နေ့ချင်းထပ်ရင် မြတ်သလား

badbabylay09@gmail.comSeptember 6, 20101min763

နေ့ချင်းထပ်ရင် မြတ်သလား

မွေးနေ့ချင်းတူတဲ့ အိမ်ထောင်ဖက်တွေဟာ ကံကောင်းတတ်ကြတယ်လို့ ဆိုတဲ့ အယူအဆကြောင်း နေ့ချင်းထပ်ရက်မြတ်တယ်ဆိုတဲ့ ဆိုရိုးတစ်ခုပေါ်လာပါတယ်
ရှေးဟောင်းလောကီကျမ်းတွေရဲ့ အဆိုကို နေ့ချင်းထပ်ထားသူတွေ၊ ထပ်ချင်သူတွေ၊ ထပ်ဖို့ရည်ရွယ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်

တနင်္ဂနွေ- တနင်္ဂနွေ
`ဂဠုန်နှစ်သွယ်၊ မောင်နှင့်မယ် ပေါကြွယ်ဥစ္စာဌေး´
ရယ်လို့ အဆိုရှိတာကြောင့်တနင်္ဂနွေသားနဲ့တနင်္ဂနွေသားချင်း ဖူးစာဖက်ရင် ဓနဥစ္စာပေါကြွယ်ပါလိမ့်မယ်

တနင်္ဂလာ-တနင်္ဂလာ
`ကျားနှင့်ကျားမှာ ဦးချမ်းသာ၊ နောင်လာဒုက္ခရေးတဲ့´
အိမ်ထောင်ဦးကာလမျာ ပျော်/ရွင်ချမ်းမြေ့ဖွယ်ရာဖြစ်နိုင်ပေမဲ့ အိမ်ထောင်သက်ရင့်လာတာနဲ့အမျှ နားလည်ခွင့်လွတ်သည်းခံမှုမရှိရင် ဒုက္ခတွေ့ရတတ်ပါတယ်လို့ သတိပေးထားပါတယ်။

အင်္ဂါ-အင်္ဂါ
`ခြင်္သေ့နှစ်တန်၊ပေါင်းတုံပြန်၊ ရင်နှင့်ကွာမဝေး´ ဆိုတာကြောင့်
အင်္ဂါသားသမီးအချင်းချင်း ချစ်သက်နှံရင်ဖြင့် အိုအောင်မင်းအောင် ပေါင်းရတတ်ပါတယ်

ဗုဒ္ဓဟူး-ဗုဒ္ဓဟူး
`ဟိုင်းနှင့်ကားဆင်၊ ပေါင်းဖက်လျှင် ရှည်ပင်မမြဲသေး´လို အဆိုရှိတာကြောင့်ဗုဒ္ဓဟူးသားသမီးချင်း မေတ္တာသက်ဝင်ချစ်ခင်တဲ့ ချစ်သူဘဝမှာတင် တစ်ဦးနဲ့တစ်ဦး နားလည်ခွင့်လွှတ်နိုင်အောင်ကြိုးစားထားပါမှ တော်ကာကျမယ့်သဘောပါ။

ကြာသပတေး-ကြာသပတေး
`ကြွက်မင်း၏နံ၊ နေ့ချင်းပန်၊ သက်ပန်ချမ်းသာကြည်အေး` တဲ့
ကြာသပတေးသားသမီးချင်း အိမ်ထောင်ဖက်ထားသူတေါ ဘဝတစ်သက်တာ စိတ်အေးချမ်းသာစရာဖြစ်ပါလိမ့်မယ်။

သောကြာ-သောကြာ
`ပူးနှင့်ပူးမှား၊ ငြင်းတတ်စွာ၊ ဒုက္ခာမောက်လို့ထွေး´ဆိုတာကြောင့် သောကြာသားသမီးစုံတွဲတွေဟာ မသင့်မြတ်သက်ပါဘုူး၊ ငြင်းတာခုံတာကိုလျော့မှ အိမ်ထောင်ရေးမြဲမဲ့သဘောဖြစ်ပါတယ်။

စနေ-စနေ
`နဂါးနှင့်မြွေ၊ ရန်မိုးစွေ၊ နောင်လာမေတ္တာဝေး´ လို့ဆိုထားတာကြောင့် သတိထားသင့်တဲ့ ဖူးစာဖက်ပါပဲ

ဗဟုသုတပွားမြားနိုင်ပါစေလို့ ဆုတောင်းရင်း…………

FWD Mail လေးပါ…..ပြန်မျှဝေလိုက်တာပါ

3 comments

  • kopauk mandalay

    September 6, 2010 at 4:07 pm

    ရှေးကထဲကရှိခဲ့တဲ့ ဘယ်ကစလာမှန်းမသိတဲ့
    ဒီလိုပေါက်ကရ အယူတွေကို စွဲလန်းလွန်းတဲ့ မိန်းကလေးကိုမှချစ်မိတဲ့
    ကျနော့်သူငယ်ချင်းတစ်ယောက်တော့ လက်ထပ်ခါနီးမှဒီနေ့ချင်းကိုက်တာ မကိုက်တာက စလို်က်တာ အကုန်အကွဲအပြဲတွေ ဖြစ်သွားကတည်းက အခုချိန်ထိ မိန်းမဆိုရင် သားသားကြောက်ကြောက်ဆိုပြီး ဘယ်သူ့ကိုမှ ယူဘို့မစဉ်းစားတော့ဘူးတဲ့ဗျာ။

  • sususan

    September 7, 2010 at 12:42 pm

    တကယ်ဟုတ်လို့လား…အားလုံးဒီလိုတော့ဖြစ်မယ်မထင်ပါဘူးနော်။
    ကျေးဇူးတင်ပေးတာ။။

  • မစ္စတာသန့်

    September 22, 2010 at 3:09 pm

    တကယ်ဆိုရင်အချစ်ဘဲလိုတယ်….

Leave a Reply