အင်္ဂလိပ်စာရေးတတ်လိုသော် (၃) – ပါမောက္ခမျိုးကျော်မြင့်

kaiFebruary 27, 20196min17411

အရင်လက Topic sentence လေးတွေအကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဆိုကြပါစို့။ topic sentence လေးတွေ ကောင်းကောင်း ရေးတတ်နေပြီ။ ဒီတော့ paragraph လှလှလေးတွေရေးနိုင် ပြီလားပေါ့။ အဲနီးစပ်လာပြီပေါ့နော်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို topic sentence ကောင်းကောင်းရေးတတ်ရင် အစကတော့ကောင်းနေပြီပေါ့။ အနှောင်းသေချာဖို့အတွက် အဲ့ဒီ topic sentence မှာပါတဲ့ controlling idea ကို သေချာရှင်းပြနိုင်ရမယ်။ နမူနာလေးတွေနဲ့ support လုပ်ပေးပြီး လှပတဲ့ မှတ်သားဖွယ်ရာ conclusion လေးနဲ့ အဆုံးသတ်ပေးလိုက်ရင် လှပခန့်ညားတဲ့ paragraph လေးတစ်ခု ဖြစ်လာမှာပါ။ controlling idea ကိုပီပီပြင်ပြင် ရှင်းပြနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဥပမာ အနေနဲ့ အရင်လက လေ့ကျင့် ဖို့ပေးထားခဲ့တဲ့ ခေါင်းစဉ်လေးတွေထဲက နံပတ်(၁)ဖြစ်တဲ့ How to Deal with Rejection ကိုကြည်ကြရအောင်။ ဆိုပါစို့ There are three way to deal with rejection. ဆိုတဲ့ Topic sentence လေးနဲ့ စကြပြီ။ ဒီတော့ ပထမဆုံး နည်းလမ်း သို့မဟုတ် first way ကိုရှင်းပြရမှာပေါ့။ ဥပမာ-
First and foremost, we can deal with rejection by becoming upset or depressed. For example, when I was rejected for a job I really wanted, I couldn’t eat or sleep for nearly two weeks. It took me quite a while to recover from the rejection.
ရှင်းပါတယ်နော်- ကိုယ်လိုချင်တဲ့ အလုပ်မရတဲ့အခါ စိတ်ဓာတ်ကျသွားတယ်၊ စိတိထိခိုက်သွားတယ်ပေါ့။ ဒါ့ကြောင့် နှစ်ပတ်နီးနီး မအိပ်နိုင်မစားနိုင် ဖြစ်သွားပြီး တော်တော်လေးကြာမှပြန်ကောင်းလာတယ်ပေါ့။ နောက်ထပ်ဥပမာအနေနဲ့ အရင်လက လေ့ကျင့်ဖို့ ပေးထားတဲ့ ဒုတိယခေါင်းစဉ်ကလေးကို ကြည့်ကြရအောင်။ Friendship ပေါ့နော်။ မိမိရေးထားတဲ့ topic sentence လေးကို ပြန်ကြည့်လိုက်ပါအုံး။ စာရေးသူရဲ့topic sentence နဲ့ မတူရင်နေပါစေ။ ခပ်ဆင်ဆင်ဆိုအလုပ်ဖြစ်ပါပြီ။ Friendship has three major benefits. ဒီတော့ ပထမဆုံး Benefit ကိုစပြီးရှင်းကြပါစို့။
First of all, friendship can help us overcome loneliness and self-doubt. Humans are social animals, so we simply cannot live alone. We need friends to help us enjoy life and to help us believe in ourselves. For instance, can you imagine enjoying your birthday party just by yourself without any friends in attendance?
မိတ်ဆွေမရှိခဲ့ရင် လူတိုင်းအထီးကျန်သလိုခံစားရပြီး၊ မိမိကိုယ်မိမိလည်း ယုံကြည်မှုနည်းပါးသွားနိုင်တယ်။ ဥပမာ – မိမိမွေးနေ့ပါတီကို မည်သူကိုမျှ မဖိတ်ကြားဘဲ တစ်ယောက်ထည်း ဆင်နွဲကြည့်လိုက်ပါလေ။ မိတ်ဆွေတစ်ယောက်တစ်လေတောင်ပေါ်မလာခဲ့ရင် ဘယ်လို ခံစားရမလဲ စဉ်းစားကြည့်လိုက်ပါနော်။ Topic sentence မှာပါတဲ့ controlling idea ကို သရုပ်ဖော်တဲ့အခါ ဥပမာ နှစ်မျိုးနှစ်စား ရှိပါတယ်။ ပထမဆုံးခေါင်းစဉ် How to deal with rejection မှာ အသုံးပြခဲ့တဲ့ဥပမာလေးက တကယ်လက်တွေ့ ဖြစ်ပျက်ခဲတဲ့ ကိစ္စလေးတစ်ခု ုပါ။ ဒါကြောင့် past tence ကို သုံးထားပါတယ်။ အင်္ဂလိပ်လိုတော့ Specific example လို့ ဆိုပါတယ်။ ဒုတိယခေါင်းစဉ် Friendship မှာ အသုံးပြုထားတဲ့ ဥပမာလေးကတော့ တကယ်ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူး။ စိတ်ကူးယာဉ်ကြည့်ခိုင်းထားတာပါ။ ဒါ့ကြောင့် past tense ကိုမသုံးဘဲ conditional structure ကိို သုံးထားပါတယ်။ ဒီလို ဥပမာ မျိုးကို General example လို့ခေါ်ပါတယ်။ ဥပမာ နှစ်မျိုး စလုံးအသုံးဝင်ပါတယ်။ သူ့နေရာနဲ့ သူပေါ့နော်။ အရင်လက လေ့ကျင့်ဖို့ပေးထားတဲ့ ခေါင်းစဉ်လေးသုံးခုကို နမူနာယူလို့ရအောင် topic sentence လေးတွေနဲ့ supporting sentence လေးတွေပါ ဖြည့်စွက်ပြီးဖော်ပြပေးပါ့မယ်။
Domestic Violence
Domestic violence has three major causes.The first cause of domestic violence is addiction. When a person is addicted to alcohol,drugs or gambling, that addiction can cause him or her to do harm to the people he or she may love.
For instance, when a drug addict cannot get the money he needs to buy his drugs from his family, he may resort to violence to get what he wants.(general example)
Reducing Crime
We can reduce crime by following three steps. The first step is to establish neighborhood crime watch group to deter and report crimes. These neighborhood groups costs nothing, but they can be very effective in deterring crimes.
For example, the country of Santa Clara three years after such groups were introduced, crimes rates went down from a high of 45% in 2009 to just 9% in 2012.(specific example)
Defining Courage
There are three possible definitions of courage. First of all ,courage may be defined as the willingness to face one’s fears when necessary. For instance, suppose one is afraid of heights.Is one ready and willing to fly across the
country when necessary or will one choose to say scared and instead elect to drive across the country? The answer to that question will reveal if the person has courage or not.(general example)
Supporting Sentence လေးတွေအကြောင်း အတော်အသင့် ပြည့်စုံသွားပါပြီ။ ဒီတော့ Paragraph ကိုအဆုံးသတ်ဖို့ လိုအပ်တဲ့ Concluding sentence လေးတွေအကြောင်း ဆက်လက်လေ့လာကြပါစို့ ။ concluding sentence လေးတစ်ခုရေးတော့မယ်ဆိုရင် topic sentence ကိုပြန်ကြည့်လိုက်ပါ။ ဒီ topic sentence မှာပါတဲ့ အဓိပ္ပါယ်လေးကို မပျက်စေဘဲ အဲဒီ topic sentence ကို အခြားစကားလုံးတွေသုံးပြီး ပြန်ရေးလိုက်ရင် လှပတဲ့ concluding sentence လေးတခု ရလာပါလိမ့်မယ်။ အင်္ဂလိပ်လိုတော့- Rewrite te topic sentence using different word and expressions ပြောလေ့ရှိပါတယ်။ ဥပမာ အနေနဲ့ ဖော်ပြပြီးသား topic sentence ၅ခုစလုံးကို ပြန်ပြီးရေးထားတဲ့ အဓိပ္ပါယ် ဆင်တူတွေဖြစ်တဲ့ concluding sentence ၅ခုနဲ့ယှဉ်ပြီး ပြပေးပါမယ်။ ဒီလအတွက်တော့ ဒီမှာနားကြပါစို့။ နောက်လမှာ မိမိရေးထားတဲ့ concluding sentence လေးတွေနဲ့ စာရေးသူဖော်ပြပေးမယ့် sentence လေးတွေနဲ့ ယှဉ်ကြည့်ပြီး ပြင်သင့်တာလေးတွေပြင်ကြတာပေါ့။