သင်ကောင်းလျှင် ရာမ မဆိုးပါ…

ကုိ ထြဋ္April 1, 20191min51948

Vinaya Vidheya Rama (2019)
သင်ကောင်းလျှင် ရာမ မဆိုးပါ…

Ram Charan ရမ်ချရန် ရဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကမှ ထွက်ထားတဲ့ ကားသစ်ပါ… ညီအစ်ကို မောင်နှမ အချစ်နဲ့ အက်ရှင် ရောပြွန်းထားတဲ့ ကားလေးပါ… ထုံးစံအတိုင်း ရမ်ချရန်ချရင် ကြမ်းချက်က 9+++ ပဲ…
ဇာတ်လမ်းလေးက ရှင်းပါတယ်… မိဘမဲ့ ကောင်လေး ၄ ယောက်မှာ ရရစားစား လုပ်နေရင်း လသားအရွယ်ကလေးတယောက်က သူတို့ဘဝထဲ ရောက်လာခဲ့တယ်… အဲကောင်လေးကပဲ နောက်ပိုင်း ညီအစ်ကိုတွေ ပြသနာတက်လိုက်တိုင်း ရောက်ရောက်လာပြီး ရှင်းပေးပါတယ်… ဘယ်အချိန်ကတည်းကလဲဆိုတော့ မူလတန်းအရွယ်လောက်ကတည်းကပေါ့…
အဲကောင်လေးကတော့ ဘယ်သူဖြစ်မလဲဆိုတာ ပြောစရာမလိုပါဘူးနော်… ငယ်ငယ်လေးထဲက “ဇ” လေး နဲ့ ကောင်ကလေးက တခွန်းပဲ ထပ်ခါထပ်ခါ ပြောနေပါတယ် “အစ်ကိုတွေကို ကယ်တင်လိုက်တာပါတဲ့…”
ဒီတော့ FOF က တင်ပေးထားတဲ့ ကားလေးကို ကျွန်တော်က ထပ်ဆင့် ရှယ်ပေးပါတယ်… ဘာသာပြန်ထားတာတော့ နည်းနည်းလေး သည်းခံပေးပါနော်… subtitle မရှိဘဲ listening နဲ့ပဲ ဘာသာပြန်ထားလို့ပါ… ဇာတ်လမ်းအရသာတော့ မပျက်ပါဘူး…
တကယ်တော့ ဒီကားက ရမ်ချရန် ပရိသတ်တွေ ကားငတ်နေချိန် အဆာပြေဆိုပေမဲ့ လူကြိုက်နည်းပြီးတော့ ဝေဖန်မှု တော်ာတော်များတယ် ပြောရမယ် ဗျ… မသိရင် လူဆိုးဂိုဏ်းက သူ့ကို သံကြိုးတွေနဲ့ ချုပ်ထားတာ ရုန်းပြီး ပြန်ချတာ ဟာကြူလီကျနေတာပဲ… ကျွန်တော်ကတော့ ဒီကားလေးကို ပေါ့ပေ့ါပါးပါးလေး ပဲ ကြည့်လိုက်တော့ သိပ်ပြီး ဝေဖန်စရာ မရှိပါဘူး… နဂို Super Power တွေထက် ပိုကြမ်းတာတော့ ဝန်ခံတယ်…

လေးစားစွာဖြင့်
ကိုထွဋ်



8 comments

  • Shar Thet Man

    April 1, 2019 at 10:26 am

    အားရင်ကြည့်လိုက်ပါမယ်

    • ကို ထွဋ်

      April 1, 2019 at 3:13 pm

      ဟုတ်ကဲ့ ကျေးဇူးပါ…

  • Thint Aye Yeik

    April 3, 2019 at 8:33 am

    အလကားနေရင်း လူတွေ တပြုံတမကြီး
    ပြေးထွက်လာပြီး ထထ ကတဲ့ အခန်းတွေ မပါရင် ကြည့်မယ်။
    :k:

    ဒါနဲ့ Zawgyi နဲ့ စာရိုက်ရတာ ဝဆွဲတွေ သဝေထိုးတွေ ဟိုပြေးဒီပြေး ဖြစ်နေတယ်
    ဖမ်းမမိ
    :k:

    • kai

      April 6, 2019 at 5:39 am

      ဇောျျဂြီကို ဘိုငျ့ဘိုငျ လိုကျတော့ ..
      နောကျဆို.. အကုနျပလုံလိမျ့..

      • ကို ထွဋ်

        April 18, 2019 at 9:43 am

        ဘာသုံးရမလဲ တဂျိီး…

    • ကို ထွဋ်

      April 18, 2019 at 9:43 am

      ဒါဆို သေချာပြီ ကြည့်မရဘူး… ဒီကားက အိုဗာတင်းတွေ များလို့ နာမည်ကြီးနေတာ…

  • manawphyulay

    July 10, 2019 at 3:47 am

    ဒီကားတော့ ကြိုက်ဘူး။ ဒီပြင် ပညာပေးဇာတ်လမ်းကောင်းလေးတွေ တင်ပေးဦးနော်။ ပြီးရင် ဒေါင်းလို့ရမယ့်လင့်လေးပါ ထည့်ပေးနော်…

Leave a Reply