မင်္ဂလာပါ. ခရီးထွက်တော့မယ့်သူတွေအတွက် ကားငှားတော့မယ့် သူတွေအတွက် ကားငှားခါနီး လုပ်ဆောင်သင့် သည်များကို ပြောပြပေးချင်ပါတယ်။

ခရီးစဉ်

အရင်ဦးဆုံး ခရီးစဉ်ကိုစဉ်းစားပါ။ ကိုယ်ဘယ်သွားမယ်၊ လူဘယ်နှယောက်လဲ စသဖြင့်။

ကားစငှားပါ။

ဝန်ဆောင်မှုကောင်းလား။ Review ကရော ဘယ်လိုလဲလိုက်လံရှာဖွေပြီး ကားစငှားပါ။ ဒါခုခေတ်မှာ တော်တော်လေးခေတ်စားလာတာတွေ့ရတယ်။

ကားရွေးချယ်မှုမှန်ကုန်ပါစေ။

ကားငှားတော့မယ်ဆိုရင် မိမိမှာ လူဘယ်နှယောက်ပါမှာလဲ။ ၃ယောက်နဲ့ High way ခရီးသွားမယ်ဆို saloon လိုမျိုးသင့်တော်ပါတယ်။ ဒါပေမဲ့ လူက၁၅ယောက်နဲ့ အံစာတုန်းကားကို High way သွားတာမျိုးတော့မဖြစ်သင့်ဘူးထင်ပါတယ်။ ဘာလို့ဆို အံစာတုံးကားက ကားသမားအပါဆို ၁၄ခုံ ၁၅ခုံအတိ၊ အဝေးသွားရင် တစ်ယောက်ကို ခရီးဆောင်အိတ်က အနည်းဆုံး ၁ယောက် ၁လုံးပါလာမှာပဲ။ ၁၅ယောက်ဆို ၁၅လုံး။ ဘယ်လိုထိုင်ကြမလဲ။ ပစ္စည်းထားဖို့ကလည်း နေရာက ချန်ရဦးမယ်။ အဲလိုမျိုးဆို စေျးပိုပေးရလည်း ချောင်ချောင်ချိချိစီးလို့ရတဲ့ mini bus ဖြစ်ဖြစ်၊ ၂၄ယောက်စီးဖြစ်ဖြစ်ငှားပါ။ ခရီးဝေးဆိုတော့ သက်တောင့်သက်သာ နဲ့ထိုင်စီးဖို့လိုအပ်တယ်လေနော။

ကားအခြေအနေကိုလေ့လာပါ

ကားငှားခါနီး ကားအမျိုးအစား၊ အဲကွန်း၊ သန့်ရှင်းမှုရှိမရှိ၊ အနံ့အသက်ကောင်းမကောင်း ပါစစ်ပါ။ ယုံကြည်စိတ်ချရတဲ့ ကားအငှားဝန်ဆောင်မှုတွေစီကငှားရင်တော့ စစ်စရာမလိုဘူးပေါ့။

Extra Charge

ကားစငှားကတည်းက ကိုယ်သွားချင်တဲ့နေရာတွေကို ကြိုပြောပြီး ကားငှားပါ။ ဟိုရောက်မှ နောက်ထပ်တစ်နေရာသွားချင်တာမျိုးဆို extra charge ရှိလို့ပါ။

Contact တောင်းပါ

ကားငှားပြီးပြီ၊ ငွေလည်းချေပြီးပြီဆိုရင် ကားသမားဖုန်းနံပါတ် contact မဖြစ်မနေတောင်းပါ။

ကားငှားချိန်သိနေပါစေ

နယ်ဝေးသွားရင် အပြတ်ငှားလိုက်တာမို့ ကားငှားချိန်မသိသာပေမဲ့ ရန်ကုန်မြို့တွင်း (သို့) ၁ညအိပ်သွားတာမျိုးဆို ၁နေ့ကို ၁၀နာရီပဲသုံးလို့ရတယ်ဆိုတာသိထားဖို့လိုအပ်ပါတယ်။ တချို့ကား rental တွေက ၁၀နာရီဆို မနက်(၈)ဆို ညနေ(၆)ဆိုပြီးပါပြီ။ ကိုယ်က (၉)နာရီပဲစငှားငှား၊ (၁၀)နာရီပဲစငှားငှား ညနေ(၆)နာရီအထိပဲ။ (၆)နာရီကျော်ရင် extra ကြေးကောက်တတ်တဲ့ rental ရှိလို့ ကြိုမေးပါ။ တချို့ကား rental ကျ ဘယ်အချိန်ပဲစစ စတဲ့အချိန်ကပဲစတွက်လို့ (၁၀)နာရီပြည့်တဲ့အထိသုံးလို့ရတဲ့ကား rental မျိုးကို ရှာပြီး ငှားပါ။

အထက်ပါအချက်အလက်တွေအကုန်စုံစိနာဖာသိပြီးပြီဆိုရင်ကော ကားငှားပြီး ခရီးစထွက်လို့ရပါပြီ။

အဲ…ငှားမယ်ဆိုရင် ပြောနော်…ကားတွေငှားပါတယ်လို့။


Shar Thet Man

About Shar Thet Man

Shar Thet Man has written 268 post in this Website..