မြန်မာ နှစ်ဆန်း ၁ရက်နေ့

Mon LayApril 2, 20191min2660

ကဲ..သင်္ကြန်ကြီးပြီးသွားပြီဆိုတော့ အပျော်ကလေးတွေရပ်ပြီး အလှူဒါနလေးတွေလုပ်ဖို့ရောက်လာပါပြီနော်။ အရင်ဆုံးနှုတ်ဆက်ချင်တာကတော့ “Happy Myanmar New Year”ပါနော်။ ယနေ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ မှစပြီး မိတ်ဆွေများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း အပေါင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒဟူသမျှ ပြည့်စုံကြပါစေလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်…..

ဒီတော့ နှစ်ဆန်း (၁)ရက်နေ့ မှာ ဘယ်လိုကောင်းမှုကုသိုလ်လေးတွေ လုပ်ပြီး ပါဝင်ဆင်နွှဲလို့ရလည်း ဖော်ပြပေးမယ်နော်

  • ဘုရားသွားလို့ရပါတယ်….ဘုရားမှာပန်းလှူ၊ ရေသပါ္ပယ်၊ ခိုကလေးတွေအစာကျွေး၊ ငါးလွှတ်၊ တံမြက်စည်းလှဲ စသည်တို့လုပ်ရင်းနဲ့ ကုသိုလ်ယူလို့ရပါတယ်။
  • အသက်အရွယ်ကြီးတဲ့ လူကြီးသူမဘိုးဘွားတွေကို ကန်တော့ပြီး လက်သည်း၊ခြေသည်းတွေကလှီးဖြတ်ကာ ခေါင်းလျှော်ပေးခြင်းဖြင့်လည်း ကုသိုလ်ယူလို့ရပါတယ်။
  • ရပ်ကွက်အတွင်းဘုန်းကြီးသံဃာများကိုပင့်ဖိတ်ပြီး တရားနာ၊ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းဖြင့်လည်းကုသိုလ်ယူလို့ရပါတယ်။
  • ကိုယ့်ရပ်ကွက်ထဲမှာ စတုဒီသာ ကျွေးခြင်းဖြင့်လည်း ကုသိုလ်ယူလို့ရပါသေးတယ်။
  • နောက်ထပ်ဘာများ ကုသိုလ်ယူလို့ရသေးလည်း မန့်ပေးသွားကြပါဦးနော်……