အပျိုကြီး လူပျိုကြီးတို့၏ စရိုက် လက္ခဏာများ

badbabylay09@gmail.comSeptember 6, 20101min763
အများစုသောအပျိုကြီးလူပျိုကြီး

တို့၏ စရိုက်လက္ခဏာများ

၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။
၂။ ဇီဇာကြောင်တတ်သည်။
၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။
၄။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။
၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။
၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။
ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်း
နိုးရွေးရခက်နေတတ်သည်။
ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။
၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။
၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း
သူများထက် ပိုသိဟန် ပြတတ်သည်။
၁၁။ အချစ်၊အိမ်ထောင်ရေးအကြောင်း
သူများထက် ပိုမိုစိတ်ဝင်စားတတ်သည်။
၁၂။ မိုးလေဝသလို ခန့်မှန်းရခက်တတ်သည်။
၁၃။ လိုရင်းမရောက်ဘဲ ဝေ့လည်ကြောင်ပတ် ပြောတတ်သည်။
၁၄။ အတိတ်၊နမိတ် ၊တဘောင် တို့ကို ယုံကြည်တတ်သူများဖြစ်သည်။
၁၅။ မရွာသောမိုးကို မျှော်ကိုးတတ်သည်။
၁၆။ နှမြောတွန့်တိုသော်လည်း အလှူဒါန အပေးအကမ်း ရက်ရောတတ်သည်။
၁၇။ စိတ်ထားကောင်းသော်လည်း တဗျစ်တောက်တောက် ပြောတတ်သည်။
၁၈။ လူစိမ်းများကိုအားမကိုးဟန်ြ
ပသော်လည်း ရင်းနှီးသူများကိုအားကိုးလွန်တတ်ကြသည်။
၁၉။ သီချင်း၊ဝတ္တု၊ရုပ်ရှင် (အနုပညာ)များကို နင့်နင့်နဲနဲ ခံစားတတ်ကြသည်။
၂၀။ တစ်ခုခုကိုကြိုက်မိလျှင်ဖြစ
်စေ၊မကြိုက်လျှင်ဖြစ်စေ ပြောမပြီးတတ်ကြချေ။
၂၁။ အရှက်၊အကြောက် သာမန်ထက်ပိုကြီးတတ်သည်။
၂၂။ ဒိုင်ယာရီလိုစာအုပ်မျိုးကို
ရေးဖို့ထက်သိမ်းထားဖို့
စိတ်ဝင်စားသူများဖြစ်တတ်ကြသ
ည်။
၂၃။ အသက် မေးလျှင် (စိတ်တွင်းက) စိတ်ဆိုးနေတတ်ကြသည်။
၂၅။ ဗေဒင်၊လက္ခဏာ၊နတ် တို့ကို သူများထက် စိတ်ဝင်စားတတ်ကြသည်။
၂၆။ အတိတ်အကြောင်းကို လွမ်းမောနေလေ့ရှိသော်လည်း ထုတ်ဖော်ပြလေ့မရှိကြ။
၂ရ။ အစိုးရိမ်ကြီးတတ်၊ပူပင်သောက
ကြီးတတ်ကြသည်။
၂ဂ။ အပျိုကြီး၊လူပျိုကြီး ဟုအပြောခံရမှာကြောက်တတ်ကြသည
်။
၂၉။ သို့ရာတွင် အိမ်ထောင်ရှင်ဟုအထင်ခံရမည်က
ို ပိုပြီးကြောက်တတ်ကြသည်။
၃၀။ အိမ်ထောင်ပြုချင်နေသောသူ ဟု အထင်ခံရမည်ကိုကား အကြောက်ဆုံးဖြစ်သည်။
၃၁။ သရဲ ၊တစေ ္ဆ ထက် လူ ကို ပိုကြောက်တတ်ကြသည်။
၃၂။ ဆွေမျိုးသားချင်းများကို အိမ်ထောင်ချပေးရန်မှာ သူတို့တာဝန်ဟု ထင်တတ်ကြသည်။
၃၃။ အိပ် လျှင် ကျယ်ကျယ်ပြန့်ပြန့်၊လွတ်လွတ
်လပ်လပ် အိပ်ချင်ကြသည်။
၃၄။ စည်းစနစ်ကြီးသူများ ဖြစ်တတ်ကြသည်။
၃၅။ အိမ်ထောင်ထိန်းသိမ်းမှုတာဝန်
ကို ချစ်မြတ်နိုးသူများဖြစ်တတ်ြကသည်။
၃၆။ ဖြစ်ကတတ်စမ်း နေလေ့ရှိသူများ မဟုတ်တတ်ကြပါ။
၃ရ။ ဓါတ်ပုံ(အလှပုံ)ရိုက်ရန် ဝန်လေးနေတတ်သူများဖြစ်သည်။
၃၈။ သူတို့အချစ်ကို အဝေးမှcelebrities များအပေါ် ပုံအောထားဟန်ပြုတတ်ကြသည်။
၃၉။ မိမိအားနည်းချက်ဟုတွေးထင်ထာ
းသောအရာများ များပြားနေတတ်သည်။
၄၀။ မိမိအားနည်းချက်ဟုထင်သောအရာ
များကို ဖုံးဖိရန်ကြိုးစားတတ်ကြသည်။
၄၁။ မိတ်ဆွေအိမ်ထောင်ရှင်များကိ
ု အိမ်ထောင်ဝန်ပိနေသူများဟုထင်တတ်ကြသည်။
၄၂။ အစား ကောင်းကောင်းလုပ်စားတတ်ကြသည
်။
၄၃။ မိမိစိတ်ခံစားချက်များကို ဖုံးကွယ် ၊ဖိနှိပ်ထားတတ်သူများဖြစ်ကြ
သည်။
၄၄။ အများအားဖြင့် ဟန်ဆောင်ကောင်းတတ်သည်။
၄၅။ တိတ်တိတ်ကလေးကြေကွဲနေတတ်သူမ
ျားဖြစ်တတ်သည်။
၄၆။ မင်္ဂလာဆောင်များကို သွားရန်ဝန်လေးတတ်ကြသည်။
၄ရ။ ပြေးကြည့်ဘို့ထက် တွေးကြည့်ဘို့ ပိုအားသန်တတ်ကြသည်။
၄ဂ။ အလုပ်တွင်စိတ်ကိုနှစ်၍ ကြိုးစားတတ်သူများဖြစ်သည်။
၄၉။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကြီးတတ်သည်။
၅၀။ ဘဝတူ လူပျိုကြီး၊အပျိုကြီး စာရင်းကို ပြုစုထားရှိကာ အားတင်းထား တတ်ကြသည်။
၅၁။ ဘဝရည်မှန်းချက်ကြီးသူ များဖြစ်တတ်သည်။
၅၂။ ပညာရေးလိုဘကြီးတတ်ကြသည်။
၅၃။ မရေရာသော အကြောင်းပြချက်များ ဆွဲကိုင်ထားတတ်ကြသည်။
၅၄။ ထောက်ထားညှာတာစရာ များစွာ ရှိတတ်ကြသည်။
၅၅။ တစုံတခုတွင် နှစ်မြုတ်ရင်း မေ့ပင်အောက် ရောက်နေတတ်သည်။
၅၆။ ရွေးရင်းရွေးရင်းနှင့် နောက်ထပ်ရွေးစရာကိုထပ်မျှော
်နေတတ်ကြသည်။
၅ရ။ မိသားစုအားလုံး၏တာဝန် ကိုယ့်တာဝန်ဟု မှတ်ယူတတ်ကြသည်။
၅၈။ ကိုယ်တိုင်သာမက အားလုံးကအကြိုက်ညီတာမျိုးကိ
ု ရှာဖွေတတ်သည်။
၅၉။ တစ်ယောက်ယောက်၏ မပေးရသေးသောမှတ်ချက်ကိုပင် ကြို၍ကြောက်တတ်သည်။
၆၀။ အပြစ်ရှာမြန်တတ်သည်။
၆၁။ တစ်နှင့်တစ်ပေါင်းလျှင် နှစ်ထက်ပိုကြီးနိုင်သည် ဟု လက်မခံလိုကြ။
၆၂။ ခံစားချက်မရှိသူ ဟုအပြောခံရမှာကြောက်တတ်ကြသည
်။
၆၃။ ခံစားချက်ရှိသူ ဟုပြောလျှင်လည်း မကြိုက်တတ်ကြ။
၆၄။ ဘယ်တော့စားရမလဲ ဟုမေးလျှင် (စိတ်ထဲက) ကြေနပ် နေတတ်ကြသည်။
၆၅။ ပစ္စည်းများကို တစ်ယောက်ကိုင်အဖြစ်ပဲ သုံးချင်တတ်ကြသည်။
၆၆။ သိပ်ကြိုက်သည့်ပစ္စည်းဆိုရင်
ပုံစံတူနှစ်ခုလောက်ဝယ်တတ်ကြသည်။
၆၇။ မည်သည့်အရာကိုမျှ ကိုယ် ကို တိုင်လောက် စိတ်မချချင်တတ်ကြပေ။
၆ဂ။ လူစိမ်းတွေကြားမှာ ခပ်တည်တည်ကြီးနေတတ်ကြသည်။
၆၉။ မိတ်ဆက်ပေးလျှင် ဟက်ဟက်ပက်ပက် မရှိတတ်ကြ။
၇၀။ ပထမဦးဆုံးတွေ့တာဖြစ်လျှင် ဆံပင်အစ၊ခြေသည်းအဆုံး ချက်စ်တတ်ကြသည်။
၇၁။ စားသောက်ဆိုင် တစ်ဆိုင်ရောက်လျှင် ပထမဦးဆုံးရေအိမ်ဝင်တတ်ကြသည
်။
၇၂။ လူရှင်းရာနေရာ ရှာ၍ ပုဆိုး၊ထမီ ကိုဖြန့်ပြီး သေသပ်အောင်ပြင်တတ်ကြသည်။
၇၃။ နှုတ်ခမ်းနီ(သို့) ခေါင်းဘီး နေရာတကာ ယူတတ်ကြသည်။
၇၄။ အကျည်းတန်မဟုတ်သော်လည်း မှန်ကြိုက်တတ်ကြသည်။
၇၅။ မည်မျှမှန်ကြည့်ပြီးသည်ဖြစ်
စေ အဆင်ပြေရဲ့လား ထပ်မေးတတ်သည်။
၇၆။ နောက်ကျောမလုံတတ်ကြချေ။
၇၇။ ထီ ကို လူမသိအောင် ထိုးတတ်ကြသည်။
၇၈။ ပိုက်ဆံ ကို လူမသိအောင် စုတတ်ကြသည်။
၇၉။ သီချင်းကို လူမကြားအောင် ဆိုတတ်ကြသည်။
၈၀။ သနပ်ခါး(မိတ်ကပ်)၊ပေါင်ဒါ(ေ
ခါင်းလိမ်းဆီ) မရှိမဖြစ်ဆောင်တတ်သည်။
၈၁။ အချော့ကြိုက်တတ်ကြသည်။
၈၂။ စိတ်ကောက်မြန်တတ်ကြသည်။
၈၃။ စိတ်ပြေဘို့ အချိန်တော်တော်ကြာအောင် ယူတတ်ကြသည်။
၈၄။ အားလျှင် ခြေသည်း၊လက်သည်း သ နေတတ်ကြသည်။
၈၅။ စ တာ၊ နောက် တာ ကို အတည်ဟု မှတ်ယူတတ်ကြသည်။
၈၆။ ချစ်သူစုံတွဲယုယုယယနေတာကို မြင်ပြင်းကတ်တတ်ကြသည်။
ဂရ။ လိုတာမရ၍ မဟုတ်ပဲရတာမလို၍ဟူသောလက်သုံ
းစကားကိုတွင်တွင်သုံးတတ်သည်
၈၈။ လူပျိုကြီး၊အပျိုကြီးဖြစ်ေြ
ကာင်း မကြေညာသော်လည်း သိနေစေချင်ကြသည်။

3 comments

  • kopauk mandalay

    September 6, 2010 at 4:28 pm

    မှန်လိုက်လေဗျာ။
    ရေးတဲ့သူကိုယ်တိုင်ကလူပျိုကြီးလားမှ မသိတာ။
    ဟုတ်တယ်ဟုတ်

  • ဆူး

    September 7, 2010 at 5:59 am

    ရေးထားတာ စုံနေတာဘဲ ကျန်ခဲ့တာ တခု ရှိသေးတယ် ချစ်သူကို သစ္စာရှိရှိ စောင့်ရင် အပျိုကြီး လူပျိုကြီး ဖြစ်သွားခြင်း ဆိုတာ လိုသေးတယ်

  • sususan

    September 7, 2010 at 11:18 am

    အမှတ်၈၈ထိပဲလား..၁၀ဝထိမရှိတော့ဘူးလား…

Leave a Reply