အခွန် …အခွန်….အခွန်

Mon LayApril 3, 20191min3490

မိုဘိုင်းဖုန်းဟန်းဆက် နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူ ရာတွင် အခွန် ၅ ရာခိုင်နှုန်းကျ သင့်မည်ဖြစ်ပြီး အခွန်အတွက် တံဆိပ်ခေါင်း ခုနစ်ခုကို ဇွန်လ ၁ ရက်တွင် စတင်ကပ်ရမည်ဖြစ်ကာ အခွန်တံဆိပ် များအတွက် ကျပ် ၅၀၊ ကျပ် ၁၀၀၊ ကျပ် ၅၀၀၊ ကျပ် ၁,၀၀၀၊ ကျပ် ၅,၀၀ဝ နှင့် ကျပ် ၁၀,၀၀ဝ တန် ထုတ်လုပ်မည်ဖြစ်ကာ အခွန်တံဆိပ်ခေါင်းမကပ်ပါက နီးစပ် ရာ အခွန်ရုံးများသို့ တိုင်ကြားနိုင် သည်ဟု အဆိုပါဌာနက ဆိုထား သည်။

#credit

အခွန်ပေးရမှာကို မနှစ်မြို့တာမဟုတ်ပါဘူး…ဒါပေမဲ့တချို့ဆိုင်တွေရှိတယ်။ စားသုံးသူရဲ ့အခွန်တော့ကောက်တယ်..တံဆိပ်ခေါင်းမကပ်ပေးဘူး။ ကြားထဲက သူတို့အမြတ်စားနေကြ တာ တွေ့တွေ့နေရပါတယ်။ ဒီတော့ မနစ်နာရလေအောင် စာဖတ်သူတို့ရေ …ဘာဝယ်ဝယ်..ဘာစားစားဘောက်ချာတောင်းပါ။ တံဆိပ်ခေါင်းကပ်လားစစ်ပါ။ မကပ်ရင်တောင်းပါ။ တောင်းလို့မှမပေးရင် နီးစပ်ရာအခွန်ရုံးတိုင်ပါ။