ဗီယက်နမ်သွားတော့မယ့်လူတွေအတွက် သိထားသင့်စရာများ

Mon LayFebruary 26, 20191min2182

ခုမြန်မာလူမျိုးတွေတအားသွားသွားနေကြတဲ့ နိုင်ငံကတော့ ဗီယက်နမ်နို်င်ငံပါ။ သူကဈေးလည်း သက်သာသလို သွားရင်လည်း မွန်လေးတို့မြန်မာနိုင်ငံဆို နီးလည်းနီးတယ်လေ။ လေယာဉ်အ ချိန်ကလည်း ၁နာရီကျော်လောက်ပဲစီးရတော့ သွားရတာလည်း အဆင်ပြေတယ်။ မွန်လေးတို့ နိုင်ငံနဲ့ဆို အချိန်က နာရီဝက်ပဲစောတယ်။ အဲတော့ အသွားများတဲ့ဒီနိုင်ငံအတွက် ဆောင်ရန်

ရှောင်ရန်လေးတွေမျှပေးချင်ပါတယ်။

#အဝတ်အစားကိုသပ်သပ်ရပ်ရပ်ဝတ်ပါ

ဒါကတော့ ပြောစရာမလိုပါဘူး။ ဘယ်သူမဆို လှလှပပ သေသေသပ်သပ်ဝတ်ကြမှာပါ။

#ဘုရားကျောင်းကန်ရောက်ရင် ဂါရဝပြုပါ။

ပြောချင်တာကတော့ ဘုရားကျောင်းကန်တွေရောက်ရင် လက်အုပ်ချီချင်ချီ၊ မချီချင်ရင် ရိုင်းစိုင်းတဲ့

အပြုအမူမျိုးမလုပ်ရင်ရပါတယ်။ အဝတ်အစားကျတော့ လုံလုံခြုံခြုံလေးဝတ်ဖို့လိုပါတယ်။

#လက်ဝတ်လက်စားအများကြီးမဆင်ပါနဲ့

လက်ဝတ်လက်စားတွေကိုလည်း တောက်တောက်ပြောင်ပြောင် အများကြီးမဝတ်ပါနဲ့။ သူခိုး လမ်းပြဖြစ်မှာစိုးလို့ပါ။

#အိတ်များကိုသေချာလွယ်ပါ။

ဒါကတော့ ဘယ်ပဲသွားသွား ကိုယ့်အိတ်ကိုဂရုစိုက်ပါ။ ကျောပိုးအိတ်လွယ်ရင်လည်း လူများတဲ့နေရာတွေဆို ရှေ့ကိုပြောင်းလွယ်ပါ။

စစ်သားတွေတွေ့ရင် ဓါတ်ပုံမရိုက်ပါနဲ့။

စစ်လက်နက်တွေကိုင်ထားတဲ့ စစ်သားတွေတွေ့ရင် ဓါတ်ပုံမရိုက်ပါနဲ့။ ဒါသူတု့ိကို စော်ကား တယ်ထင်ပြီး အချုပ်ထဲတန်းပို့တတ်လို့ပါ။

အရှက်ရှိပါ။

လူမြင်ကွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီးမနမ်းပါနဲ့။

ဒါတွေကတော့ မွန်လေးသိသလောက် ဖတ်သလောက်လေးပြန်ရှယ်တာပါ။ ဗီယက်နမ်လူမျိုး တွေကချစ်ဖို့ကောင်းပါတယ်။ အစားအသောက်တွေကတော့ နဲနဲပေါ့တယ်။ ပျော်စရာတော့တော်တော်ကောင်းပါတယ်။ သွားဖြစ်အောင်သွားကြပါနော်။

2 comments

  • kai

    February 26, 2019 at 6:53 pm

    ခုလောလောဆယ်တော့.. ဗီယက်နမ်က.. ထရမ့်နဲ့ကင်မ် လူတုလုပ်ပြီး..နောက်ပြောင်တဲ့ ၂ယောက်ကို ဖမ်း.. ပြည်နှင်ဒဏ်ပေးလိုက်သတဲ့..။ တော်တော်ရစ်တဲ့ တိုင်းပြည်ပဲ..။ :k:

    Vietnam deports Kim Jong-un lookalike before summit, but not Trump imitator
    Australian impersonator says North Korean leader has ‘no sense of humour’ as he leaves Hanoi

    https://www.theguardian.com/world/2019/feb/25/vietnam-deports-kim-jong-un-lookalike-before-summit-but-not-trump-imitator

Leave a Reply