#Myanmar Vacation Festival 2019

#Pullman_Hotel

#Yangon

ဟိုတစ်နေ့က #Pullman Hotel မှာလုပ်တဲ့ #Myanmar Vacation Festival 2019 ပွဲကို သယ်ရင်းနဲ့၂ယောက် သွားဖြစ်ခဲ့ပါတယ်။ ကိုယ်ရောက်သွားတဲ့အချိန်က မနုမြတ်( Nu Myat Around the world) ရယ် ကိုသီဟ (Thiha, the traveler) တို့က How to become a travel blogger ဆိုတဲ့ခေါင်းစဉ်နဲ့ တစ်ယောက်မေး၊ တစ်ယောက်ကဖြေနေတာလေးနဲ့ ကြုံခဲ့ပါတယ်။ ကိုယ်သိပ်စိတ်ဝင်စားသွားတဲ့ခေါင်းစဉ်ပေါ့နော်။ တကယ်ပဲ ဘလောကာ ဖြစ်လို့မလွယ်ပါဘူး. အဓိက အချိန်ရယ်၊ငွေကြေးရယ်ပေါ့။ စာရေးဖို့အချိန်ပေးရသလို၊ အချက်အလက်တွေစုဆောင်းဖို့လည်း အချိန်ပေးရတယ်။ ပြီးတော့ ငွေထောက်ပံ့မယ့်သူမရှိရင် ကိုယ့်ဖာသာအိတ်စိုက်ပြီး အရင်ဦးဆုံးခရီးသွားရတယ်။ နောက်ပိုင်းမှ နာမည်တစ်လုံးရ လာတယ်ပေါ့နော်။ မွန်လေးလည်း ဘယ်လိုလုပ်ခုလို #Travel Emperor ပေ့ခ်ျ ထောင်ပြီး ခုချိန်ထိရေးဖြစ်နေလဲ နောက်ပို့စ်တွေမှာ ရေးပြီးတင်ပေးပါမယ်။ ကိုယ်လည်း အားယားပြီး ထိုင်ရေးတဲ့သူမဟုတ်တာတော့ အသေအချာပါပဲ။ Rich Kid လည်းမဟုတ်ပါဘူး။

ပြီးတော့ မနော် (Travel by naw htike) သူနဲ့ကရေစက်ကိုပါတာ။ အမှန်က သူက မနက် အစောပိုင်းပြောရမှာ။ လမ်းမှာ ကားပိတ်နေလို့ နောက်ကျသွားပြီး မနုမြတ်တို့က ကြိုပြောပေးနေ တာတဲ့။ တခါကလည်း ခါကာဘိုဇာဇီတောင်တက်ဖို့အကြောင်း seminar တက်တုန်းကလည်း သူနဲ့ကြုံခဲ့သလို hostel တစ်ခုမှာ ခရီးသွားအကြောင်းသွားနားထောင်တော့လည်း ကြုံခဲ့ပါ တယ်။ သူကဓါတ်ပုံဘယ်လိုရိုက်သင့်တဲ့အကြောင်းနဲ့ သူဘယ်လိုရိုက်ခဲ့တာကအစ ရှင်းပြတော့ ဗဟုသုတတော်တော်လေးရပါတယ်။ ဓါတ်ပုံဆိုတာ ရိုက်ချင်တိုင်းရိုက်လို့မရတဲ့အကြောင်း၊ သူဆိုကင်မရာအကောင်းစားကိုင်ရမှရယ်လို့စိတ်ထဲမထားဘူးတဲ့။ ဟုတ်တယ်။ မွန်လေးလည်း ကင်မရာအကောင်းစားမရှိဘူး။ အရင်က canon camera လေးကို (၈)သောင်းနဲ့ဝယ်ဖူးတယ်။ ပြီးတော့ Action camera တွေပေါ်လာတော့ သူကရေအောက်ထဲကိုရိုက်လို့ရတယ်လေ။ ကိုယ်ကရေသရဲဆိုတော့ ထပ်ဝယ်ချင် စိတ်ဖြစ်ရော..အဲဒါနဲ့ canon camera ကိုရောင်းတယ်။ ရေသွားကူးတဲ့အခါ တခါကဆို လာအိုသွားတုန်းက Blue Lagoonကိုသွားကြမယ် ဆိုတော့ ဖုန်းနဲ့ရေထဲရိုက်ရင် ဖုန်းထဲရေတွေဝင်ကုန်မှာလေ။ သိန်းကျော် ၀ယ်ထားရတဲ့ဖုန်း ပျက်ရင်အမေကသတ်မှာ အဲတော့မဖြစ်ပေဘူး။ အဲတော့ Action Camera ကိုဝယ်တယ်။ ကုန်းပေါ်ဆို ရိုက်ရအဆင်ပြေအောင် ရုပ်ထွက်ကောင်းတဲ့ Iphone 7 လဲလိုက်တယ်။ (5 က ပျက်သွားလို့) အဲဒါနဲ့ပဲ..ဓါတ်ပုံရိုက်တယ်။ ပုံတွေ မှောင်တဲ့အခါ အလင်းချိန်တယ်။ Retouch ပြန်လုပ်တယ်။ တခါတလေ Iphone camera ကောင်းအားကြီးလို့ ပြင်စရာမလို တာတွေရှိ တယ်။ မကြိုက်တဲ့အပိုင်းတွေဆို crop လုပ်တယ်။ ကင်မရာကို သိန်းကျော်ပေးမှ ပုံကောင်း ထွက်တာမဟုတ်ဘူး ဆိုတာပြောချင်တာပါ။ ကိုယ့်ရှိတာလေးနဲ့လှအောင်နေတတ်ရင်လည်း ပျော်စရာပါပဲ။

Shar Thet Man

About Shar Thet Man

Shar Thet Man has written 244 post in this Website..