Private ကား ငှားခြင်းရဲ ့ အားသာချက် 🎆🎇🎆🎆

Mon LayApril 5, 20191min1400

တချို့တွေက ခရီးသွားရင် လိုင်းကားတွေစီးပြီး လက်မှတ်ဖြတ်သွားကြတယ်။ တချို့ကလည်း ဘုရားဖူးကားတွေနဲ့သူများတွေနဲ့စုပြီး သွားတတ်ကြပေမဲ့ ကိုယ်ပိုင်အုပ်စုနဲ့ သွားရင်၊ ကား ငှားရင် ဈေးကြီးတယ်ကွာဆိုပြီး မငှားကြတော့ဘူး။ တကယ်က ကိုယ်ပိုင်အုပ်စုရှိပြီဆို အပြင်မှာကားသက်သက်ငှားတာက ပိုပြီးလွယ်ကူ အဆင်ပြေနိုင်ကြောင်း ကို ပြောပြပေး ချင်ပါတယ်။ 😀😀😀

🚗 လွတ်လပ်မှုရှိတယ်

ကိုယ်ပိုင် private car ငှားတဲ့အတွက်ကြောင့် ကိုယ်သွားချင်တဲ့နေရာ ကို ကားသမား ကို ပြောပြီးသွားလို့ရတယ်။ ကိုယ်ရပ်ချင်တဲ့နေရာမှာ ရပ်လို့ရတယ်။ သွားချင်တဲ့အချိန်ထသွား၊ ထပြန်လုပ်လို့ရတယ်။

🚗 စမတ်ကျတယ်

ခရီးကိုစမတ်ကျကျနဲ့သွားလို့ရတယ်။ ကားငြိ်မ့်ငြိမ့်လေးပေါ်ကနေ စမတ်ကျကျလေး ဆင်းလာ၊ပြန်တက်လုပ်လို့ရတယ်။

🚗 သက်တောင့်သက်သာရှိတယ်

ကားထဲမှာ ခြေဆင်းပြီးပဲအိပ်လာလာ၊ ပက်လက်လှန်ပြီးပဲထိုင်လာလာ သက်တောင့်သက်သာရှိတယ်။

🚗 ကားသမားကောင်းဖြစ်တယ်။

အတွေ့အကြုံရှိတဲ့ကားသမားဖြစ်လို့ ကိုယ်ကစိတ်အေးလက်အေးနဲ့ လိုက်ပါလို့ရတယ် ။စေတနာ၊မေတ္တာကိုအရင်းခံပြီး မောင်းလို့စိတ်ချမ်းသာနိုင်တယ်။

ဈေးနှုန်းလည်းသူ့ဈေးနဲ့သူ သင့်တင့်တယ်။ရေသန့်ဘူး၊ စနိုးတာဝါတွေလည်းပါတယ်။ အဲဒီတော့ ခရီးသွားရင် ကိုယ်ပိုင်ကားလေးငှားပြီးသာ သွားလိုက်တော့နေ်ာ။