Hello! ကျွန်တော် ရေမြေ့သနင်းပါ… မတွေ့ရတာ တော်တော်ကြာပါပြီ… ပထမ လူတလုံးနဲ့တုန်းက တခါပျောက်သွားပြီး နောက် ရေမြေ့သနင်းနဲ့ ထပ်ပျောက်သွားခဲ့ပါတယ်… အလုပ်အခြေအနေပေါ်မူတည်ပြီး အချိန်ရ/မရ နဲ့ မ၀င်ဖြစ်တာပါ… ပြီးတော့ ရေးစရာလဲ တကယ်မရှိလို့ပါ… ဒီကြားထဲ လှုပ်ရှားမှုအနေနဲ့တော့ Bollywood ချစ်သူများဆိုပြီး Join Group လေး ထောင်ပြီး ရုပ်ရှင် အကြောင်းလေး ဘာလေး ရေးလိုက်ပါသေးတယ်…

ခုပြန်လာတာကတော့ ဇီဇီ နဲ့ သူကြီး ကောင်းမှုပါ… ဦးစွာ သူကြီးက Linedin မှာ လက်ခံလိုက်တော့ ပရိုဖိုင်းထဲမှာ mandalaygazette.net ဆိုတာ ပြန်တွေ့ပြီး လင့်ခ်ကို နှိပ်လိုက်တာ ဇီဇီ ပို့စ်ကို တန်းမြင်မိတော့တာပါပဲ… ဇီဇီက ခေါင်းစဉ်ပေး တော်တော် တော်တယ် ပြောရမယ်… ကျွန်တော် ပို့စ်ကို ဖတ်ချင်စိတ်ဖြစ်ပြီး ဖတ်ရင်း member link ဆိုတဲ့ နေရာမှာ ကိုယ်ရောပါလား ကြည့်လိုက်မိပါတယ်… တွေ့တော့ ၀မ်းသားအားရနဲ့ ကိုယ့်ရဲ့ ပို့စ်တွေ ပြန်ကြည့်တော့ စိတ်မကောင်းစရာပဲ… အချိန်ပေးပြီး ၀င်ကြည့်သူတွေအတွက် တခုခု ချမပြနိုင်ခဲ့တဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ရှက်မိတယ်…

လူတလုံးတုန်းက ကော်ပီတွေ တင်… ရေမြေ့သနင်းဖြစ်တော့ ကိုယ့်အကြောင်းတွေ လျှောက်ရေးတင်နဲ့… မန်းတလေးဂဇက်ရဲ့ image ကိုတောင် ထိစေတဲ့သူပဲ ဆိုပြီး ၀မ်းနည်းမိတယ်… ကျွန်တော့်မှာလဲ စာရေးတတ်ဖို့ ပါရမီ မပါဘူး ထင်ပါတယ်… ဘာရသ ညာရသ ပေါ်အောင် မရေးတတ်တဲ့အပြင် အောင်မြင်သူတယောက် မဟုတ်တော့ ပိုဆိုးတယ်… ပို့စ်တွေ အကုန် ပြန်ဖျက်ဖို့တောင် စဉ်းစားမိသေးတယ်… ဒါပေမဲ့ မှတ်တိုင်လေး တခုလဲ အမှတ်တရဖြစ်စေတော့ မလုပ်ရက်ဘူး… ပြန်ကြည့်မိရင် ကိုယ့်မရင့်ကျက်ခဲ့တာတွေ ပြန်တွေ့ရတော့ ပြင်ဆင်လို့လဲ ရမယ် ဆိုပြီး ထားလိုက်တော့တာ…

ပြောချင်တာကတော့ ကျွန်တော့် အလုပ်သဘောအရ ခုဆို ဖေ့စ်ဘုတ်မှာ content နည်းနည်းရေးရတယ်… အွန်လိုင်းမှာ အချိန်နည်းနည်းရလာတော့ အရင် ရေးထားတဲ့ ကုလားကားအကြောင်းလေးတွေကို ရုပ်ရှင်လင့်လေးနဲ့ ပြန်တင်ပေးရင် ကောင်းမလားလို့ပါ… အကြံပေးကြပါဦး…

နောက်တခုက ခုနောက်ပိုင်း သင်တန်းတွေ နည်းနည်းတက်တော့ တချို့သော စာတွေက တော်တော် ကောင်းတယ်… ကျွန်တော်လဲ နည်းနည်းပါးပါး အထဲရောက်အောင် လေ့လာထားတော့ ပြန်ရှုယ်မလားလို့… သားလေး အတွက်Bed Time Story တွေ ဘာသာပြန်ထားတာလဲ နည်းနည်း ရှိတယ် ဆိုတော့ အဲဒါလေးတွေလဲ တင်ရင် ကောင်းမလားလို့…

လေးစားစွာဖြင့်

ကိုထွဋ်

ကို ထွဋ်

About ကို ထွဋ်

ကို ထွဋ် has written 119 post in this Website..

ခန့်ထည်သွေး ဖေဖေ...