Eco-friendly Calendar ပတ်ဝန်းကျင်ထိန်းသိမ်းရေး အားပေးတဲ့ ပြက္ခဒိန်

padonmarFebruary 2, 20191min4556

Every little act counts in creating a sustainable tomorrow. လှုပ်ရှားမှု သေးသေးလေးတိုင်းဟာ ပိုကောင်းတဲ့ မနက်ဖန်တွေကို ဖန်တီးရာမှာ အကျုံးဝင်နေပါတယ်။
Let’s recycle more wasteless today.
ဒီနေ့အဖို့ အမှိုက်ကင်းကြမယ်၊ ပြန်သုံးကြမယ်။
……………………………..
နှစ်စဉ်နှစ်တိုင်း ပလပ်စတစ်အမှိုက် တန် ၈သန်းလောက်ကို ပင်လယ်သမုဒ္ဒရာတွေထဲ စွန့်ပစ်နေကြပါတယ်။ဒါဟာ နေ့တိုင်း မိနစ်တိုင်းမှာ အမှိုက် တွေ ကုန်တင်ကား တစီးစာ စွန့်ပစ်နေတာနဲ့ ညီမျှပါတယ်။
ဒီနှုန်းအတိုင်းသာ စွန့်ပစ်နေကြရင် 2050 ခုနှစ်မှာ ပင်လယ်ထဲ ငါးတွေထက် ပလပ်စတစ်တွေက ပိုများနေပါလိမ့်မယ်။
ဒါပေမယ့် အခုက စပြင်ကြမယ်ဆိုရင် နောက်မကျသေးပါဘူး။
………………………………………………………

မကြာခင်က လက်ဆောင်ရထားတဲ့ စားပွဲတင် ပြက္ခဒိန်လေး မှာ ရေးထားတဲ့စာပါ။ သူတို့ လုပ်ငန်းက လက်ဆောင်ပေးတဲ့ ပြက္ခဒိန်ကို Eco-friendly wooden stand ပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ အနေနဲ့ သစ်သားစင်ငယ်လေး သုံးထားပေးပါတယ်။ ဒါလေးကို နောင်ဆိုရင် Namecard holder လိပ်စာကဒ် တင်ဖို့ ဒါမှမဟုတ် Handphone stand ဖုန်းတင်ဖို့ ပြန်သုံးလို့ ရပါမယ်။
ပြက္ခဒိန်အသေးလေးကို ပတ်ဝန်းကျင်မထိခိုက်မယ့် စက္ကူသားပေါ်ရိုက်နှိပ်ထားတယ်၊ ကော်ဖီခွက် အောက်ခံအဖြစ် ပြန်သုံးလို့ ရအောင် စီမံထားပါတယ် တဲ့။

သူတို့ စိတ်ကူးလေးကို သဘောကျလို့ မပီပြင်ပေမယ့် အနီးစပ်ဆုံး ဖြစ်မယ်လို့ မျှော်လင့်ပြီး ဘာသာပြန် မျှဝေပါတယ်။

6 comments

  • kai

    February 4, 2019 at 4:34 am

    ကမ္ဘာ့အမှိုက်တွေရဲ့ ၉၀% ကျော်က.. ဖွံ့ဖြိုးပြီးနိုင်ငံတွေကထွက်လာတာပါ..
    အဲဒီနိုင်ငံတွေက.. အဓိကလုပ်ကြရမယ်ထင်တာပဲ..
    ဒါပေမယ့်..

  • ဦး လေး မန်း

    February 4, 2019 at 8:23 am

    လူတွေအားလုံးကပင်လယ်ပြင်ဆိုတာအမှိူက်ပစ်စရာနေရာလို့အောင်းမေ့နေကြတာဗျ၊
    အဲဒီအကျိုးဆက်တွေကိုအဓိကခံနေရတာကရေနေသတ္တဝါတွေပါအစာအောင်းမေ့ပြီးစားလိုက်သမျှတွေကအစာအိမ်ထဲမှာသေတဲ့အထိနေရာဝင်ယူပြီးဒုက္ခပေးတော့တာပါဘဲ၊
    အိပ်တွေကြိုးတွေစွပ်မိနေတာတွေလဲအများကြီးပါဘဲ၊အမှိူက်ပစ်ယဉ်ကျေးမူထွန်းကားဘို့အများကြီးလုပ်ရအုံးမှာပါ၊
    ကိုယ့်တိုင်းပြည်ကတော့စလုံးရေစတောင်အနိုင်နိုင်ရယ်၊

  • ဇီဇီ

    February 11, 2019 at 12:09 pm

    ဒီနေ့ ပုဂံ ကအမှိုက်ပုံတွေ ဖဘမှာ မြင်လိုက်တယ်။

  • Thint Aye Yeik

    February 14, 2019 at 1:28 pm

    ကမ္ဘာကြီးဟာ ကိုယ့်အိမ်နောက်ဖေးနဲ့ ဆက်စပ်နေတယ် ဆိုတဲ့ စကားလေးကိုတောင်
    ပြန် သတိရမိသွားတယ်။
    တတ်နိုင်သလောက်တော့ ကိုယ့်တစ်ယောက်စာအတွက် ကိုယ်တာဝန်ယူပြီး
    အမှိုက်တွေ လျှော့ချနေတယ်… ပတ်ဝန်းကျင် ကိုယ့်ကြောင့် မညစ်ညမ်းအောင်
    ဆင်ခြင်နေထိုင်နေပါတယ်။
    အဲ့လို နေထိုင်ဖို့ရာ အထောက်အကူ ဖြစ်စေတဲ့ အိမ်သုံး ပစ္စည်းလေးတွေကိုလည်း
    တော်တော်တော့ စိတ်ဝင်စားလာမိတယ်။
    🙂

  • manawphyulay

    February 28, 2019 at 4:34 pm

    တစ်ဦးချင်း တစ်ယောက်ချင်းစီကနေ ပြုပြင်ကြမယ်ဆိုရင် ကမ္ဘာကြီူကို အုပ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ကာကွယ်နိုင်မယ်လို့ မြင်မိပါတယ်တီဒုံရယ်….

Leave a Reply