ဓူဝံကြယ်လို အမေ

badbabylay09@gmail.comSeptember 6, 20101min520

အမေ…..
အမေအရင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမေ…… လို့ခေါ်မယ်နော်။ အမေ အမေ့ ဘဝမှာ မိန်းမသားနဲ့ ဘယ်လိုမှမတန်တဲ့ အလုပ်တွေ အမေ လုပ်နေတယ်နော်။ အမေ အမေက ယောင်္ကျား ရင့်မာကြီးတွေ မလုပ်နိုင်တဲ့ အလုပ်တွေကို
အမေ လုပ်နေတယ်နော်။ အမေက ယောင်္ကျားရင့်မာကြီးတွေ မထားနိုင်တဲ့ စိတ်ဓာတ်တွေ ထားနိုင်တယ်နော် အမေ။ အမေ အမေက သူများတကာတွေ မပြောနိုင်တဲ့ စကားမျိုး အမေ ပြောနိုင်တယ်နော်။ အမေ အမေက ကိုယ်ကျိုးကို မကြည့်တက်ပဲ ဘဝကို သူများတွေအတွက် လုပ်နေတယ်နော်။ အမေ အမေကိုလေ ကျွန်တော် တစ်ခါပဲ တွေ့ဘူးတယ် သိလား။ အမေ့ကို မြင်တော့ ကျွန်တော် မျက်ရည်ဝဲမိတယ်။ အမေ ပြောတဲ့စကားတွေကို လိုက်ပြီးနားထောင်ရတာ တန်ဖိုး အရမ်းရှိတယ်နော်။ တခါတလေ အမေက စကားပြောနေရင်းနဲ့ အမြင်မတော်ရင် ငေါက်တယ်နော် စိတ်မဆိုးပါဘူး အမေ ဘာလို့လဲ သိလား အမေ ငေါက်တာကိုက ကျွန်တော်တို့ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ ဆုံးမမှု့မျိုးတွေပါ အမေ။ အမေက ကျွန်တော့ အထင် အဖေတူ သမီး ။ အဖေလိုပဲ စကားပြောက အကောင်းနော်။အမေ ဖြစ်နိုင်ရင် ကျွန်တော်လဲ အမေတူ သားတစ်ယောက် ဖြစ်ချင်တယ်။ အမေ ကျွန်တော် အရမ်းလေးစားတဲ့ အမေ အမေ ကျွန်တော် အရမ်းချစ်တဲ့ အမေ ။ အမေ ကျွန်တော် အကြိမ်ကြိမ် ဦးချမိတဲ့ အမေ။ အမေ ရယ် အမေ့ အစား ကျွန်တော် တွေးပူမိတယ် အမေ။ အမေ ဒုက္ခရောက်နေရင်တောင်မှ စိတ်ပူပါနဲ့ အမေ အမေလို့ လူမျိုးက သွားလေရာ ရောက်လေရာမှာ မေတ္တာတွေ ဝိုင်းရံထားတယ်ဆိုတာ အမေသိမှာပါ။ ကျွန်တောကလည်း ဘာဖြစ်ဖြစ် အမေ့နောက်မှာ ရှိပါတယ် အမေ။
အော်……. အမေရယ် ……
လူနဲ့ လုပ်နေတဲ့ အလုပ်တွေက မမျှတပါလားအမေ။ ကျွန်တော်သိတယ် အမေ ။ အမေ လုပ်နေတာတွေက ကျွန်တော်တို့ အတွက်
အမေ့ အတွက်ဆိုတာ စိုးစဉ်းမျှ မပါပါဘူး အမေ။ အမေက ကျွန်တော်တို့အတွက် လမ်းပြကြယ်ပါ။ ကြယ် ကိုမှ ရိုးရိုးကြယ်မဟုတ်ဘူးနော် အမေ။ အရပ်မျက်နှာကို ညွှန်ပြနိုင်စွမ်းရှိတဲ့ ၊ ဆင်တူရိုးမှားတွေထက် ပိုပြီး လင်းတဲ့ ဓူဝံကြယ်ပါ အမေ။
အဲဒါကြောင့် အမေ့ကို လေးစားတာ
အဲဒါကြောင့် အမေ့ကို မြတ်နိုးတာ
အဲဒါကြောင့် အမေ့ကို ရိုသေတာ
အဲဒါကြောင့် အမေ့ကို ဂုဏ်ယူတာ
အဲဒါကြောင့် အမေ့ကို အတုယူချင်တာ
အဲဒါကြောင့် အမေ့ကို ချစ်တာ
အဲဒါကြောင့် အမေ့ကို ……….
အဲဒါကြောင့် အမေ့ကို……..

အမေ…….
အမေ တစ်ယောက် ကျန်းမာချမ်းသာလို့ ၊ ရည်ရွယ်ချက်တွေ ချောမွေ့စွာနဲ့ အောင်မြင်ပါစေ။
အမေ လောကမှာ မွေးမေမေ ပြီးရင် အစားထိုးမရတဲ့ အမေ။