မိုဘိုင်းဖုန်းဟန်းဆက် နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူ ရာတွင် အခွန် ၅ ရာခိုင်နှုန်းကျ သင့်မည်ဖြစ်ပြီး အခွန်အတွက် တံဆိပ်ခေါင်း ခုနစ်ခုကို ဇွန်လ ၁ ရက်တွင် စတင်ကပ်ရမည်ဖြစ်ကာ အခွန်တံဆိပ် များအတွက် ကျပ် ၅၀၊ ကျပ် ၁၀၀၊ ကျပ် ၅၀၀၊ ကျပ် ၁,၀၀၀၊ ကျပ် ၅,၀၀၀ နှင့် ကျပ် ၁၀,၀၀၀ တန် ထုတ်လုပ်မည်ဖြစ်ကာ အခွန်တံဆိပ်ခေါင်းမကပ်ပါက နီးစပ် ရာ အခွန်ရုံးများသို့ တိုင်ကြားနိုင် သည်ဟု အဆိုပါဌာနက ဆိုထား သည်။

#credit

အခွန်ပေးရမှာကို မနှစ်မြို့တာမဟုတ်ပါဘူး…ဒါပေမဲ့တချို့ဆိုင်တွေရှိတယ်။ စားသုံးသူရဲ့ အခွန်တော့ကောက်တယ်..တံဆိပ်ခေါင်းမကပ်ပေးဘူး။ ကြားထဲက သူတို့အမြတ်စားနေကြ တာ တွေ့တွေ့နေရပါတယ်။ ဒီတော့ မနစ်နာရလေအောင် စာဖတ်သူတို့ရေ …ဘာဝယ်ဝယ်..ဘာစားစားဘောက်ချာတောင်းပါ။ တံဆိပ်ခေါင်းကပ်လားစစ်ပါ။ မကပ်ရင်တောင်းပါ။ တောင်းလို့မှမပေးရင် နီးစပ်ရာအခွန်ရုံးတိုင်ပါ။

Shar Thet Man

About Shar Thet Man

Shar Thet Man has written 268 post in this Website..