အမြန်လမ်း ၁၅မိုင်က”ရွှေပြည်အေး”ဘုရား🙏🙏

Mon LayFebruary 16, 20194min2010

😀အမှန်ဆို ဒီဘုရားကသွားဖူးချင်နေတာကြာပြီ။ တည်ပြီးကတည်းက အမေနဲ့သွားချင်နေခဲ့တဲ့
ဘုရား။ တကယ်တမ်းကျတော့ မမျှော်လင့်ဘဲ မှော်ဘီမှာ အဖွားအတွက် အလှူသွား လုပ် ရင်းနဲ့မှ ရောက်ဖြစ်ခဲ့ပါတယ်။😀အမှန်ဆို ဒီဘုရားကသွားဖူးချင်နေတာကြာပြီ။ တည်ပြီးကတည်းက အမေနဲ့သွားချင်နေခဲ့တဲ့
ဘုရား။ တကယ်တမ်းကျတော့ မမျှော်လင့်ဘဲ မှော်ဘီမှာ အဖွားအတွက် အလှူသွား လုပ် ရင်းနဲ့မှ ရောက်ဖြစ်ခဲ့ပါတယ်။

#လမ်းကြောင်း 🚗🚗
အမြန်လမ်းပေါ်ရောက်ရင် မိုင်တိုင် ၁၅ ဆိုဘုရားမုဒ်ဦးကို မြင်ရပြီ။ ညနေဘက်ဘုရားဖူးတာ ပိုကောင်းပါတယ်။ နေ့ခင်းဘက်ဆိုအရမ်းပူတယ်။ ရန်ကုန်က ၂နာရီ ၃နာရီဝန်းကျင်ထွက်ပါ။
ဘုရားကို ၅နာရီလောက်ရောက်ရင်အတော်ပဲ။🚗#လမ်းကြောင်း
အမြန်လမ်းပေါ်ရောက်ရင် မိုင်တိုင် ၁၅ ဆိုဘုရားမုဒ်ဦးကို မြင်ရပြီ။ ညနေဘက်ဘုရားဖူးတာ ပိုကောင်းပါတယ်။ နေ့ခင်းဘက်ဆိုအရမ်းပူတယ်။ ရန်ကုန်က ၂နာရီ ၃နာရီဝန်းကျင်ထွက်ပါ။
ဘုရားကို ၅နာရီလောက်ရောက်ရင်အတော်ပဲ။

#ရွှေပြည်အေးဘုရား 🙏🙏

ဘုရားက ထိုင်တော်မူရုပ်ထုပါ။ မုံရွာက ရပ်တော်မူဘုရားကြီးလို၊ ရေးက ကိုရင်လေးဘုရားလို ဘုရားကိုယ်လုံးတော်ထဲမှာ အခန်းတွေရှိတယ်။ အထပ်ထပ်တက်သွားလို့ရတယ် ရထပ်ရှိပါတယ်။ အတက်ကိုလှေကားတစ်ဖက်၊ အဆင်းကိုလှေကားတစ်ဖက်စီလုပ်ထားတယ်။ ဓါတ်လှေကားလည်းတွေ့ခဲ့တယ်။ စီးတဲ့သူတော့မတွေ့ခဲ့ဘူး။..အပြင်ဘက်ကို ဒုတိယအထပ်မှာ ထွက်ပြီးရွှေသင်္ကန်းကပ်လို့ရပါတယ်။ ဘုရားဝန်းထဲမှာရေပန်းတွေ လည်းရှိ တယ် ..နားနေဆောင်တွေလည်း ရှိတယ်..👍👍

#ဈေးဆိုင်ခန်းတွေ 🛍🛒

ဈေးလေးတွေက သင့်ပြီး အစားအသောက်တွေကလည်းဖြစ်ကတတ်စမ်းတွေမဟုတ်ဘူး..
ရာသီပေါ် အသီးအရွက်တွေလည်းအဲ့နားကရွာတွေက လာတက်ရောင်းကြတာ။ သစ်သီးတွေကလည်း လတ်လတ်ဆတ်ဆတ်တွေရယ်။ ကိုယ်ဖြင့် အမေ့လက်ရာ ပုဇွန်ချဉ်၊ငါး ဖယ်ချဉ်များ ကြိုက်လိုက်တာ..ထုပ်ထုပ်၊ထုပ်ထုပ်နဲ့ အိနေတာပဲစားရတာ ..အချဉ်ဖောက်နေ တဲ့ဟာရော မဖောက်သေးပဲဒီအတိုင်းပန်းကန်မှာ သုပ်ပေးထားတာရော..အကုန်မြည်းပြီး များမာျးစားစားဝယ်ချလာတာ။ 😜😜အမောပြေဖို့အအေးဆိုင်လေးတွေလည်းရှိတယ်။ 👍👍

ဒီခရီးစဉ်လေးက ရန်ကုန်နဲ့သိပ်မဝေးတော့ အားလပ်ရက်မှာ နေ့ချင်းပြန်လေးသွားနိုင်ပါတယ်လို့။

#iphone7#traveller#15miles#shwepyiayepagoda#myanmar#yangon