ငွေအနွမ်းလေး

Good IdeaSeptember 6, 20101min580
လူတွေကြားထဲကျင်လည်ရင်းနဲ.
ကျွန်တော့ဘဝ ပေရေစုတ်ပြတ်ခဲ့ရတယ်

ရာချီတဲ့ဂဏန်းတွေကြားထဲလဲရောက်ခဲ့ဘူးပါရဲ.
သိန်းချီတန်တဲ့ အိတ်တွေကြားထဲလဲရောက်ခဲ့ပါရဲ.

မွှေးပျံ.လှတဲ့ အိတ်ထဲလဲရောက်ခဲ့ရဲ.
ဈေးသည်ရဲ.ချွေးခံထဲလဲအလည်ရောက်ဘူးခဲ့

ဒီလိုနဲ.ငါပုံစံအစုံနဲ.ကျင်လည်ခဲ့ဘူးပေါ့
ရွှေထီးလဲဆောင်းခဲ့ဘူးတယ်
ချနင်းလဲခံဘူးတယ်

ခုများတော့ငါ့ကိုယ်ဟာအရင်လိုမဟုတ်တော့
နေရာအနှံ. ခပ်ပါးပါး အကြည်လေးတွေကပ်လို.
ခပ်မာမာလေးတောင်ဖြစ်ပေါ့

အရင်ကလိုသစ်လွင်မှု.လဲမရှိတော့
လတ်ဆက်မှု.လဲမရှိတော့
ဒါပေမယ့်မင်းတို.ငါ့ကိုမပစ်ပယ်ရဲသေးပါဘူးကွာ။ ။