဓမ္မ သီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြပါတယ်။ ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ရ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူတယ်။ ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြပြီးနောက် ဓါတ်တော် မွေတော်များ ချီးမြှင့်မစရန်၊ လျှောက်ထားတောင်းပန်ကြသဖြင့် ရသေ့တစ်ပါလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေတယ်။ နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ရ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့တယ်။ တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေတယ်။ ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြပါတယ်။ ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အာနရောဂါစွဲ ကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့ပါတယ်။ ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာ လတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော် တစ်ဆူကို ဌာပနာခဲ့လေသည်။ ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။ နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာလေသည်။ ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။ ကမ္ဘာ့အံ့ဖွယ် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ထူးခြားဆန်းကြယ်မှုနှင့်သိပ္ပံနည်းပညာ ရှုထောင့်မှ

ရန်ကုန်မှပဲခူး၊ ပဲခူးမှကျိုက်ထို အထိ စုစုပေါင်း (၁၀၉)မိုင်၊ ကျိုက်ထိုမှကျိုက်ထီးရိုး လမ်းခွဲအတိုင်းကင်ပွန်းစခန်းသို့ (၉)မိုင် ကွာဝေးပြီး ကားလမ်းတလျှောက် ချော့မွေ့ကောင်းမွန်လှပါတယ်။ ကျိုက်ထီးရိုးစေတီတော်ကို အစွဲပြုကာ ကျိုက်ထီးရိုးတောင်ဟု ခေါ်တွင်ပြီးနွေရာသီနှင့်ဆောင်းရာသီတလျှောက်လုံး လည်ပတ်ဖူးမျှော်နိုင်ပါတယ်။ယခင်က ခြေလျှင်တောလမ်းအတိုင်းသာ တောင်ထိပ်သို့တက်ရောက်နိုင်ပြီးခုနှစ်မိုင်ခွဲခန့်ရှိကာ စခန်းပေါင်း (၂၇)ခုကိုဖြတ်သွား ရပါတယ်။ ယနေ့အချိန်မှာတော့ ကင်ပွန်းစခန်းတောင်ခြေမှ တောင်ပေါ်သို့ ကားများဖြင့် တက်ရောက်မှုပိုများကြပါတယ်။ကြီးမားမတ်စောက်တဲ့ ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ (၅၀) ခန့်ရှိသော လူဦးခေါင်းပုံသဏ္ဍန်ကျောက်တုံးကြီးသည် ပြုတ်ကျလုနီးနီး တင်ရှိနေပြီး ဉာဏ်တော် (၂၂)ပေ (၅)လက်မရှိ စေတီတော်ကြီးမှာ (၁၅)ပေခန့်သာ ကျောက်တောင်စွန်းနှင့် ထိစပ်နေပြီး (၃၅)ပေခန့်မှာ လေထဲတွင် တည်ရှိနေသကဲ့သို့ ဖူးမျှော်ရပြီး နက်ရှိုင်းလှသော ချောက်ကြီးမှာ ကပ်လျှက်တည်ရှိနေပါတယ်။ မြတ်စွာဘုရား၏ ဆံတော်အစစ်ကို ကျောက်တုံးထဲတွင် သန်လျှက်ဖြင့်ထွင်းကာ ဌာပနာထားပြီး ကျောက်တုံးပေါ်တွင် တည်ထားသော စေတီကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သောဘုရား၊ ထိုမှ ကာလကြာလာ သောအခါ ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟူသော စကားရွေ့လာခဲ့ပါတယ်။ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်တယ်။ ကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားပါတယ်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရပါတယ်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်ပါတယ်။ အနောက်ဘက်သို့ မျှော်ကြည့်လျှင် စစ်တောင်းမြစ်ကို ကျော်လွန်၍ ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိသည်။ တစ်သွယ်မှာ စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်၍ ကျန်တစ်သွယ်မှာ ကျိုက်ထိုမြို့မှ မော်တော်ကားဖြင့် ၉မိုင်ခန့် ဝေးသော ကင်မွန်းစခန်းမှ တက်ရသော လမ်းဖြစ်ပါတယ်။ ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်တယ်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်အထိ ရ မိုင်ခွဲခန့်ရှိ၍ စခန်းပေါင်း၂ရ စခန်းကို ဖြတ်ကျော်သွားရတယ်။ ယခုအခါ ကျိုက်ထိုမြို့နယ်သို့ လာရောက်ရန်မှာ ရထားလမ်း၊ ကားလမ်းများရှိနေပြီ ဖြစ်သည်ကတစ်ကြောင်း၊ တောင်တက်ရန်အတွက် စောင့်ဆိုင်းရန်မလိုခြင်းကတစ်ကြောင်း စသည်တို့ကြောင့် လူပရိတ်သတ်မှာ ယခင်ထက်ပင် စည်ကားနေပါတယ်။ ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလမှ တန်ခူးလအထိဖြစ်သည်။ ပွဲတော်အချိန်၌ မြန်မာနိုင်ငံအရပ်ရပ်မှ ထောင်သောင်းမကသော ဘုရားဖူးများ လာရောက်ကြပါတယ်။ ယနေ့ခေတ်တွင် နိုင်ငံတစ်ကာမှ ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်ကြသဖြင့် ယခင်ကထက် များစွာစည်ကားနေပါတယ်။ ဘုရားသို တက်ရာလမ်းတစ်လျောက်တွင် ဘုရားဖူးများနားနေ တည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိသော စခန်းများ၌ ဈေးဆိုင်ကန္နားများ ရှိပါတယ်။ ကင်မွန်းစခန်း၌ ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များရှိ၍ လမ်းခရီးတွင် မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့် ရွှေနန်းကျင်နတ်၊ ပန်းတင်နတ် စသော နတ်ကွန်းများကို တွေ့နိုင်ပါတယ်။  အသက်အရွယ်ကြီးရင့်သူများနှင့် အိုမင်းမစွမ်းသူများတို့သည် အထမ်းပုခက်များစီး၍ တက်လေ့ရှိပါတယ်။ ဘုရားဖူးများသည် ကျိုက်ထီးရိုးဘုရားမှ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်၍ ၄ မိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြှော် ဆုတောင်လေ့ရှိကြပါတယ်။ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီး နတ်ရုပ်နှင့် ကျိုက်ထီးရိုးဘုရား မြောက်ဘက်ရှိ ကျီးကန်းပါးစပ်ခေါ် ကျောက်ဂူနေရာတို့မှာ ဘုရားဖူးများ ဆုတောင်း အဓိဌာန်ပြု၍ အမွှေးနံ့သာ ပက်ဖြန်းခြင်း၊ ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်သော နေရာဖြစ်ပါတယ်။ မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်ဆောင်ဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင် တိဿဓမ္မ သီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြပါတယ်။ ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ရ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူတယ်။ ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြပြီးနောက် ဓါတ်တော် မွေတော်များ ချီးမြှင့်မစရန်၊ လျှောက်ထားတောင်းပန်ကြသဖြင့် ရသေ့တစ်ပါလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေတယ်။ နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ရ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့တယ်။ တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေတယ်။ ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြပါတယ်။ ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အာနရောဂါစွဲ ကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့ပါတယ်။ ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာ လတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော် တစ်ဆူကို ဌာပနာခဲ့လေသည်။ ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။ နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာလေသည်။ ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။ #ကမ္ဘာ့အံ့ဖွယ် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ထူးခြားဆန်းကြယ်မှုနှင့်သိပ္ပံနည်းပညာ ရှုထောင့်မှ

အစားအသောက်တို့ လက်ဆောင်တို့ကတော့ ရှေ ့ပိုစ်တွေမှာပဲ ဖတ်ပေးတော့နော်။


2 comments

  • Foreign Resident

    February 1, 2019 at 1:44 pm

    ရိုးရိုးလေး ကားခ အသွား = ၅၀၀၀
    ရိုးရိုးလေး ဟိုတယ်ခ = ၆၅၀၀၀
    တောင် တက် / ဆင်း ကား ခ ပုံမှန် = ၃၀၀၀
    ရှေ့ခန်း တစ်ခုလုံး ယူလိုက်လျှင် = ၁၅၀၀၀
    ကေဘယ်ကားခ တက် / ဆင်း = ၄၀၀၀
    ရိုးရိုးလေး ကားခ အပြန် = ၅၀၀၀

  • Shar Thet Man

    February 1, 2019 at 4:26 pm

    ဟဟ ဈေးပါတခါတည်းတွက် မိုက်

Leave a Reply