Ro လို့ကောင်း၊ ဓါတ်ဖမ်းလို ့ကောင်းတဲ့ ဆိုင်သန့်သန် ့လေး Gloria’s jean

Mon LayMarch 28, 20193min29442

ချစ်တို့ရေ..တအားပူလာပြီနော်..နွေရာသီကိုအမှန်အကန်ရောက်လာတော့ အပြင်ကိုထွက်ချင်ပေမဲ့ ပူအားကြီးလို့ထွက်ရတာ အဆင်မပြေပြန် 😞၊..စိတ်ထဲမှာ ကော်ကော်သောက် ချင်ပေမဲ့ အေးဆေး တဲ့နေရာမျိုး၊ Ro လို့ကောင်းတဲ့၊ ဓါတ်ဖမ်းလို့ကောင်းတဲ့ ဆိုင်သန့်သန့်လေးပဲထိုင်ချင်ပြန်တော့ အင်တာနက် ထဲရှာကြည့်တာ..အိုးလားလား 😲..ကိုယ်ဖြစ်တာနဲ့ တထပ်တည်း ကျတဲ့ ကော်ကော် သန့်သန့်ဆိုင်လေးတွေ့သွားတာပေါ့။ 😚 သူလေးက Times Link မှာရှိတဲ့ #GJC (#Gloria_ Jean’s_Coffee) ဆိုင်လေးပါပဲ။ 🤩🤩

#နေရာ 🏠

မွန်လေးသွားခဲ့တဲ့နေရာက ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်ကဆိုင်လေးပါ။

#ဆိုင်ခွဲပေါင်း 🏙

  1. #GJC Myanmar Plaza
  2. # GJC Junction City
  3. #GJC Times Link
  4. # GJC Junction Square နဲ့
  5. # GJC City Mall outlet ဆိုပြီး ရှိပါတယ်။ Junction Square ကဆိုင်ကတော့ မရှိတော့ဘူးလို့ပြောပါတယ်။ ဆိုင်သစ်ကလေးကိုလည်းထပ်ကြေညာပေးပါမယ်တဲ့။

#ကိုယ်သောက်ခဲ့တာ ☕️

မွန်လေးကတော့ ပူပြင်းတဲ့ရာသီဆိုတော့ Iced cuppuchino လေးသောက်ခဲ့တယ်။ ရင်ထဲကိုအေးပြီး ဝင်သွားတာများ..သိပ်ကောင်း။

#နောက်ထပ်နာမည်ကြီးတာ 🎇🎇

Maple Syrup၊ ကော်ဖီ၊ ဗယ်နီလာနဲ့ နို့တို့ပေါင်းစပ်ပါဝင်ထားတဲ့ ချိုချိုမွှေးမွှေး Maple Latte နဲ့ Chiller ချစ်သူတွေအတွက်ကတော့ Maple Syrup၊ ကော်ဖီ၊ White Chocolate နဲ့ Creamy ဖြစ်တဲ့ Maple Chiller ချိုချိုအေးအေးလေးပါနော်

#ထူးခြားတဲ့မနက်စာ ♨️

Gloria Jean’s ရဲ့ မုန့်ဟင်းခါးကလည်း ဟင်းခါးအနံ့မွှေးမွှေးမှာ ငှက်ပျောအူများများနဲ့ ပဲကြော်တွေ ဘဲဥတွေ အကုန်ထည့်ခိုင်းပြီး သံပုရာသီးလေးညှစ် ငရုတ်သီးမှုန့်များများထည့်ပြီး ပူပူစပ်စပ်လေးပါ။

ပြီးတော့ ဘာရွေးချယ်ပြီးသောက်ရမှန်းမသိဘူးဖြစ်နေရင် 🥢
Latte – ပျော်နေရင်တော့ Creamy ဖြစ်ပြီး ချိုဆိမ့်နေတဲ့ Latte
Espresso – စိတ်ဖိစီးနေတယ်ဆိုရင်တော့ အိုင်ဒီယာအလန်းတွေထွက်လာဖို့ ကူညီမှာက Espresso
Mocha – စိတ်ကောက်နေရင်တော့ စိတ်ဆိုးပြေဖို့ Mocha ချိုချိုလေး
Cappuccino – ဝမ်းနည်းနေရင်တော့ စိတ်တွေပြန်လည်လန်းဆန်းလာစေမယ့် Cappuccino
Macchiato – သာယာလှပတဲ့နေ့တစ်နေ့စတင်ဖို့ဆိုရင်တော့ အရမ်းလည်းမပြင်း အရမ်းလည်းမပျော့ အနေတော်လေးဖြစ်တဲ့ Macchiato
Americano – တစ်ယောက်တည်းတွေးငေးချင်ရင်တော့ Americano ပေါ့။

ကဲ..ကိုယ်သောက်နေတဲ့ ကော်ဖီတစ်ခွက်က လတ်တလောခံစားချက်တွေကို ပုံဖော်နိုင်တယ်လို့ပြောကြတယ်။ ဟုတ်မဟုတ် Gloria Jean’s Coffee မှာသောက်ကြည့်လိုက်နော်။

2 comments

  • Foreign Resident

    April 1, 2019 at 6:11 am

    ဒီဖက်နိုင်ငံတွေမှာတော့ ၊
    ကော်ဖီကို တော်တော် စွဲနေပြီ / အလေ့အထဖြစ်နေပြီ ။
    တခွက်ကို 4$ လောက်နှင့်ကို တနေ့ ၂ ခွက် / ၃ ခွက် သောက်ကြတာ ။
    ကိုယ်တွေလို လူတွေတောင် အဲ့ဒီငွေတွေ နှမျောမိတယ် ။

  • Shar Thet Man

    April 1, 2019 at 5:11 pm

    ကော်ဖီကလည်း ဖက်ရှင်တစ်ခုလိုဖြစ်လာတာကိုး။

Leave a Reply